ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အကြမ်းထည်မုသား

မကြာသေးခင်က ကုမ္ပဏီ တစ်ခုရဲ့ ၀န်ထမ်းတွေ လျှော့ချလိုက်တော့ မိတ်ဆွေလင်မယားနှစ်ယောက် လောလော ဆယ်မှာ အလုပ်လက်မဲ့ဖြစ်သွားတယ်. . . ပညာတတ်တွေပါ. . . ယောက်ျားကတော့ ခပ်အေးအေးသမား . . မိန်းမက ပစိပစပ် အလွန်များတယ်. . . နေရာတကာ ဟိုစပ်စပ် သည်စပ်စပ်.. . ပါးစပ်ကလည်း ဖွာသလားမမေးနဲ့ စကားတွေကလည်း ကျွံ့သလားမမေးနဲ့. . . လင်မယားနှစ်ယောက်ကို မြင်ရတာ အပူနဲ့ အအေး ဒွန်တွဲ ပြီးမြင်နေရသလိုပဲ . . .

ယောက်ျားကတော့ ကိုယ့်ဝင်ငွေနဲ့ကိုယ် အခြေအနေကြည့်ပြီး သားသမီးတွေကို နီးစပ်ရာ စာသင်ကျောင်းကလေးမှာပဲ ဆက်ထားချင်တယ်... မိန်းမဖြစ်တဲ့သူက သားသမီးတွေကို သူအလုတ်မပြုတ်ခင်က ကတိပေးထားတဲ့ အတိုင်း ကောင်းပေ့ ညွန့်ပေ့လို့ နာမည်သိပ်ကြီးတဲ့ အထက်တန်းကျောင်းကြီး တစ်ကျောင်းမှာ ပြောင်းထားချင်တယ်. . . ကျွန်တော့ အသိကျောင်းဆရာကြီးတစ်ယောက် အဲဒီကျောင်းမှာ ရှိတာ သိတော့ အဲဒီ့မိန်းမက ဆရာကြီးအိမ် ပို့ပေးဖို့ပြောတာနဲ့လိုက်ပို့ရတယ်.

သူတို့လင်မယားရယ် ကျွန်တော်ရယ် ဆရာမအိမ်ရောက်သွားတော့ ကျောင်းအပ်ဖို့ ကိစ္စက အဆင်မပြေပါဘူး . . ချက်ချင်းမပြန်ဘဲ ထွေထွေလီလီ စကားတွေ ဆက်ပြောရင်း သူတို့ လင်မယား အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီက မန်နေဂျာတစ်ယောက် မကောင်းကြောင်းကို စကားလမ်းကြောင်းပြောင်းသွားတယ်. . . မကြာသေးခင်က ငွေကြေးကိစ္စနဲ့ အဲဒီမန်နေဂျာဟာ ပြသာနာ တစ်ခုဖြစ်လို့ အလုပ်ပြုတ်သွားတဲ့ သတင်းကြားရတယ်တဲ့. .

သူတို့ကို ဒုက္ခပေးလိုက်တဲ့ မန်နေဂျာ အခုလို ပြသာနာ ဖြစ်ပြီး ဒုက္ခတွေ ရောက်တာကြားရတော့ ၀မ်းလည်းမသာ ၀မ်းလည်းမနည်းမိပါဘူးလို့ အဲဒီမိန်းမကပြောနေတယ်. . . . ပြီးတော့ပြန်လာကြတယ်. . .
ကျွန်တော့ရင်ထဲမှာ ဘ၀င်မကျတာက ဆရာကြီးနဲ့ ဘာမှမဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ဘာလို့ စကား ဆက်ကျွံနေရတာလဲ. . .

"လူတစ်ယောက်ဒုက္ခရောက်တာကို ၀မ်းလည်းမသာ ၀မ်းလည်းမနည်းပါဘူးလို့ ပြောတာ မုသားပါ..."

"၀မ်းသာရင် သာတယ်" . . . "၀မ်းနည်းရင် နည်းတယ်." . . ဒီနှစ်မျိုး ပဲရှိရမယ်. . . ကျွန်တော်ကတော့ သူဝမ်းသာနေရတယ် ဆိုတာ သိနေတယ်. . . . ဘာကြောင့်လည်းဆိုတော့ သူ့ကို အလုပ်ဖြုတ်လိုက်တဲ့ လူမဟုတ်လား . . . သူ့မုသားက မသေသပ်ပါဘူး . . . . လူတိုင်း မှန်ကန်သော စိတ်ထားရှိတာ အကောင်းဆုံး မဟုတ်ပါလား . . .

