ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လှောင်ချိုင့်ထဲကငှက်



ပြတင်းအနီး လှောင်ချိုင့်ထဲမှာ ရှိတဲ့ ငှက်ဟာ ညဘက်မှာ အမြဲ သီချင်းဆိုဆိုနေတယ်. .

ဒါကို လင်းနို့က ကြားပြီး သူ့ဆီပျံလာတယ်

ဘာကြောင့် "နေ့ဘက်မှာ သီချင်းမဆိုသလဲ. . မင်းသီချင်းဆိုတာကို ညဘက်မှာ တော့ ကြားနေရတယ်. . လို့. . " မေးပါတယ်. .

ငှက်က "အကြောင်းရှိလို့ ညဘက်သီချင်းဆိုတာပါ ဆိုပြီး "ရှင်းပြလိုက်တယ်. .

"ညဘက်မှသာ ကျုပ်က သီချင်းဆိုတယ်လေ. . . နေ့ဘက်မှာ သီချင်းဆိုရင် ရန်သူက မြင်နိုင်တာကိုး တဲ့
အခုမှတော့ နေ့နဲက ည ဆင်ခြင်နေဖို့၊ ရွေးနေဖို့ မလိုတော့ပါဘူး. . . .လှောင်ချိုင့်ထဲ မရောင်ခင်ကသာ ဒါကို သတိပြုရမှာပါ. . " လို့ လင်းနို့ကပြောပါတယ်...

သူအသိနောက်ကျသွားတာကို လင်းနို့ပြောမှာပဲ သင်ခန်းစာရလိုက်တော့တယ်

(ဒီပုံပြင်လေးကတော့ အမှားကို ပြုမိပြီးမှ ၀မ်းနည်းဖို့ရာ မလိုပါဘူးလို့ပြောတာပါ. . နောင်တ မရခင် က ဆင်ခြင်ရမှာပေါ့)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. ပုံပြင်လေးတွေက တိုပေမယ့် သင်ခန်းစာယူဖို့ ရည်ရွယ်ထားသလိုပါပဲ။

    ReplyDelete
  2. တိုတိုလေးနဲ့ထိမိတယ်ဗျာ... အီစွပ်ပုံပြင်တွေကတော့ စံတင်ရလောက်အောင်ကို ပညာပေးနိုင်ပါပေတယ်....


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. တစ်ခါတစ်လေတော့လည်း ကိုယ်လှောင်ချိုင့်ထဲ ရောက်နေတာကို မေ့လျော့နေတတ်တဲ့ သဘောဘဲထင်ပါရဲ့..
    သူများသတိပေးလိုက်မှ ကိုယ့်လက်ရှိအခြေအနေကို ပြန်သတိရမိတတ်တယ်လေ..
    ကိုယ့်ဘ၀ကို မေ့နေတတ်တဲ့သူတွေ လောကကြီးမှာ အများကြီးပါ..
    ဆင်ခြင်စရာပါဘဲ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။