ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဂီတကို နားဆင်ပါ

ဂီတဟာ လူသားတွေကို မတူခြားနားတဲ့ အဆင့်တွေ အမြောက်အမြားဆီကို ပို့ဆောင်ဆက်သွယ်ပေးနိုင်တာပါ. . ကျွန်မတို့ အနှစ်သက်ဆုံးဂီတဟာ ကျွန်မတို့ရဲ့ စိတ်ကို အနှစ်သက်ဆုံး နေရာထိရောက်အောင် ပို့ပေးနိုင်ခဲ့ပါတယ်. .

ပါမောက္ခတွေဟာ သူတို့အတန်းထဲက ကျောင်းသားတွေကို စမ်းသပ်မှု အဆင့်ဆင့်ပြုလုပ်ကြတဲ့ နေရာမှာ ဂန္ထ၀င်ဂီတ ပညာရှင်ကြီး မိုးဇက်ရဲ့ ဂီတ တွေကို ဖွင့်လှစ်ပေးလိုက်တဲ့အခါ ဘာတွေများ ဖြစ်သွားပါသလဲ. . . ကျောင်းသားတွေဟာ သူတို့အလုပ်တွေကို ပိုကောင်းအောင် လုပ်နိုင်ကြပါတယ်. . . ဘာကြောင့်များပါ လိမ့်. . သိပ္ပံပညာရှင်တွေက ဂီတဟာ ကျွန်မတို့ရဲက ဦးနှောက်ကို လှုံ့ဆော်ပေးတယ်ဆိုတာ တွေ့ရှိခဲ့ကြလို့ပါပဲ.

အချို့ သုတေသန ပြုချက်တွေအရ ဒီလို ဂီတရဲ့ အစွမ်းဟာ ကလေးငယ်လေးတွေ အပေါ်မှာပဲ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာတင် မကတော့ဘဲ တကယ့်လက်တွေ့ ဆန်းစစ်ချက်တွေအရ ဂီတဟာ အသက်အရွယ်မရွေး လူသားတွေ အားလုံးအပေါ် အကျိုးသက်ရောက်မှု ရှိနေတယ်လို့ သိရပါတယ်. .

၉၂ ရာခိုင်နှုန်းသော လူတွေဟာ သူတို့ နှစ်သက်တဲ့ ဂီတကို နားဆင်လိုကပြီဆိုရင် စိတ်အာရုံ ခံစားမှုဟာ အပြုသဘောဘက်ကို အကျိုးသက်ရောက်မှု ရှိကြပါတယ်. . .စိတ်အာရုံ တက်ကြွမှုနဲ့ ပျော်ရွှင်မှုတွေဟာ ဂီတာကို နားဆင်လို်က်ရင် ဖြစ်ပေါ်လာတဲ့ သဘာဝအလျောက် တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်. .

ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. ဂီတကို နားထောင်ရတာ ကြိုက်ပါတယ်.
    အိပ်ရင်တောင် ဘေးနားမှာ တိုးတိုးလေး ဖွင့်ထားမိတယ်။
    အပင်လေးတွေကို အဲဒီလို ဂီတလေးတွေ ဖွင့်ပေးရင်လည်း ကောင်းတယ် ကြားဖူးတာဘဲ။

    ReplyDelete
  2. ဂီတဆိုတာ စိတ်ကိုနူးညံ့ပျော့ပြောင်းစေတာတော့ အမှန်ပဲနော်။
    တီတင့်လည်း ဂီတကိုမြတ်နိုးတဲ့သူတစ်ယောက်ပါ မေရေ။
    မျှဝေပေးတာ ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။