ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ခွေးအတွက် စာရင်းမပါ



လားနဲ့ ခွေးတို့ ခရီးအတူလာကြရင်း တံဆိပ်ပိတ်ထားတဲ့ စာခေါက်တစ်ခုကို မြေကြီးပေါ်မှာတွေ့တယ်. . .လားဟာ ကောက်ယူပြီး စာရွက်ခေါက်ကို ဖြန့်လျှက် ကျယ်လောင်စွာ ဖတ်လိုက်တယ်. . . ဒါကိုခွေးက နားထောင်နေတာပေါ. . .

စာထဲမှာ နွားစာ အမျိုးမျိုးအကြောင်းပဲ ပါလာတယ်. . . ကောက်ရိုးမြက်၊ ဖွဲနုတွေ ဖြစ်တယ်. . . သူ့သွားရည်ကျစရာ စာရင်းမတွေ့တာမို့ ခွေးက "စာကို ကျော်ဖတ်ကြည့်ပါဦး မိတ်ဆွေရယ်. . . .. ခင်ဗျား တစ်ကြောင်း နှစ်ကြောင်းလောက် ကျော်ဖတ်ရင် အသားတုံးတွေ ၊ အရိုးတွေပါတာ တွေ့ပါလိမ့်မယ်. . . " တဲ့. .

ဒါပေမယ့် လားက စာကို အစမှ အဆုံး ဖတ်ပြီးတဲ့နောက် ခွေးအတွက် အစာ စာရင်း မပါဘူးဆိုတာသိပါတယ်. . . ဒီတော့ ခွေးက "ဒီစာကို လွှင့်ပစ်လိုက်စမ်းဗျာ . . . . ဘာမှ အသုံးမကျတဲ့ စက္ကူစုတ်ပါ. . . ." လို့ ဆိုလိုက်သတဲ့ . . .

ဒီပုံပြင်လေးက တော့ . ကိုယ့်အကျိုးမပါရင် စိတ်မ၀င်စားတတ်တဲ့ သဘာဝကို ဖော်ပြတာပါ. . .

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . .

6 comments:

  1. ဟာသအပြင် အတွေးလေးပါရတယ်ဗျာ ...

    ReplyDelete
  2. အဖိုးတန်ပုံပြင်တပုဒ်ပါ..။ ကိုယ့်အကျိုးအတွက်မပါရင် တန်ဖိုးမရှိလွှင့်ပစ်လိုက်ကြတဲ့
    သဘောသဘာဝလေးရှိတတ်တာကို ပြောပြထားတယ်နော်..။ အဲလိုမဖြစ်အောင်
    ကြိုးစားပါ့မယ်.။
    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  3. ဖိအားတွေများလာတဲ့ အနားယူအချိန်တွေ နည်းပါးလာတဲ့ ဒီခေတ်မှာ ဒီလိုအဖြစ်မျိုးကပိုများများ လာမှာပါပဲ။

    ReplyDelete
  4. ဒါဟာ လောကသဘာဝကို အရှင်းလင်းဆုံးပြသနေတာပါပဲဗျာ၊ အီစွတ်ပုံပြင်လေးတွေကို ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့တာပါ၊ အခုလို ဖော်ပြပေးလို့ အထူးကျေးဇူးပါလို့  ....။

    ခင်မင်လေးစားဖြင့်

    ReplyDelete
  5. အဲဒီ ခွေးနဲ့ အနော်နဲ့ တူတယ်ဗျ.
    ဟုတ်တယ်လေ ကိုယ်နဲ့လဲ မဆိုင်ပဲ အလုပ်ရှုပ်ခံနေ ပါဘူး... ဒါနဲ့ အဲဒါတွေကိုရော လားက စားလို့လား..

    မရောက်ဖြစ်တာ ကြာလို့ ဒီဇိုင်းတွေတောင် ပြောင်းသွားသလား

    ReplyDelete
  6. အင်း လူတိုင်းနီးပါး အဲဒီလို စိတ်ဓါတ်ကလေးတွေ ရှိကြတယ်ထင်ပါရဲ့။ အုပ်စုလိုက် ဓါတ်ပုံတစ်ပုံကို ကြည့်ရင်တောင် ကိုယ့်ပုံပါမပါ အရင်ရှာကြည့်တတ်ကြတာကလား။ ကိုယ့်ပုံမပါရင် သိပ်စိတ်မ၀င်စားတော့ဘူး။

    ခွေးစကားကို ဒီနေရာမှာတော့ အတော်လေး တန်ဖိုးရှိသား။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။