ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နှုတ်ကလုပ်နေတဲ့ ကံ



"၀စီဗေဒ- ထိတိုင်းရှ" သတဲ့. . .
နှုတ်က လုပ်နေရတဲ့ ကံကတော့ ၀စီကံပါပဲ. . .လောကလူသားတွေဟာ မပြောမတီး ၊ မတီးမမြည်မို့ ပြောစရာရှိတာ ပြောကို ပြောရပါတယ်. . . အချို့ကအမှန်ပြောတယ်. . . အချို့ကတော့ လိုအပ်မှုပေါ် အကြောင်းပြပြီး လိမ်ညာပြောတယ်. . . . မုသားမပါ လင်္ကာမချော ရယ်လို့ သဘောပိုက်ပြီး ပြောလိုက်ကြတယ် . . . . မုသားစွက်လို့ သူများဘက်က နစ်နာသွားရင် ၀စီကံအပြစ်ကို ကျူးလွန်မိတာပါပဲ. .

အချို့က လွယ်လွယ်ပြောပြီး လွယ်လွယ်ပဲ ကျူးလွန်နေတယ်. . . စကားပြောတယ်ဆိုတာ ကာယကံမြောက် လုပ်ကိုင်ပေးရတာလောက် . . မပင်ပန်းဘူး . . . .နှုက်နေပဲ စိုက်ထုတ်ရတယ်. . သိပ်မပင်ပန်းတော့ စိတ်ထင်ရာ မှန်းပြီး ကိုယ်ပြောချင်ရာ မုသားပြောတာပဲ . . ကိုယ့်အကျိုးအတွက် အပိုတွေ တိုးစွက်လို့ မဟုတ်မမှန်တာတွေ ပြောတော့တာပဲ. . .

စကားအမှားပါရင် ငါးပါးသီလထဲက တစ်ပါးပျက်တာပါပဲ. . ၀စီကံ အမှုကို မထိန်းသိမ်းလို့ စီးပွားရေး နဲ့ ကြီးပွားရေးမှာ မဖြစ်ထွန်း မအောင်မြင်သူတွေ ရှိကြပါတယ်. . . . အပြောမမှန်သူ ဆိုတာ လောကမှာ ဘေးဖယ် ခံရတတ်တာ. . အမှန်ပါပဲ. . လိမ်ညာပြောဆိုတတ်မှန်း သိလာတဲ့ အခါ အမှန်ပြောလည်း လက်မခံ မယုံကြည်ချင်တော့ ပါဘူး. . .

စကားအယုတ်အညံ့တွေနဲ့တအား နှုတ်မဆန့်အောင် ပြောနေတတ်သူတွေဟာလည်း ၀စီဗေဒ ထိတိုင်းရှ နေတာ ပါပဲ . . ဖရုသ၀ါစာဖြစ်တဲ့ ယုတ်ယုတ်မာမာ၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတဲ့ စကားမျိုးဟာ ငရဲသွားရအောင် ပြောတဲ့ စကားမျိုး . . ငရဲမသွားရသေးချိန်မှာလည်း လူမုန်းခံရပါတယ်. .

ပိသုဏ၀ါစာဖြစ်တဲ့ ကုန်းတိုက်စကားမျိုးဟာလည်း ငရဲသွားရမယ့် စကားမျိုးပဲ. . ကိုယ်ကုန်းတိုက်လို့ သူများ ကွဲကွဲ၊ မကွဲကွဲ ကိုယ့်မှာတော့ အပြစ်ရသွားပြီ ဖြစ်တယ်. . (ပိသုဏ၀ါစာ ဟာ ကုန်းချော ခံရတဲ့ လူနှစ်ဦး ကွဲပြားမှ သာ ကမ္မထမြောက်တယ်. )

သမ္ဖပ္ပလာပဖြစ်တဲ့ သူများအကျိုး ထိခိုက်တဲ့ စကားမျိုးကလည်း ငရဲသွားရမယ့် စကားမျိုးပါပဲ. . . မုသာဝါဒဖြစ်တဲ့ မဟုတ်မမှန် လုပ်ကြံပြောတဲ့ စကားကလည်း ငရဲသွားရမယ့် စကားမျိုး ကိုယ်လိမ်ပြောလို့ အလိမ်ခံရသူ အကျိုးစီးပွား ထိခိုက်ရင် ကမ္မပထမြောက်တယ်. . . မုသာဝါးကိုယုံလို့ ပုံမိသူတွေရဲ့ ဒုက္ခဟာ ကြီးမားသလို ပြင်းထန်စွာ ခံစားရတတ်ပါတယ်. .

ဝစီကံ အမှားဟာ အကုသိုလ်ကံကို သွားပါတယ်. . . အကုသိုလ်ဖြစ်ပါတယ်. . . လွယ်လွယ်နှုတ်ကပြောပြီးဖြစ်တဲ့ အကုသိုလ်ပါပဲ. .

အကုသိုလ်ဖြစ်တဲ့ အကုသလကမ္မပထ တရား (၁၀)ပါး ထဲမှာ-

၁. မဟုတ်မမှန်ပြောတာ
၂. ကုန်းစကားပြောတာ
၃. ယုတ်မာကြမ်းတမ်းတဲ့ စကားပြောတာ
၎. အကျိုးမရှိ သိမ်ဖျင်းတဲ့ စကားပြောတာ

အဲသည်လေးမျိုး ပါဝင်ပါတယ်. . .

ဝစီကံ အမှုကို စောင့်စည်းထိန်းသိမ်းနိုင်မှသာ ငရဲလွတ်မယ်. . အကုသိုလ်လွတ်မယ် . .

မှန်ကန် ချစ်ခင်နှစ်သက်ဖွယ် အလိမ္မာပါတဲ့ ပုလဲသွယ် စကားမျိုး ပြောနိုင်အောင် အမြဲကြိုးစားပြောကြရမယ်. .

''ငရဲစကား မပြောဘဲ ပုလဲစကား ပြောရမှာ ဖြစ်တယ်''


သုတေသီဘုန်းမြင့်သွေး

ပုံကို ဒီက ယူပါတယ်. .

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။