ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဘ၀မြင့်ချင်ရင် ဘ၀င်မမြင့်ရဘူး



ဆရာတော် သာမဏေကျော်ထံမှ "ဘ၀မြင့်ချင်ရင် ဘ၀င်မမြင့်ရဘူး" ဆိုသည့် ဆိုမိန့်ချက်သည် လူကြီးများရော လူငယ်များပါ အမြဲတစေ ရွတ်ဆိုနေသင့်သော အဆုံးအမတစ်ခု ဖြစ်ပါတသည်. . . . . အဘယ့်ကြောင့်ဆိုသော်. လူဆိုသည်မှာ အလွန်မေ့တတ်တဲ့ သဘောဖြစ်သည်. .. . ဘ၀င်မြင့်ခြင်းဆိုသည်မှာ မာန်မာနတက်ခြင်းပင် ဖြစ်သည်. . . မာန်မာန တက်၍ မိမိကိုယ်ကို ဟုတ်လှပြီ ဟု ထင်တတ်ကြသည်. .

မိမိကိုယ်ကို ဟုတ်လှပြီ ဟု ထင်သည့် အတွက် မိမိရောက်ရှိနေသော နေရာ မှ တစ်ဆင့်တက်အောင် ကြိုးစားဖို့ မေ့လျှော့သွားတတ်ပါသည်. . . . ပိုမိုပြည့်စုံသော သီလ ၊ သမာဓိ ပညာအားကို ဖြည့်ဆည်း နိုင်စွမ်း နည်းပါးသွားတတ်ပါသည်. .

ဘ၀မြင့်ချင်သော သူသည် တစေ ကြိုးစားအားထုတ်နေတတ်သူ ဖြစ်ရပါမည်. . ဤကဲ့သို့ ကြိုးစားအားထုတ်ရာ တွင် ငါဟုတ်လှပါပြီ အထင်ရောက်နေသော သူများသည် တိုးတက်မည့်လမ်းမှ ဖဲ့ဆင်းသွားသော သူ (သို့) လမ်းဘေးတွင် ထိုင်ကျန်ရစ်သူတို့နှင့် အလားတူပါသည်. . .

ထို့ကြောင့် သူ၏ဘ၀အခြေအနေသည် တိုးတက်သင့်သလောက် တိုးတက်မည်ထား ကျဆင်း၍သွားနိုင်သော အခြေအနေသို့ ရောက်သွားတတ်ပါသေးသည်. . လူအများစုသည် အခြေအနေကလေး နည်းနည်း ကောင်းလာ သည်နှင့် ငါလိုလူ ရှိသေးရဲ့လား ဟု နောက်ကို ပြန်ကြည့်တတ်သည်. . . ရှေ့ကိုသာ မျှော်ကြည့်တတ်ပါမူ. . . မိမိထက် အဘက်ဘက်က သာနေသူများ မရေတွက်နိုင်အောင် ရှိနေသေးသည်ကို မြင်ရမည်ဖြစ်ပါသည်. . . သို့သော် ဘ၀င် ကိုင်ကာ သူတစ်ပါးကို ဆရာလုပ်ရမည့်သူ မိမိက ဟိန်းဟောက်ရမည့် သူကိုသာ ရှာတတ်ချေသည်. . .

ထိုကဲ့သို့ ဘ၀ခရီးကို ချီတက်ရင်း နောက်သို့ပြန်လှည့်ကြည့်ကာ နေသောသူသည်. . . ခလုတ်ထိတတ်ပါသည်. . လမ်းကြောင်းကို မျက်ခြည် ပြတ်နိုင်သည်. . ခြေလှမ်းများ နှေးသွားနိုင်သည်. . . ဤသို့ဖြင့် ခရီးရောက်သင့်သလောက် မရောက်ဘဲ ဘ၀အခြေအနေသည်. မြင့်မားသင့်သလောက် မမြင့်မားတတ်ပေ. . .ထို့ကြောင့် ဘ၀မြင့်မားချင် သူများ သည် ဘ၀င်မြင့်သူများ မဖြစ်အောင် ကြိုးစားသင့်ပါသည်. .

ဒေါက်တာမတင်ဝင်း


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

1 comment:

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။