ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိုးရိမ်စိတ် သိပ်မကြီးလွန်းပါနဲ့

ကျွန်မတို့တွေဟာ ကိုယ်ချစ်ရ၊ သံယောဇဉ်ထားရ သူတွေကို ဘေးအန္တရယ် ဘယ်ကျရောက်စေချင်ပါ့မလဲ. . . ဒါပေမယ့် သူတို့ကို သူတို့ဘ၀နဲ့ သူတို့လျှောက်လှမ်းခွင့်ပေးဖို့ လိုပါသေးတယ်. . . သူတို့ကို သူတို့ လုပ်စေချင်တဲ့အလုပ် လုပ်ခွင့်မပေးဘဲ ကိုယ်က စိတ်ပူပြီးတော့ နေတာဟာ ကိုယ့်အချိန်တွေကို ဖြုန်းပစ်လိုက်တာ ဖြစ်ပြီး အဲဒါကမှ တကယ့် ဆုံးရှုံးမှုကြီးပါ. . အဲသည်လိုနဲ့ပဲ ကိုယ့်မှာ တစ်ချိန်လုံး စိတ်ပူစရာ ဖြစ်နေရတော့တာပါပဲ. . . .

ပြောရမယ်ဆိုရင် အရာရာတိုင်းမှာ စိုးရိမ်စရာ အန္တရာယ်တွေ ရှိတတ်ပါတယ်. . . အချို့သူတွေ ကိုယ့်ကိုယ်ကို အတွက်ရော ကိုယ်ချစ်တဲ့ သူ၊ ကိုယ့်သားသမီးတွေ အတွက်ပါ ကျရောက်နိုင်တဲ့ အန္တရာယ်တွေကို အမြဲ တမ်း စိုးရိမ်ကြေက်ရွံ့နေတတ်ပါတယ်. ..

လူတွေဆိုတာကလည်း တစ်ခါတစ်လေ စိုးရိမ်စရာ သိပ်မရှိဘူးဆိုတာမှ ပိုပြီး ကြောက်ချင် ကြောက်တတ်နေ ကြပါတယ်. . . သမ္မတကြီး ဖရန်ကလင်ရုစဗဲ့ ပြောဖူးတာ ရှိပါတယ်. . ကိုယ်ကြောက်ရမယ့် အရာထက် ကိုယ့်ရဲ့ အကြေက်တရားက ပိုပြီး ကြီးမားနေတာကမှ တကယ့်အန္တရာယ်ပါတဲ့. .

ကိုယ်ကြောက်နေတဲ့ အရာက တကယ့်ကို ယုတ္တိမရှိဘဲ ဖြစ်နေနိုင်ပါတယ်. . ကြောက်သင့်တာ တခြား၊ ကြောက်နေတာ တခြား ဆိုတာမျိုးပေါ့. . . ဘ၀မှာ လုပ်သင့် လုပ်ထိုက်တာတွေ မလုပ်ဘဲ ရှောင်နေတာမျိုး မဖြစ်ရအောင် သင့်တော်တဲ့ ဆုံးဖြတ်ချက်ကို အသေအချာ စဉ်းစားချမှတ်ဖို့ လိုပါတယ်. . .

ထောင်ပေါင်းများစွာသော မိဘတွေကို လေ့လာဆန်းစစ်ကြည့်တဲ့ အခါမှာ အစိုးရိမ်သိပ်ကြီးလာရင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ရှိတတ်တာကို တွေ့ရှိရပါတယ်. . စိုးရိမ်သောကဖြစ်ရတဲ့ အချိန်များနေရင် စိတ်င်းကျပ်မှု ပိုမို ဖြစ်တတ်တယ် ဆိုတာမျိုး အပါအ၀င်ပေါ့ . . . . သိပ်အစိုးရိမ်ကြီးတတ်လွန်းတဲ့ လူတွေဟာ စိတ်ကျေနပ်မှု (သို့မဟုတ်) တင်းတိမ်ရောင့်ရဲမှု ကို မရရှိနိုင်ပါဘူး. .

ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

5 comments:

  1. တန်ဆေးလွန်ဘေးဆိုတဲ့ စကားလဲရှိတာကိုး။ ဘယ်အရာမှ လိုအပ်တာထက် ပိုရင်တော့ မကောင်းဘူးပေါ့။ စိုးရိမ်သင့်တဲ့ နေရာပဲ စိုးရိမ်ပြီး မစိုးရိမ်သင့်တဲ့ နေရာကို မစိုးရိမ်နိုင်ရင် အကောင်းဆုံးပေါ့။ အလယ်အလတ်လမ်းစဉ်ဆိုတာ ဗုဒ္ဓဘုရားဟောကြားခဲ့တာပဲလေ။ တလေးတစားဖတ်သွားပါတယ်ဗျာ။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  2. မှတ်သား စရာပါပဲခင်ဗျာ.. အထူးဆင်ခြင်သင့်ကြောင်း သတိထားမိသွားစေပါတယ်

    ReplyDelete
  3. ဟုတ်..ဆရာဖေမြင့်ရေးထားတာလေးတော့ဖတ်ဖူးလေရဲ့..
    "သင်စိုးရိမ်နေတဲ့အကျိုးသွားများရဲ့ကိုးဆယ်ရာခိုင်နှုန်းဟာ
    ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးတဲ့"..
    အနောက်နိုင်ငံတွေတိုးတက်တာဒါ့ကြောင့်ထင်ပါရဲ့ရှင်..
    အာရှကမိဘတော်တော်များများကတော့...စိုးရိမ်တတ်ကြတုန်းပါ။
    လေးစားစွာဖတ်၊မှတ်၊သွားကြောင်းပါ..

    ReplyDelete
  4. သားသမီးတိုင်း ကိုယ့်အားကိုယ်ကိုးချင်တဲ့ စိတ်ဓာတ်ရှိလာစေဖို့ရာ မိဘတိုင်းအစိုးရိမ်လွန်ကဲမှုကိုလျှော့သင့်သလို ကလေးတွေကိုလည်း ယုံကြည်မှုထားသင့်တယ်လို့ ယူဆတယ် မေရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မှတ်သားစရာတွေအတွက်ကျေးဇူးတင်ပါတယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။