ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လူမိုက်ကိုကြောက်သော ဦးပေါ်ဦး

"ငါဟာ . . . .ရေမြေ့သခင်၊ သက်ဦးဆံပိုင်၊မင်းဧကရာဇ် ဖြစ်တယ်ဆိုတာ မောင်မင်းသိရဲ့လား . . ပေါ်ဦး. . ."

"သိကြောင်းပါဘုရား. . . ."

"ပါးစပ်ကသာ သိတယ်လို့ပြောတယ်. . . မောင်မင်းကို ကြည့်ရတာ ငါ့ကို ကြောက်ပုံမရဘူး. . . ငါကဲ့သို့ ဘုရင်ထက် ကြောက်ရမည့်သူများ ရှိရဲ့လား ပေါ်ဦးရဲ့. . . ."

ဘိုးတော် ဦးဝိုင်းက မေးသည်. .

သက်ဦးဆံပိုင် ဘုရင်ကိုပင်လျှင် တစ်ခါတစ်ရံတွင် ဦးပေါ်ဦးသည် ဇွတ်တရွတ် လျှောက်ထားတတ်သည်. . ထို့ကြောင့် ဦးပေါ်ဦးကို သတိပေးလိုစိတ်ဖြင့် ဘိုးတော် ဦးဝိုင်းကမေးနေခြင်း ဖြစ်ပါသည်. . .

"မှန်လှပါ အရှင်ဘုရား . . . .ဘုရင်ထက် ကြောက်ရတဲ့သူ ရှိကြောင်းပါဘုရား . ."

"ဟေ. . ငါဘုရင်ထက်ကြောက်ရတဲ့သူရှိတယ်. . . ဟုတ်စ. . . ဘယ်သူများပါလိမ့်ကွယ်. . . . "

"လူမိုက်ပါ ဘုရား. . ."

"ဘာကြောင့်များလဲကွယ်. . ."

"မှန်ပါ. . . ဘ၀ရှင် မင်းတရားကြီးသည်. . .ရှင်ဘုရင်ဖြစ်သည့်အတွက် တွေးတော ဆင်ခြင် နှိုင်းဆတတ်ပါသည်. . . ဘုရား . . . လူမိုက်ဆိုသူများကတော့ . . တွေးတောဆင်ခြင် နှိုင်းဆတတ်ခြင်း မရှိ. . . ဥာဏ်အမြော်အမြင် မရှိကြောင်းပါ ဘုရား . . . ထို့ကြောင့် . . .ရှေးနောက် မတွေး၊ ရိုက်တတ်၊ သတ်တတ်၊ နှိပ်စက်တတ်သော. . လူမိုက်များကို ရှင်ဘုရင်ထက် ပို၍ ကြောက်မိကြောင်းပါဘုရား . . ."

ဦးပေါ်ဦးက လျှောက်ထားသည်. .

ဘိုးတော် ဦးဝိုင်းသည် ဦးပေါ်ဦး၏ လျှောက်တင်ချက်ကို လက်ခံရတော့သည်. . .

အကယ်၍ လက်မခံခဲ့လျှင် . .. တွေးတော ဆင်ခြင်ခြင်း မရှိရာ၊ ဥာဏ် အမြော်အမြင် မရှိရာ ရောက်ပေတော့မည်. . . .

"ဟုတ်ပါပေတယ် မောင်မင်း. . ."

ဦးပေါ်ဦး၏ လျှောက်တင်ချက်ကို ဘိုးတော် ဦးဝိုင်း လက်ခံရုံမျှတစ်ပါး အခြားမရှိပြိ

ဦးပေါ်ဦးလျှောက်ထုံးပုံပြင်များ


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. ဆင်ခြင်ဥာဏ်မရှိတဲ့ လူမိုက်တွေ အများကြီးဘဲ ဦးပေါ်ဦးကြောက်မယ်ဆိုရင်လဲ ကြောက်လောက်ပါတယ်။ ဦးပေါ်ဦးကတော့ လူမိုက်တွေကို ရှင်ဘုရင်ထက်ပိုကြောက်တယ်တဲ့။ တကယ်လို့များ ရှင်ဘုရင်က လူမိုက်ဖြစ်နေခဲ့ရင်တော့ ကြောက်ဖို့အကောင်းဆုံးပေါ့။

    ReplyDelete
  2. ဦးပေါ်ဦးရဲ့ လျှောက်ထုံးပုံပြင်တွေကို သဘောကျတယ် မေရေ။ နေကောင်းကြတယ်မဟုတ်လား မတွေ့တာကြာပေါ့း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. မင်းထက်နိုင်July 4, 2013 at 8:32 PM

    သင်္ခဏုပ္ပတ္တိဥာဏ် ဆိုတာ
    ဒါပါပဲဗျာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။