ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဆွမ်းခံရင်းငှက်သင့်

သူငယ်ချင်းကိုကိုမောင်က ကျွန်မကို တက်ဂ်ထားပါတယ် သင်္ကြန်လည်းကျတော့မယ် ၁၂ ရက်နေ့ ကစပြီး ရုံးကလည်း ပိတ်ပြီဆိုတော့ ဘာရေးရမှန်းမသိတာနဲ့ နည်း၂စဉ်းစားရပါတယ်..
ဆွမ်းခံရင်းငှက်သင့်ဆိုတာက ကျွန်မမှာ သိပ်တော့ ကြီး၂မား၂မကြုံဘူးပါဘူး မတော်တဆ တိုက်ဆိုင်ပြီး ဖြစ်သွားတဲ့ အဖြစ်လေးတွေပဲရှိပါတယ်.. ..
ဒီစကားပုံကို ပုံပြင်လေး ၁ပုဒ်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် . .
တစ်ခါတုန်းက လူတစ်ယောက်ဟာ ကားလမ်းရဲ့တစ်ဖက်ခြမ်းမှာ. . . . အဖွားအိုတစ်ယောက် ရပ်နေတာကို တွေ့တော့ "ဒီအဖွားအို ခမျာ တုန်တုန်ချိချိနဲ့. . ဒီဘက်လမ်းကို ကူးရမှာ ခက်နေမှာပဲ ငါအဖွားအိုကို ဒီဘက်လမ်းကို ကူးလို့ရအောင် သွားတွဲမယ် "ဆိုပြီး သွားလိုက်ပါတယ်. . . .
ပြီးတော့ အဖွားအိုကို တွဲပြီး အဖွားကို ကို ဒီဘက်လမ်းမကို ကူးခဲ့ပါတယ် . . . ဒီဘက်လမ်းကို ရောက်တော့မှ "ကဲရောက်ပြီ အဖွားလို့ပြောတော့" . . . . အဖွား ကပြောလိုက်တာက "ငါ့တူရယ် ငါက ဟိုဘက်လမ်းကို ရောက်အောင် ခက်ခက်ခဲခဲ ကူးထားရတာတဲ့" သေရော အဲလိုမျိုးဖြစ်ပါတယ်. . . .
ကျွန်မလည်း အဲလိုအဖြစ်မျိုးဆန်ဆန်လေးတွေတော့ ဖြစ်ဘူးပါတယ်. . . . . . ခုအနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့. . . . ကျွန်မတို့ရုံးမှာ နှစ်ပတ်လည်နေ့အတွက် ထမင်းဝိုင်းအတွက ကျွန်မ ထမင်းဟင်းဝိုင်းကူချက်ပါတယ်. . . ဘုန်းကြီးဆွမ်းကပ်ဖို့ ဆိုတော့ ဟင်းတွေက တော့ရှယ်ပေါ. ( ပုဇွန်ထုပ်၊ ကြက်သား၊ ငါးကြော် သားရည်မကျပါနဲ့ )
အဲလိုချက်ရင်းနဲ့ ကြက်သားကို ကျွန်မက ဆား၊ အချိုမှုန့်၊ ဆနွင်းနယ်ထားပါတယ်. . . ချက်တော့မချက်ရသေးဘူးပေါ. လေ. . . . . ပြီးတော့ ရုံးက အန်တီကချက်တော့မယ် ဆိုပြီး လာပါတယ် သူကလည်း ဟင်းအိုးကို စပြီး ချက်တာပေါ့ ချက်နေရင်းနဲ့ နောက်ဟင်းတစ်မျိုးအတွက် စီစဉ်ပါတယ် အဲဒီမှာ သူက ဆားဆိုပြီး နိုက်လိုက်တဲ့ဘူးက ဆားမဟုတ်ပဲ . . . ဆားနဲ့ခပ်ဆင်ဆင်တူတဲ့ အပင်ထည့်တဲ့ ဓာတ်ဆားဘူးဖြစ်နေပါတယ်. .
အဲဒီတော့မှာ ကျွန်မကို သမီးနယ်ထားတဲ့ ကြက်သားကိုကြည့်စမ်း ဆားလား၊ ဓာတ်ဆားလားဆိုပြီး ပြူးပြူးပြာပြာ မေးပါတယ် အဲဒီတော့မှ ကျွန်မလည်း သေချာကြည့်ပြီး အန်တီး သမီးနယ် တုန်းက ဆားမှ ဆားစစ်စစ်ပါ အန်တီနယ်တော့မှာ ဘယ်က ဓာတ်ဆားကြီးဖြစ်တာလည်းလို့ ပြောလိုက်တယ် . . . ဒါပေမယ့် သူက ကျွန်မပြောတာကိုမယုံတော့ဘူး . . . မဖြစ်ဘူး မဖြစ်ဘူး သွန်ပစ်သွန်ပစ် ဆိုပြီး ကြက်သား တွေ ချက်ပြီးသားကို သွန်ခိုင်းပါတယ်. . .
ကျွန်မအတန်တန်ပြောပေမယ့် အန်တီကမယုံတော့ပါဘူး အဲဒါနဲ့ အဲဒီဟင်းအိုးကို စိတ်မကောင်းစွာနဲ့ သွန်လိုက်ရပါတယ်. . . သူ့ကိုရှင်းပြလည်းမရတော့ဘူး နင်နယ်တယ် ဓာတ်ဆားပဲဖြစ်မယ် ဆိုပြီး လုံးဝမစားရဘူး ဆိုပြီးပြောပါတယ်. . . .
ဒါနဲ့ကျွန်မလည်း စိတ်တော့မကောင်းဘူးပေါ့ စေတနာနဲ့နယ်ထား ချက်မယ်ဆိုပြီး လုပ်မယ်လို့ လုပ်ထားပေမယ့် . . . ဒီဓာတ်ဆားဘူး က ဘယ်ကနေဘယ်လိုရောက်လာလည်း စဉ်းစားမရတော့ပါဘူး . .
ကျွန်မလည်း စဉ်းစားတာပေါ့မျိုးစုံပဲ သူတို့ကိုလည်း ရှင်းလို့မရ၊ စေတနာနဲ့ လုပ်ပေမယ့် ဝေဒနာဖြစ်သွားရတယ်. . . .
ညနေဘက်ရောက်တော့မှ တရားခံကို မိတော့တယ်. . . . .ရုံးက မောင်လေးတစ်ယောက်က ဆားဘူးကိုယူ ပြီး သူကတခြားနေရာမှာ ထားပြီးတော့ . . . . ပြန်ထားတော့ အပြင်မှာထားထားတဲ့ ဓာတ်ဆားဘူးနဲ့ မှားပြီးပြန်ထားမိတာကိုး . . . .
ဟူးကျွန်မရင်မောသွားတာပဲ ဒါပေမယ့် အချိန်မှီသိလိုက်ရလို့တော်သေးတာပေါ. ကြက်သား ၁ပိသာလောက် တော့ ပါသွားတာပေါ့ရှင်. . . . . .

