ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့

သမီး. . .

ဘ၀ခရီးလမ်းတစ်လျှောက်မှာ
တစ်ကွေ့မဟုတ် တစ်ကွေ့
တစ်ချိန်မဟုတ် တစ်ချိန်
အချစ်နဲ့ ပတ်သက်ပြီး
စိတ်ဆင်းရဲ သောက ကြုံတွေ့ရတတ်တယ်

အဲ့ဒီအခါမှာ စိတ်ထင်ရာ လုပ်ချင်တာမျိုး
ငိုယိုပြီး ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲတာမျိုး
ရူးကြောင်မူးကြောင်လုပ်မိတတ်တယ်
အဲဒီအခြေအနေမျိုး ကြုံတဲ့အခါ
ဖေဖေ့ကို သတိရလိုက်နော်

သားအဖချင်း ပြောပြရမှာ ရှက်လို့
ကြိတ်မှိတ်ပြိး ခံစားမနေနဲ့ ဦး
ဒါမျိုးက လူတိုင်းဖြစ်တတ်ကြတာပဲ
အဆန်းမှ မဟုတ်တာ .

အချိန်တန်တော့လည်း ပြီးသွားတာပဲ
ထမင်းစား မပျက်ပါဘူးကွယ်

တကယ်တော့ အချစ်ဆိုတာ ဘ၀မှ မဟုတ်တာ
ဘ၀ရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ မဟုတ်လား
အစိတ်အပိုင်းလေးတစ်ခုကြောင့်တော့
ဘ၀တစ်ခုလုံး မပြိုပျက်သင့်ဘူးပေါ့. .

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. ဟုတ်တယ်
    အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုပါဘဲ
    ဘဝပျက်တဲ့အထိတော့ မဖြစ်သင့်ပါဘူး
    ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဆိုပေမဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းထဲမှာ ပါပြန်ရော

    ReplyDelete
  2. အချစ်ဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့မရပဲ
    လစ်လျူရှုရခက်တဲ့ ဘဝရဲ့တစ်စိတ်တစ်ဒေသပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အချစ်ထဲကနေ အနှစ်ပါတဲ့ အရေးအသားတွေကိုတွေရတယ်။ သမီးလေးတွေအတွက် အကောင်းဆုံး လက်ဆောင်တွေပါ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။