ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အသက်ရှင်လျက်နဲ့မို့

တစ်ခါတုန်းက အလွန်တစ်ရာ ကြွယ်ဝချမ်းသာသော လူတစ်ယောက်သည် မိတ်ဆွေတစ်ဦးအား ပြောလိုက်သည်. . .
" ငါ့ကိုကွာ လူတွေက ဘာဖြစ်လို့ နှမြောတွန့်တိုတယ်လို့ ၀ိုင်းပြောနေကြတာလဲ. . . . ငါသေတဲ့ အခါကျတော့ ငါ့မှာ ရှိသမျှ ချမ်းသာသမျှအားလုံးကို လှူခဲ့တန်းခဲ့မှာပဲဟာ . . . "

ဒီတော့ သူ့မိတ်ဆွေက. . . .
"ဟုတ်ပါတယ်လေ. . . ဒါပေမယ့်မင်းကို ငါ ၀က်နဲ့နွားပုံပြင်လေးတစ်ပုံကို ပြောပြမယ်. . . . ၊နားထောင် သူငယ်ချင်း. . . . "
ဝမ်းနည်းပူဆွေးနေတဲ့ ၀က်ကလေး တစ်ကောင်က နွားတစ်ကောင်ဆီကို လာပြီး သူစိတ်မချမ်းမသာ ဖြစ်နေတဲ့ အကြောင်းကို ပြောပြသတဲ့. . . .
"လူတွေက မင်းရဲ့ကောင်းကြောင်း . . . စိတ်ကောင်း နှလုံးကောင်းရှိတဲ့အကြောင်းကို ပြောပြောနေကြတယ်ကွ. . . . မင်းကလူတွေအတွက် နွားနို့ပေးတယ် . . . ဒိန်ခဲပေးတယ် ဆိုတာ ငါမငြင်းပါဘူးကွာ. . . . ဒါပေမယ့် ငါ့အနေနဲ့ ဆိုရင် မင်းထက်တောင် ပိုပြီး လူတွေအတွက် ပေးသေးတာပဲ. . . အသားတွေ၊ အသွေးတွေ၊ အူတွေ၊ အသည်းတွေကွာ . . . ကုန်ကုန်ပြောမယ်. . . ငါ့တစ်ကိုယ်လုံး ဘာမှမကျန်ပါဘူး . . . ဒါပေမယ့် လူတွေက ငါ့ကို အကောင်းမပြောကြဘူးကွာ . . . . အဲဒါဘာ့ကြောင့်လည်းဟင် . . . "
အဲဒီတော့ နွားကအတန်ကြာစဉ်းစားပြီးမှ ပြောလိုက်တာကတော့. . . .
"ငါတော့ ဒီလိုထင်တယ်. . . . ငါပေးတာတွေက ငါအသက်ရှင်နေတုန်း ပေးတာမို့လို့ပဲဖြစ်မယ်ကွ. . ." တဲ့

တင်ဆွေမိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

7 comments:

  1. မသေခင်မှာ တတ်နိုင်သမျှ အလှူဒါန ပြုဖို့.. ကိုယ့်အနေနဲ့ သူတပါးကို ပေးနိုင်တာလေးတွေ ပေးဖို့ ပြောကြားပေးတဲ့ ဒီပို့လေး ဖတ်ခွင့် ရတာ ကျေးဇူးပါပဲ မပန်းကဗျာ။ လေးစားလျက်..
    အဆင်ပြေပါစေ။

    ReplyDelete
  2. ရှင် တုန်း share လုပ်တာလေးကို
    ယူသွားတယ်ဗျာ

    ReplyDelete
  3. အင်း.... ကျေးဇူးမသိတတ်သူတွေကတော့ သေသေ၊ မသေသေ
    ကျေးဇူးကိုမသိတာပါ။ ဘာပဲဖြစ်ဖြစ် ဖတ်မှတ်သွားပါတယ်ဗျို့။

    ReplyDelete
  4. သိပ်မှန်တာပါပဲ..။

    မသေခင် လုပ်သင့်လုပ်ထိုက်တာတော့လုပ်သွားသင့်တယ်...။

    ReplyDelete
  5. လူတွေရဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်နဲ့ အတ္တစိတ်ကို တိရိစ္ဆာန်တွေတောင် လက်ဖျားခါသွားရပုံပါပဲ ..

    ရှယ်ပေးလို့ ကျေးဇူး
    နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့
    (၂)ယောက်လုံး ပြည့်စုံပါစေ

    ReplyDelete
  6.ူလူတွေပြုသမျှ နုရတာကို သိနေတဲ့ တိရစ္ဆာန်တွေ သနားစရာပါ

    နှစ်သစ်မှာ ပျော်ရွှင်ပါစေ

    ReplyDelete
  7. အသက်ရှင်နေတုန်း ပေးသင့်တယ်။ မှန်၏

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။