သား
ကိုယ့်ကို ကိုယ် ပုံသွင်းမရတာနဲက
သူတစ်ပါးကို ပုံမသွင်း နိုင်ဘူးလို့
တထစ်ချ ပြောလို့ရမလား
ဆံပင်ညှပ်သမား တစ်ယောက်ဟာ
ကိုယ်ခေါင်းက ဆံပင် ကိုယ်မညှပ်တတ်လို့
သူတစ်ပါး ခေါင်းက ဆံပင် မညှပ်သင့်ဘူးလို့
အပြစ်တင် သင့်သလား. .
အဖေက ပညာမတတ်လို့
သားကို ပညာတတ် ဖြစ်အောင်
ပုံသွင်း လေ့ကျင့်လို့မရဘူးလား .
ဖခင်တစ်ယောက်အနေနဲ့
သူချစ်တဲ့ သားကို
ပညာတတ်ကြီးဖြစ်အောင်
လူတစ်လုံး သူတစ်လုံးဖြစ်အောင်
သူစိတ်ကြိုက် ပုံသွင်းလေ့ကျင့်တာဟာ
နှိပ်စက် ညှဉ်းပန်းတာ မဟုတ်ပါဘူး
ဘယ်ပန်းပုဆရာမှ
သူ ထုလုပ်နေတဲ့ အရုပ်ကို
အမြင် မလှအောင် မလုပ်ဘူးဆိုတာ
သားနားလည်စေချင်ပါတယ်.
ဖေဖေ
ကောင်းသန့်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
အလည်လာသွာါးပါတယ်ခင်ဗျာ မတွေ့တာကြာလို့ စာတွေတောင်တော်တော်ဖတ်လိုက်ရတယ်:)
ReplyDeleteဒီစာလေးကို ဖတ်မိတော့ ...
ReplyDeleteစာရေးဆရာ အဆိုတော်
ရုပ် ရှင် သရုပ်ဆောင်
(ဦး)သုမောင် ရဲ့
ဆံပင် ညှက်ဆရာ
ကိုယ့်ဆံပင် ကို
ပြန်မညှက်တက်ပါ
ဆိုတဲ့ဝတ္ထုတိုလေးကို
သတိရမိတယ်