ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နေ့စဉ် သစ်သီး စားပေးပါ

သစ်သီးစားသုံးတဲ့သူတွေဟာ ကိုယ်စားရတာအပေါ် ကျေနပ်နှစ်သက်တာနဲ့အမျှ အာဟာရမဖြစ်တဲ့ အစားအသောက်တွေအပေါ် အာရုံသိပ်မရောက်တော့ဘဲ ပိုပြီးနေလို့ထိုင်လို့ ကောင်းလာတာအမှန်ပါ။

ကိုယ်က တစ်နေရာရာမှာ စောင့်ဆိုင်းနေရတုန်း ကိုယ်ဘယ်တုန်းကမှ မဝယ်ဖူးတဲ့ ၊ဖတ်ဖို့လည်းစိတ်ကူးမပေါ်တဲ့ မဂ္ဂဇင်းတွေကို ကောက်ကိုင်ကြည့်မိတာမျိုး ဖြစ်ဖူးတယ်မဟုတ်လား။ ငြီးငွေ့နေတာရော စိတ်ပြေ လက်ပျောက်အဖြစ်နဲ့ပါ ကိုယ်စိတ်မဝင်စားတဲ့ အရာတွေဆိကို လှည့်သွားပြီး လက်ခံလိုက်ရတာမျိုး ကြုံဖူးမှာပါ။ အစားအသောက်နဲ့ပတ်သက်ရင်လည်း ကျွန်မ တို့ အဲသည်လိုမျိုး ကြုံတတ်ပါတယ်။

ကိုယ်ကအလျင်စလို ဖြစ်နေတဲ့အခါမျိုးမှာ အစားအသောက်အတွက် အချိန်ကုန်ခံ အလုပ်ရှုပ်ခံပြီး ပြင်ဆင်မနေချင်တော့ဘူး။ ဒါမျိုးမကြာခဏဖြစ်ရတာဟာ ကိုယ်တစ်နေရာမှာ စောင့်နေရတုန်း တွေ့တဲ့ စာအုပ် ဆွဲမိသလိုမျိုး ရရာကို စားမိတာနဲ့ အတူတူပါပဲ။သစ်သီးကိုအိမ်မှာထားပါ။ အချိုတည်းချင်တယ်ဆိုရင် သစ်သီးပဲစားလိုက်ပါ။ စားရတာလည်းလွယ်၊ ဈေးလည်းချို၊ ပြင်ဆင်ဖို့လည်းသိပ်မကုန်တော့ ကိုယ့်အတွက် အများကြီး အဆင်ပြေပါတယ်။

လေ့လာစူးစမ်းချက်တွေအရ သစ်သီးစားသုံးတာဟာ ကိုယ်ကျန်းမာဖို့ အထောက်အကူဖြစ်သလို စိတ်ချမ်းသာဖို့ကိုပါ အကျိုးပြုကြောင်းသိရှိရပါတယ်။ လူ့ကိုယ်ခန္ဓာတွေဟာ အချိုကိုလိုအပ်တာကြောင့် ရှေးဦးလူသားတွေ သစ်သီးကို ပိုစားခဲ့ကြတာပါ။ ဒိဘက်ခေတ်ကြီးမှာကျတော့ သကြားကဲတဲ့ ချိုချဉ်တွေ ရလွယ်ကြတဲ့အခါ လူတွေရဲ့ အချိုဓါတ်စားသုံးမှုဟာ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။

သစ်သီးစားသုံးမှုဟာ ကျန်းမာရေးအတွက်ရော ပျော်ရွှင်ချမ်းမြေ့မှုအတွက်ပါ အကျင့်ကောင်းတွေ တိုးပွားရရှိစေပါတယ်။ သစ်သီးတွေကိုပိုပြီးစားသုံးမယ်ဆိုရင် လုပ်နိုင်ကိုင်နိုင်စွမ်းရော စိတ်ကျေနပ် နှစ်သက်မှုမှာပါ (၁၁)ရာခိုင်နှုန်းလောက်အထိ တိုးတက်ရရှိပါလိမ့်မယ်။



အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


5 comments:

  1. သစ်သီးကြိုက်ဘူး .. အဲဒါမကောင်းမှန်းလည်း သိ၏ :D ဒါမယ့် မကြိုက်သေး .. အဲဒါကြောင့် ဖျော်ရည်ဘူးတွေတော့ သောက်ဖြစ်ပါတယ် ..း)

    ReplyDelete
  2. ပန်းသီးတစ်လုံးစားရင် သူ့ရဲ့အဟာရက ထမင်းတစ်ပန်းကန်နဲ့ ညီမျှတယ်လို့ဖတ်ဘူးတယ်။
    ငှက်ပျောသီးတစ်လုံးစားရင်လည်း ကြက်ဥတစ်လုံးနဲ့ညီမျှတယ်လို့လည်း ဖတ်ဘူးတယ် မေ၁၆ ရေ။
    သစ်သီးကတော့ လူနဲ့အသင့်တော်ဆုံးအဟာရပါ။
    အသီးမကြိုက်တဲ့ မိုးခါးကိုအသီးကြိုက်အောင် နည်းလမ်းပေးအုံးမယ်း))
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. သစ်သီးရဲ့ ကောင်းကျိုးတွေကိုသိပေမဲ့ ကော်ဖီလောက်တောင် မစားဖြစ်ဘူး
    ကော်ဖီတော့ နေ့တိုင်းဘဲသောက်ဖြစ်တယ်
    အသီးများများ စားနိုင်အောင်ကြိုးစားဦးမှပါ

    ReplyDelete
  4. အသီးထဲမှာဆိုရင် နှင်းသီးနဲ့စတော်ဘယ်ရီ အကြိုက်ဆုံးဘဲ
    ပျော့စိစိ အသီးတွေမကြိုက်ဘူး

    ReplyDelete
  5. မချဉ်တဲ့ မဖန်တဲ့အသီးဆို အကုန်ကြိုက်။ ဒါပေမဲ့ ဈေးကြီးလို့ နေ့စဉ်မစားဖြစ်ဘူး။

    ခင်မင်လျှက်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။