သူငယ်ချင်းကိုကိုမောင်ရေ ကြိုးစားပြီးရေးလိုက်ပါတယ်နော်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

6 comments:

  1. ကျေးဇူးဘဲ ပန်းကဗျာရေ။ မအားတဲ့ကြားထဲက ပင်ပင်ပန်းပန်း အချိန်ယူပြီး ရေးပေးတဲ့အတွက်။ ဖတ်လို့လဲ ကောင်းပါတယ်။ တစ်ခါတစ်လေမှာ အဲဒီလိုဘဲ စေတနာတွေဟာ ဝေဒနာဖြစ်သွားတတ်တယ်မဟုတ်လား။
    ကျနော်က ဘလော့ဂ်မိတ်ဆွေတွေ သိပ်မရှိလို့။ ရှိရင် ထပ်တဂ်ချင်သေးတာ။
    စိတ်ဝင်စားစရာကောင်းလွန်းလို့။ လူတိုင်း ဒီလိုအတွေ့အကြုံတွေ ရှိမယ်ဆိုတာ သိနေတယ်လေ။
    ဖြစ်တတ်တဲ့ သဘောလေးတွေမဟုတ်လား။

    နှစ်သစ်မှာ ပန်းကဗျာ လန်းဖြာ ၀မ်းသာပါစေ။

    ReplyDelete
  2. အဟေဟေး ဖြစ်ရမယ်။
    ဆားနဲ့ ဓာတ်ဆားက ဘာမှ သိပ်မကွာပါဘူး။
    ကျန်းမာရေးအတွက်တောင်ဓာတ်ဆားကို တကူးတက သောက်ပေးရ သေးတာ။ ခုတော့ ဟင်းတွေ နမြောစရာ ..

    နှစ်သစ်မှာ ၂-ယောက်သား ရွှင်လန်း ချမ်းမြေ့ပါစေ

    ReplyDelete
  3. နှမြေစရာနော်၊ တပိဿာလုံးပစ်ရတာ
    နောက်ဆို နမောနမဲ့ လုပ်နဲ့တော့နော်။

    ReplyDelete
  4. ဟိဟိ
    ဖြစ်တတ်ပါတယ်..။

    အေးဆေးပေါ့..။နောက်တော့လည်း အဆင်ပြေသွားတယ်ဟုတ်..။
    စိတ်မကောင်းစရာမတွေးနဲ့ 
    အကောင်းဆုံးလုပ်ခဲ့တယ်လို့ ပဲမှတ်ပေါ့

    ReplyDelete
  5. တုန်တုန်ချည့်ချည့် အဖွားအို လမ်းကူတဲ့ အကြောင်းလေး ဖတ်ပြီး ပြုံးမိပါတယ်။ ဒီလိုမျိုး လွဲချော်မှုတွေကလဲ လောကလူသားတွေမှာ များလှမယ် ထင်မိပါတယ်။ အားပေးနေလျက်။

    ReplyDelete
  6. တော်သေးတာပေါ့ ဓာတ်မြေသြဇာ မှုန့်နဲ့ မမှားတာပဲ ကျေးဇူးတင်ရဦးမယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။