ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကျီးကန်းလမ်းလျှောက်သည့် ပုံစံကျင့်စဉ်

ယခုတစ်ပတ်တွင် အဆစ်အမြစ် ကိုက်ခဲခြင်း၊ ဒူးနာခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည့် ကျီးကန်းလမ်းလျှောက် သည့် ပုံစံ ယောဂ ကျင့်စဉ်ကို ဖော်ပြလိုက်ပါသည်. .


လေ့ကျင့်နည်း

၁။ ဒူးခေါင်းကွေး၍ ဆောင့်ကြောင့်ထိုင်ပါ ။ ခြေနှစ်ဖက်ကို ပူးကပ်ထားပါ. . လက်နှစ်ဖက်က ဒူးခေါင်း ၂ ဖက်ကို ပိုက်ထားပါ (ပုံ-၁)

၂။ အသက်ရှုသွင်းပြီး ညာခြေကို ရှေ့သို့ တစ်လှမ်းလှမ်းပါ။ ဘယ်ဘက်ဒူးခေါင်းက အောက်သို့ နှိမ့်ထားရမည်။ အသက်ရှုထုတ်လိုက်ပါ။ (ပုံ-၂)

၃။ တစ်ဖန် အသက်ရှုသွင်းပြီး ဘယ်ခြေကို ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပါ။ ညာဘက် ဒူးခေါင်းကို အောက်သို့ နှိမ့်ထားပါ။ အသက်ရှုထုတ်လိုက်ပါ (ပုံ-၃)


၎။ အသက်ရှုသွင်းပြိး နောက်ဘက်တွင် ကျန်နေသော ညာခြေထောက်ကို ရှေ့ဘက်သို့ ပြန်ယူပြီး စုလိုက်ပါ။ အသက်ရှုထုတ်လိုက်ပါ။

၅။ အဆင့်(၁)မှ အဆင့် (၄) အထိ ကို ၁ ကြိမ်ဟု သတ်မှတ်ပြီး ၃ ကြိမ်အထိ ပြုလုပ်ပါ။

မှတ်ချက်

ရှေ့သို့ ခြေလှမ်းလှမ်းချိန်တွင် မလောပါနှင့်။ တဖြည်းဖြည်းချင်း ပြုလုပ်ပါ။
ခြေလှမ်းကို မကျဲစေပါနှင့်။ ခြေလှမ်းစိတ်ရမည်။
တင်ပါးကို နှိမ့်ထားပါ

ဤလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပေးပါက. . .

  • အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေပါသည်
  • အရိုးအဆစ်ထုံးကပ်ခြင်းကို ကာကွယ်ပေးသည်
  • ခြေချောင်း၊ ခြေဖျား၊ ခြေဖနောင့် ခြေချင်းဝတ်နှင့် ဒူးခေါင်းကို သန်မာစေပါသည်

နန်းဆုကေဆွမ် ယောဂသင်တန်း

Health Digest

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. ကျေးဇူးပဲ မေရေ တီတင့်လည်း ညာဖက်ဒူးဆစ်နာနေလို့ အတော်ပဲ ယောဂကျင့်စဉ်လေးတစ်ခု လက်တွေ့အသုံးချမယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ယောက်ျားလေးတွေလဲ အဲဒီကျီးကန်းလမ်းလျှောက်နည်းကို အသုံးပြုလို့ ရလား မသိဘူး။

    ခင်မင်လျှက်

    ReplyDelete
  3. ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတလေးဖတ်လိုက်ပါတယ်ရှင်

    ReplyDelete
  4. Thank you for this post.

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။