
သမီး
ပထမအကြိမ်လာတော့ ရွှေဧည့်သည်
(လှိုက်လှဲပျူငှာ ဖော်ရွေစွာကြိုဆို)
ဒုတိယအကြိမ်လာတော့ ငွေဧည့်သည်
(ဖော်ရွေစွာ ကြိုဆို)
တတိယအကြိမ်လာတော့ ကြေးဧည့်သည်
(၀တ္တရားအရ ကြိုဆို)
ဒါကြောင့်
အန်မတန် ချစ်ခင် အကျွမ်းဝင်တဲ့
ဆွေမျိုး သူငယ်ချင်း မိတ်ဆွေလို အိမ်မျိုးကလွဲလို့
သူများအိမ်ကို မလိုအပ်ဘဲ
အကြိမ်များစွာ မသွားသင့်ဘူး။
ဖေဖေ့စကား နားမထောင်ဘဲ သွားခဲ့ရင်တော့
သမီးလေး ပလတ်စတတ် ဧည့်သည်
ဖြစ်သွားမှာ စိုးလို့ပါကွယ်. . .
ကောင်းသန့်
အားလုံးကိုချစ်ခင်လေးစားလျှက်...

ဂွတ်။
ReplyDeleteမှတ်သားသွားပါတယ်။
အမရေ ဖတ်သွားပြီနော် မှတ်သားသွားတယ်း)
ReplyDeleteကောင်းလိုက်တာ
ReplyDeleteဆိုလိုရင်းလေး သဘောကျတယ်..
ဟုတ်ပရှင်..
ReplyDeleteဧည့်သည်လုပ်တာလဲမလွယ်ဘူး
အလိုက်အထိုက်ကလဲသိရသေးတာ..