ဆောင်းဝင်းလတ် (ရသအတွေး)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

12 comments:

  1. အမှန်တွေချည်းပြောနေပါလားဟေ့
    လူဆိုတဲ့အမျိုးက ကိုယ့်ကိုဒုက္ခရောက်အောင်လုပ်တဲ့သူ ဒုက္ခရောက်ရင် အနည်းနဲ့အများတော့ဝမ်းသာကြာမှာပဲဗျ ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်တွေကိုးဗျ ဒီ

    ReplyDelete
  2. ပန်းကဗျာရေ ..

    မုသားမပါ လင်္ကာမချော ဆိုတဲ့ စကားက အဲဒီအစ်မကြီး အတွက် ဖြစ်မယ်ထင်ပ။ လူရဲ့ ဗီဇဆိုတာ ဖျောက်ဖျက်ရ ခက်သားပါ။ ဘာပဲ ဖြစ်ဖြစ် စိတ်ရင်းအမှန်နဲ့ ပြောဆိုဆက်ဆံနိုင်ရင်တော့ လောကကြီး တစ်ခုလုံး သာယာနေမှာ အမှန်ပါ ..

    ပြန်ဖော်ပြပေးလို့ ကျေးဇူးနော်

    ReplyDelete
  3. လူဆိုတာ ကိုယ့်ဘ၀ အကြောင်းနဲ့ကိုပေါ့။ အားလုံးကို မုဒိတာ တရားထားနိုင်ရင် အကောင်းဆုံးပေါ့နော်။

    ခင်တဲ့
    မေတ္တာရောင်ပြန်

    ReplyDelete
  4. ဖက်ရှုသွားပါတယ်
    မုသားကင်းချင်ပါတယ်။

    ReplyDelete
  5. ပန်းကဗျာရေ...
    Action speaks louder than word တဲ့။ သူ့သဘောသူဆောင်သွားမှာပါ။ မာယာတွေများတဲ့ လောကကြီးထဲမှာ မာယာစကားတွေလဲ တစ်ပုံတစ်ပင်ကြီးရှိနေမှာ သေချာပါတယ်။

    ReplyDelete
  6. မှတ်သားစရာလေးတွေ မှတ်သားသွားပါတယ်ဗျာ
    အဆင်ပြေပျော်ရွှင်ပါစေ

    ReplyDelete
  7. လူ့မနောကို မှတ်သား ဆင်ခြင် သွားပါတယ် အစ်မ ပန်းကဗျာ။ မျှဝေပေးတာ ကျေးဇူး။ အဆင်ပြေပျော်ရွှင်ပါစေ။ (ဝလုံးဝိုင်းဝိုင်း)

    ReplyDelete
  8. တကယ့်ကို တွေးစရာစာကောင်း တစ်ပုဒ်ပါ။ နောင်ကို “ဝမ်းလည်းမသာဘူး ဝမ်းလည်းမနည်းဘူး”လို့ ပြောမယ်ဆိုရင်တောင် သေချာစဉ်းစားပြီးမှ ပြောဖြစ်တော့မယ် ထင်ပါတယ်။ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ညီမလေး ပန်းကဗျာရေ...

    ReplyDelete
  9. စဉ်းစားစရာပဲ သူတို့ကိုဘာကြောင့် အလုပ်ထုတ်လိုက်တယ် ဆိုတာ မပါတော့ တမျိုး
    ဖြစ်နေတယ်။ ဖြစ်နိုင်တာကတော့ မိန်းမဟာ
    ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ရုံ မလုပ်ဘူးဆိုတာတော့ သေချာတယ်။

    ReplyDelete
  10. ငါးပါးသီလလုံအောင် စောင့်ထိန်းနိုင်မယ်
    လူတိုင်းအပေါ် မှန်ကန်တဲ့ စိတ်ရင်းနဲ့ ကြည့်နိုင်မယ် ဆိုရင် အကောင်းဆုံးပါပဲ။

    ReplyDelete
  11. လူတိုင်း မှန်ကန်သော စိတ်ထားရှိတာ အကောင်းဆုံးပါ။

    မှတ်သားသွားပြီ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။