ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဗိမ္ဗိသာရမင်းသည် သူပုန်ထသောနေရာသို့ စစ်ဗိုလ်များကို စေလွှတ်နေပုံ

ဗိမ္ဗိသာရမင်းသည် သောတာပန်တည်ပြီးသော ကျောင်းဒကာဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်ရေး၌ စစ်တပ်ကို သာအားထားနေရသည်။ အခါတစ်ပါး၌ တိုင်းပြည်စွန်ဖျားဝယ် သူပုန်ထသဖြင့် လူအများထွက်ပြေးနေ ၇ကြောင်း၊ ရွာအများပင် ပျက်ပြားကုန်ကြောင်း ကြားရ၍ သနားခြင်း၊စိတ်ဆင်းရဲခြင်း ပြင်းစွာဖြစ်ရ လေသည်။ ထိုအခါ ထင်ရှားသော စစ်ဗိုလ်များကို ခေါ်၍ သူပုန်ရှိရာသို့ သွားဖို့ရန် အမိန့်ပေးပုံမှာ
“ ဂ စ္ဆထ ဘဏေ -အမောင်တို့ သွားချေကြ၊ပစ္စနံ ဥစ္စိနထ-သူပုန်ဘေးကြောင့် ထွက်ပြေးနေရသောရွာ တို့ကို အိမ်ချေရာချေတည်၍ စည်စည်ကားကားဖြစ်အောင် လယ် ယာကိုင်းကျွန်းများ လုပ်ကိုင်နိုင်ကြအောင် စောင့်ရှောက်ချေကြ” ဤသို့ သတ်ဖြတ်ဖို့အမိန့်မပေးဘဲ စောင့်ရှောက်ဖို့သာ အမိန့်ပေးလေသည်။ ထိုအမိန့်တော်အရ စစ်တပ်လည်းထွက်သွား၍ သူပုန်များကို ငြိမ်းအေးစေကာ ကောသ်းမွန်စွာပြန်လာလေသည်။

KING BIMBISARA SENDING FORTH MILITARY OFFICERS TO DISTURBED AREAS

King Bimbisara, although he was established in the first holy stage of the Aryan Path,had to depend chiefly upon his kingdom. At one time,there was an armed rising in the frontier areas and the people there had to run away elsewhere leaving their village, many of which were destroyed. This news made the King very sad and sorroy for the people of those parts. He therefore summoned the best military officers and ordered them to go out to the disturbed areas with these words of command:
“My officers, go ye to the areas where disturbances have taken place and people have field from the village, and restore law and order and give people protection so that they can live safely in their villages and works their fields again under normal conditions.” He gave order not to kill the insurgents but to protect the inhabitants. The army sallied forth and, after stamping out the disturbances by peaceful means as commanded by the King, came back safely to the capital.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. ကိုကိုမောင်(ပန်းရနံ့)September 2, 2011 at 5:50 PM

    အခုခေတ် အခုမင်းတွေဆိုရင်တော့... ကျူပင်ခုတ် ကျူငုတ်ပါမကျန် အပြတ်ရှင်းခဲ့ ဆိုပြီး အမိန့်ပေးမှာ သေချာလောက်တယ်။း)))

    ခင်မင်လျှက်

    ReplyDelete
  2. တိုင်းပြည် တစ်ပြည်ရဲ့ ဖွံဖြိုးတိုးတက်မှုက တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူအပေါ်မူတည်ပါတယ်။ ဒါပေမယ့် မင်းကောင်းမင်းမြတ်ဆိုတာ ရှားပါတယ်လေ...

    ReplyDelete
  3. အချိန်အခါနှငင့် အံဝင်ခွင်ကျ ဖြစ်သော ပို့စ်တစ်ခုလို့ခံစားရပါတယ်။

    ReplyDelete
  4. မေတ္တာတရားဆိုတာ အမှန်တကယ်စူးရှပြီး အရာရာကိုအောင်မြင်နိုင်တယ်။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။