ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အစားထိုးခြင်း


ကျွန်တော့ဆီကို မိတ်ဆွေ တစ်ယောက် ရောက်လာပါတယ်. . . သူ့ချစ်သူနဲ့ လမ်းခွဲလာတဲ့ အကြောင်း လာပြောပြတာပါ. . . မာနသံလေးကလည်း သူ့စကားလုံးတိုင်းမှာ ပျော်ဝင်လို့ နေပါတယ်..

"သူနဲ့ လမ်းခွဲရလည်း ၀မ်းနည်းစရာ မဟုတ်ပါ ဘူး ဗျာ. . . အစားထိုးစရာ မိန်းမတွေ အများကြီးပါပဲ  အစားထိုးလိုက် တာပေါ့. . . .ဘယ်ရမလဲ. . "

ဒါပေမယ့် ဗျာ. . .

"အစားထိုးတယ်ဆိုတာ လမ်းပေါ်က ချိုင့်ခွက် တစ်ခု ကို ရေဖြည့်ထားသလိုပါပဲ. .

အပေါ်ယံတော့ လမ်းက ချောလို့ပေါ့. နင်းမိရင် တော့. . ."

သူ့စကားကို အဆုံး မသတ်သေးပါဘူး. .

ငေးနေတဲ့ ညနေခင်းဟာ လွမ်းဆွတ်ဖွယ်ရာ အတိပြီးပါတယ်...

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။