ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အိုစာ မင်းစာ

ငယ်ရွယ် နုပျိုနေစဉ် အခါက ကြိုးစားပြီး ဥစ္စာကို မစုဆောင်း ၊ မရရှိခဲ့လို့ အသက်ကြီးလာတဲ့ အခါ  ပူပန် ၀မ်းနည်းရတယ်. . . သူတစ်ပါး တွေ ချမ်းသာနေကြတာကို ကြည့်ပြီး ကိုယ့်မှာ ဆင်းဆင်းရဲနဲ့ အသက်မွေးရတဲ့အခါ "ရှေးတုန်းက ငါဟာ ဥစ္စာကို မရှာခဲ့ရလေခြင်း" လို့ တွေးကာ ပူပင်ရတယ်။

ဒါကြောင့် အသက်ကြီးတဲ့အခါ ချမ်းချမ်းသာသာ အသက်မွေး လိုသူတွေဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ တရားနဲ့ အညီဖြစ်တဲ့ လယ်ထွန်ခြင်းစတဲ့ အလုပ်တွေကို လုပ်ကာ ဥစ္စာကို ရှာဖွေထားကြရပါတယ်။

ငယ်ရွယ်စဉ်အခါ ဆရာတွေထံ ချည်းကပ်ပြီး ငါဟာ ပြုလုပ်နိုင်တဲ့ ဆင်အတတ် စတဲ့ အတတ်ပညာတစ်ခုခု ကို မသင်ခဲ့ရလေခြင်းလို့ တွေးကာ ပူပန်ရတယ်။ အသက်ကြီးတဲ့အခါ အတတ်ပညာမရှိသူမှာ အသက်မွေးရတာ ဆင်းရဲတယ်။ အသက်ကြီးမှ အတတ်ပညာကို သင်ယူဖို့ မတတ်နိုင် ဒါကြောင့် အသက်ကြီးတဲ့အခါ ချမ်းချမ်းသာသာ အသက်မွေးလိုသူတွေဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ အတတ်ပညာကို သင်ယူထားကြရပါတယ်။ 

ငယ်ရွယ်စဉ်အခါမှာ ပညာလည်း ရှာရပါတယ်။ ဥစ္စာလည်း ရှာရပါတယ်။ အသက်ကြီးပြီး အိုမင်းလာပြီဆိုရင် ပညာရှာဖို့၊ ဥစ္စာရှာဖို့ အလွယ်ကူလှတော့ပါ။ ငယ်ရွယ်စဉ်မှာ ချောင်ချောင်နေ၊ ပေါ့ပေါ့နေသူတွေဟာ ကြီးလာတဲ့အခါ အဘိုးကြီး ၊ အဘွားကြီးဘ၀မှ အကျပ်တွေ့ကြရပါတယ်။ ငယ်ချောင် ၊ ကြီး ကျပ် ဖြစ်ကြရပါတယ်။   

ကြီးတဲ့အခါ ချောင်ချောင်လည်လည် ဖြစ်ချင်ရင် ငယ်စဉ်ကပဲ ကြပ်ကြပ်မတ်မတ် ကြိုးကြိုးစားစားနဲ့ ပညာကိုလည်း ရှာရပါတယ်။ ဥစ္စာကိုလည်း ရှာရပါတယ်။ 

ပုရွတ်ဆိတ်လေးတွေဟာ အင်မတန်မှ ၀ီရိယကောင်းကြတယ်။ အစာကို ကြိုတင် စုဆောင်းရှာဖွေတဲ့  နေရာမှာ စံနမူနာ ယူလောက်တဲ့ သတ္တ၀ါလေးတွေ ဟာ မိုးအခါ မရောက်ခင် အစာကို ကြိုတင်ရှာဖွေ စုဆောင်းထားကြသလို လူတွေဟာလည်း မအိုခင် ကပဲ ပညာကို လည်း စုဆောင်းရပါတယ်။ ဥစ္စာကိုလည်း စုဆောင်းရပါတယ်။ မစွမ်းဆောင်နိုင်တော့တဲ့ အခါမှာ စားသောက် နိုင်ဖို့ရာ ငယ်ရွယ်စဉ်ကပဲ အိုစာ မင်းစာ ရှာထားကြရပါတယ်။

 သာမဏေကျော်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

1 comment:

  1. လူငယ်တိုင်း ဖတ် မှတ် လိုက်နာသင့်တဲ့ တန်ဘိုးရှိတဲ့ စာစုလေးတွေပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။