ကျွန်မတို့ စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ
ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..
၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .
ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .
ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .
ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.
HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.
ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .
ပုံကို ဒီက ယူပါတယ်. .

ဒေါက်တာခင်မောင်လွင်
အားလုံးကိုချစ်ခင်လေးစားလျှက်...

ခါးလို့ သိပ်တော့ မကြိုက်လှဘူး
ReplyDeleteဒါပေမဲ့ ရေနဲ့ ဆားနဲ့ အထပ်ထပ် နယ်ရင်တော့ အခါးလျော့သွားပြီး ဟင်းရည်တွေဘာတွေ ချက်စားတာ ကောင်းတယ်
အိုးကပ်ချက်လဲစားတယ်
အစိမ်းတော့ စားနိုင်ဘူးရယ်း)
ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတော့ စားသင့်ပါတယ်နော်
ကျွန်တော်လဲ ခါးလို့ မကြိုက်ဘူးခင်ဗျ၊ ဒါပေမယ့် ခါးတာ ဆေးဖက်ဝင်လို့ စားသင့်တယ်ဆိုတဲ့ အသိတော့ စိတ်ထဲမှာ ရှိပါတယ်၊ အခုလို အကျိုးအာနိသင်တွေဖတ်ရတော့ စားသင့်ပါလားလို့ စိတ်ထဲ သေသေချာချာ တွေးမိတယ်၊ စားတော့မယ်ဗျာ ... ကြက်ဟင်းခါးသီး ... ။
ReplyDeleteပိုစ့်ကောင်းလေးအတွက် အထူးကျေးဇူးပါလို့ ... ။း)
ခင်မင်လေးစားစွာဖြင့်
ဒီနိင်မှာတော့ ကြက်ဟင်းခါးသီး ဖျော်ရည်ရှိတယ်
ReplyDeleteကျနော်တော့ ခါးလို့ သိပ်မကြိုက်ဘူး။
အသားလေး၊ ပုဇွန်လေးနဲ့ ရောချက်ရင်တော့
စားဖြစ်တယ်။
ဒီလို ဆေးဖက်ဝင်တာ သိထားတော့
နောက်ဆိုရင် ပိုပြီးစားဖြစ်အောင် လုပ်မှပဲ။