ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဒုက္ခများတဲ့လူ

တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့ လမ်းတစ်လမ်းမှာ ဆုံပါတယ်. . သူက ရွှေလင်ပန်းနဲ့ အချင်းဆေးတယ် ဆိုရလောက်အောင် ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတာပါ. . . အခုအထိလည်း သူ့ရဲ့စီးပွား ဥစ္စာက ယုတ်လျော့သွားတယ်လို့ မရှိပါဘူး . . . တစ်နေ့တစ်ခြား တိုးပွားနေတဲ့ သတင်း၊ သူ့လုပ်ငန်းတွေ အောင်မြင်နေတဲ့ သတင်းကိုပဲ ကြားရတာပါ. . .

ဆုံတုန်း ဆုံခိုက် ထွေရာလေးပါး ပြောဖြစ်နေရင်းက ဒုက္ခတွေ အကြောင်း စကားစပ်မိသွားပါတယ်. .

သူငယ်ချင်း. . . . "အေးကွာ. . . ငါ့မှာ ဒုက္ခတွေက အတော်များတာ ကွ. . အခုပဲ ကြည့်လေ. . ငါ့ကားပျက်လို့ လမ်းလျှောက်လာရတယ်. . အဲဒီကားကို ၀ပ်ရှော့ပို့ဖို့ ကားတစ်စီးငှားရဥိးမယ်. . . . . အရေးထဲ ငါ့ Hand Phone ကလည်း ဘာဖြစ်သွားလဲ မသိဘူး . . . ခေါ်လို့မရတော့ဘူး. . . အလုပ်ကိစ္စအရေးတကြီး ချိန်းထားတာတွေ . .နောက်ကျကုန်တော့ နာမည်တော့ ပျက်ပါပြီကွာ. . . အိမ်ကလည်း ဆောက်နေတုန်း တန်းလန်း ငွေပြတ်. . ."

သူ့စကားကို ဆုံးအောင် နားမထာင်တော့ ပဲ သူ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်. . . . အချိန်ဘယ်လောက်ကြာ မှ ဆင်းရဲသား တွေရဲ့ ဒုက္ခအကြောင်းကို သူ့ကို ပြောခွင့်ရမယ် မထင်ပါဘူး. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


5 comments:

  1. သူ့အထွာနဲ့ သူတော့ ပြဲနေကြတာပါဘဲလေ။ သနားလိုက်ပါ။
    ချမ်းသာတဲ့သူတွေက ဆင်းရဲတဲ့သူတွေလောက် ဒုက္ခကို မခံစားနိုင်ကြဘူးလေ။

    ခင်မင်လျှက်

    ReplyDelete
  2. တော်သေးတယ်.. ကိုယ့်ဆီက ပိုက်ဆံ ပြန်မချေးသွားတာ... :D

    ReplyDelete
  3. ဟုတ်တယ် လူတွေက ကိုယ့်ဒုက္ခမှ ကိုယ့်ဒုက္ခ အကြီးကြီးလို့ မှတ်ကြတာ
    သူတစ်ပါးဘက် လှည့်တွေးပေးဖို့တော့ ခက်ကြတယ်
    ပိုက်ဆံရှိသူက ပိုဆိုးပါတယ်လေ

    ReplyDelete
  4. လူအမျိုးမျိုးစိတ်အထွေထွေပါ မေရေ။
    ဟာသဆိုပေမယ့် ဖြစ်ရပ်မှန်တွေအများကြီးပါပဲး)
ိစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ပိုင်ဆိုင်မှုများရင် ဒုက္ခပိုများပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။