ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သားဖေဖေ

သား
ကိုယ့်ကို ကိုယ် ပုံသွင်းမရတာနဲက
သူတစ်ပါးကို ပုံမသွင်း နိုင်ဘူးလို့
တထစ်ချ ပြောလို့ရမလား

ဆံပင်ညှပ်သမား တစ်ယောက်ဟာ
ကိုယ်ခေါင်းက ဆံပင် ကိုယ်မညှပ်တတ်လို့
သူတစ်ပါး ခေါင်းက ဆံပင် မညှပ်သင့်ဘူးလို့
အပြစ်တင် သင့်သလား. .

အဖေက ပညာမတတ်လို့
သားကို ပညာတတ် ဖြစ်အောင်
ပုံသွင်း လေ့ကျင့်လို့မရဘူးလား .

ဖခင်တစ်ယောက်အနေနဲ့
သူချစ်တဲ့ သားကို
ပညာတတ်ကြီးဖြစ်အောင်
လူတစ်လုံး သူတစ်လုံးဖြစ်အောင်
သူစိတ်ကြိုက် ပုံသွင်းလေ့ကျင့်တာဟာ
နှိပ်စက် ညှဉ်းပန်းတာ မဟုတ်ပါဘူး

ဘယ်ပန်းပုဆရာမှ
သူ ထုလုပ်နေတဲ့ အရုပ်ကို
အမြင် မလှအောင် မလုပ်ဘူးဆိုတာ
သားနားလည်စေချင်ပါတယ်.

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. အလည်လာသွာါးပါတယ်ခင်ဗျာ မတွေ့တာကြာလို့ စာတွေတောင်တော်တော်ဖတ်လိုက်ရတယ်:)

    ReplyDelete
  2. မင်းထက်နိုင်July 5, 2013 at 12:50 PM

    ဒီစာလေးကို ဖတ်မိတော့ ...
    စာရေးဆရာ အဆိုတော်
    ရုပ် ရှင် သရုပ်ဆောင်
    (ဦး)သုမောင် ရဲ့
    ဆံပင် ညှက်ဆရာ
    ကိုယ့်ဆံပင် ကို
    ပြန်မညှက်တက်ပါ
    ဆိုတဲ့ဝတ္ထုတိုလေးကို
    သတိရမိတယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။