
သမီး
လူတစ်ယောက်ဟာ သူ့ဘ၀ သူပျော်နေမယ်
အနာဂတ်အတွက် အားတက် ရွှင်လန်းနေမယ်
စိတ်တည်ငြိမ် လန်းဆန်း အေးချမ်းနေမယ်
ဘာပဲ လုပ်လုပ် အောင်မြင်နေတယ်ဆိုရင်
လောကကြီးဟာ သူ့အတွက် သာယာလှပေနေတယ်လို့
သူ့စိတ်ထဲမှာ ထင်မြင်ယူဆနေလိမ့်မယ်
လူတစ်ယောက်ဟာ သူ့ဘ၀ သူမကျေနပ်ဘူး
အနာဂတ်ကင်းမဲ့ပျောက်ဆုံးနေတယ်
သောကများစွာနဲ့ စိတ်ဆင်းရဲနေမယ်
ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရမယ်ဆိုရင်
သူမြင်တဲ့ လောကကြီးဟာ
အကျည်းတန်နေတော့မှာပေါ့ကွယ်
တကယ်တော့
''ကိုယ်သိမြင်နေတဲ့ လောကကြီးဆိုတာ
ကိုယ့်စိတ်ရဲ့ ရောင်ပြန်ဟပ်ခြင်း တစ်မျိုးပါပဲ"
ဒါကြောင့်
လောကကြီးကို သမီးဘယ်လိုမြင်မှာလဲ
ဖေဖေသိချင်လိုက်တာ
ဖေဖေ
ကောင်းသန့်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

No comments:
Post a Comment
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .