ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရှဥ့်လေးတွေရဲ့သတ္တိ

လွန်ခဲ့သော ၁၅နှစ်ခန့်ကဖြစ်ပါသည် . . . ကျွန်တော်စာရေးဆရာ ပေါက်စဘ၀ . ၀င်ငွေမသေချာသေးသည့် အချိန်မှာ တိတ်ဆိတ်သည့်ပန်းခြံတစ်ခုထဲသို့ ကျွန်တော်ဝင်လာခဲ့သည်. . . ကျွန်တော့ အမျိုးသမီးနှင့်စေ့စပ်ထား သည်မှာ ၄နှစ်ရှိသွားပြီဖြစ်သည် သို့သော လက်ထပ်ဖို့မစဉ်းစားနိုင်သေး.
အဲသည် အခိုက်အတန့်မှာပင် ပန်းခြံထဲရှိသစ်ပင်မြင့်ကြီးထက်တစ်ခုမှ ရှဥ့်လေးတစ်ကောင် နောက်သစ်ပင်ကြီး တစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်. . . သူရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြီးမှာ သစ်ကိုင်းက သူနှင့် အတော်ပင် အလှမ်းဝေးသည်. . .မြင့်လည်းအမြင့်ကြီး သူလုပ်ပုံက စွန့်စားတာနှင့် မတူ သတ်သေဖို့ ကြံစည်နေသလားပင် အောင်မေ့ရသည်. . တကယ်လည်း သူခုန်သည့်အကိုင်းကြီးသို့မရောက်ပါ. .. လေထဲပြုတ်ကျလာသည် . . သို့သော အောက်ဘက်က နိမ့်သည့်သစ်ကိုင်း အနိမ့်တွင် ဘေးမသီရန်မခ သွားချိတ်မိသည် . . ပြီးတော့ ဘာမှ မမှုသလိုဟန်မျိုးနှင့် နဂိုရည်ရွယ်ရာ သစ်ကိုင်းကြီးဆီသို့ ပြေးတက်သွားသည်. ..
ခုံတန်းလျားပေးထိုင်နေသည့်  အဘိုးကြီးတစ်ယောက်ကလည်း သဘောကျစွာ မှတ်ချက်ချသည်. . . " အံ့သြစရာကွာ ဒီကောင်တွေခုန်တာ ကိုယ်အကြိမ်ပေါင်းရာချီ အောင်မြင်ဘူးတယ်.. အထူးသဖြင့် အောက်မှာ ခွေးတွေဝိုင်းနေလို့ မြေကြီးပေါ်ဆင်း မလာနိုင်တဲ့အချိန် မှာ ခုန်တယ် ဒါပေမယ့် လဲသွားတာပဲ. . . . ဒါပေမယ့် အဲဒီလိုကြိုးစားရင်း နာသွားတာ ဒုက္ခရောက်သွားတာ တစ်ခါမှ မတွေ့ရဘူးကွ " အဘိုးကြီးက ကျေနပ်အားရသော ဟန်ဖြင့်ရယ်သည်. . ပြီးတော့မှ " အေးလေ သစ်ပင်တစ်ပင်တည်းပေါ်မျာ ချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ " ဟုဆိုလေသည်. . .
သည်စကားကြားပြီး ကျွန်တော့ ခေါင်းထဲ အတွေးတစ်ခုဝင်သွားသည်. . . "ရှဥ့်တစ်ကောင်တောင် ရှိတဲ့ အခွင့်အရေးကို ရယူဖို့ကြိုးစားတယ် ၊ ငါကရှဥ့်လောက်သတ္တိမရှိဘူးလား "
ကျွန်တော်ကြာကြာမဆိုင်းပါ နှစ်ပတ်အတွင်းမှာပင် အမျိုးသမီးနှင့် လက်ထပ်လိုက်သည်. . . စာတွေကို နှစ်ဆ ဆလောက်မြန်အောင်ရေးသည်. ထို့နောက်တွင် မထင်မှတ်လောက်အောင် လျင်မြန်စွာ အောင်မြင်ခဲ့သည်. နှစ်အနည်းငယ်အကြာတွင် မိတ်ဆွေတစ်ဦးက စာပေဟောပြောရန် ကမ်းလှမ်းလာပါသည်. ကျွန်တော် အကြောင်းတစ်ခုပြပြီးငြင်းဆိုခဲ့ပါသည်. . .
သည်အချိန်တွင် ဇနီးက စကားတစ်ခွန်းဝင်ပြောပါသည်. . . "တစ်ခါတုန်းကရှဥ့်လေး တစ်ကောင်ရှိတယ်. . . မှတ်မိလား . . ." ဟူ၍. . . သူကခုန်ဖို့တိုက်တွန်းလိုက်ခြင်းဖြစ်ပါသည်. . . .မှန်သည် ကြိုးစားကြည့်ခြင်းဖြင့် အနာတရဖြစ်သွားနိုင်သည်မှ မဟုတ်တာ. . . သည်တွင် ကျွန်တော်ဆုံးဖြတ်ချက်ချပြီး စာပေဟောပြောပွဲ သို့လိုက်ခဲ့ပါသည်. ...
သည့်နောက်မှာတော့ လုပ်ငန်းသစ်တစ်ခုကို စွန့်စားပြီးလုပ်မလား . . . နေရာတွင်ပဲ ကုတ်တွယ်နေမလား စဉ်းစားရသည့်အခါတိုင်း ရှဥ့်လေးတစ်ကောင်ကို ကျွန်တော်ပြေးသတိရသည်. . . တစ်ဆက်တည်းမှာပင် အဘိုးအို၏ အသံကို နားထဲပြန်ကြား ယောင်လာမိပါသည်. . . .
သို့နှင့် ကျွန်တော် အကြိမ်ကြိမ် ခုန်ဖြစ်ခဲ့ပါသည်. ... သည်လိုခုန်ရင်းက ရှဥ့်လေးတွေ ဘာကြောင့် မကြာခဏခုန်ကြ သလဲဆိုတာပါ ကျွန်တော်သဘောပေါက်လာပါသည်. ..

ခုန်ရတာပျော်စရာပေကိုး

ဖေမြင့်( နှလုံးသားအာဟာရ)
(Oscar Schisgall ၏ Once Teree Was Squirrel) ကိုဘာသာပြန်ပါသည်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

11 comments:

  1. ဟေဟေး ..
    အတုယူစရာ သတ္တိလေးပါလား .. ဒါဆို ပျိုပျို ဘ၀က လွတ်ပီဝေ့ ..
    (နောက်တာ လုပ်ရဲသေးဘူး)
    ဆိုလိုရင်း အဓိပ္ပါယ် ကောင်းလေး မှတ်ယူသွားတယ်။

    လိုရာပန်းတိုင် အမြန်ရောက်နိုင်ပါစေ

    ReplyDelete
  2. ဇွဲမလျှော့တဲ့ ရှဥ့်ကလေးဖြစ်ချင်တယ်။
    ကြိုးစားကြည့်မယ်
    ကျေးဇူးပါဗျာ

    ReplyDelete
  3. မေ၁၆ ရေ
    ဒီစာစုလေးကို စာအုပ်မှ အရင်ဖတ်ကတည်းက ကြိုက်ပါတယ်။
    ဖော်ပြပေးလို့ကျေးဇူးပါ။

    ReplyDelete
  4. စာရေးဆရာဖေမြင်ရဲ့စာတွေကို ဖတ်ဖူးတဲ့အထဲမှာ
    ဒီတပိုဒ်မပါခဲ့ဘူး။
    ဖတ်ရတာကြိုက်တယ်။

    ReplyDelete
  5. ဒီစာလေးဝေမျှပေးတာ ကျေးဇူးပါကြိုက်တယ် ။

    ReplyDelete
  6. ကျနော် လည်း ခုန်ကြည့်ဦးမယ်..မှတ်သားသွားပါတယ်ဗျာ :c:

    ReplyDelete
  7. စာကောင်းလေး ဖတ်သွားတယ်။ ဝေမျှပေးတဲ့အတွက် ကျေးဇူးနော်။

    ReplyDelete
  8. လိုက်မမှီတော့ဘူး...။
    ဘာလို့ အဲ့လောက်တောင်တော်နေကြတာလည်း..။

    စာကောင်းလေးတွေ တင်ပေးတတ်တာ ကို အရမ်းကျေးဇူးတင်တယ်..။
    ဒီပိုစ်လေး လည်း အရမ်းကြိုက်တယ်

    ReplyDelete
  9. အင်း.. မှတ်သားစရာပါပဲဗျာ။ဖတ်မှတ်သွားပါတယ်။

    ReplyDelete
  10. ဆရာဖေမြင့်ဘာသာပြန်တာတွေကို အရမ်းကြိုက်ပါတယ်... အခုလို ဖော်ပြပေးတာ အရမ်းကောင်းပါတယ်... မဖတ်ရတာ ကြာပြီလေ...

    ReplyDelete
  11. ဖတ်မှတ် ပြီး မခုန်ကြည့်ဘူး မောမှာစိုးလို့

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။