ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်းကို ခံယူတော်မူနေပုံ



ဥရုဝေလ တော၏အနီး "သေနာ" နိဂုံး ကြီးဝယ် သူဌေးကတော် သုဇာတာသည် အပျိုဘ၀တုန်းက ညောင်ပင်ကြီးသို့သွား၍ သူဌေးကို ရဖို့ရန်နှင့် သားဦးရဖို့ရန် ဆုပန်ခဲ့လေရာ ထိုဆုအတိုင်း ပြည့်သောကြောင့် နတ်မင်းကြီးက မ-သည်ဟု ထင်၍ နှစ်စဉ် ပူဇော်လေ့ရှိ၏ . . . အလောင်းတော်လည်း ၆ နှစ်ပတ်လုံး ပင်ပန်းလှသော အကျင့်ဖြင့် တရားထူး မရသောကြောင့် ဆွမ်းအာဟာရကို မျှတအောင် ဘုန်းပေး၍ ကျင့်တော်မူလေပြီ. .

အလောင်းတော်သည် သက်တော်၃၅ နှစ်ပြည့်ရာ ကဆုန်လပြည့်နေ့ နံနက်စောစော အခါတွင် ညောင်ပင်အောက်သို့ ရောက်တော်မူနေစဉ် သုဇာတာသည် မိမိ၏ကျေးဇူးရှင် နတ်မင်းဟု မှတ်ထင်၍ တစ်သိန်းတန် ရွှေခွက်နှင့် တကွ နို့ဃနာဆွမ်းကို လှူဒါန်းလေသည်. နေရဉ္စ မြစ်ကမ်း၌ ထိုဆွမ်းကို ဘုဉ်းပေးတော်မူပြီး၍ "ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ရေညာ ဆန်စေသား" ဟု အဓိဠာန် ၍ ရွှေခွက်ကို မျှောလိုက်ရာ ရေညာသို့ ဆန်တက်သွားလေသည်. .

THE FUTURE BUDDHA RECEVING THE MILK-PORRIDGE OFFERED BY SUJATA

There lived in the village of Senani near Uruvela forest, a girl named Sujata. She had uttered a prayer for fulfillment of her wish at a banyan tree, and owed a yearly offering to it, the most she should have a good marriage and a son as her first born child. The wish having been fulfilled, she use to make an offering every year at the banyan tree. Now the Great Being had resumed taking usual food, because he found that the austerities he practiced for full six years were not the way to enlightenment.

On the full moon day of the month Visakha (April-May) the Future Buddha who had attained 35 years of age, was sitting under the banyan tree. Sujata caught sight of the Future Buddha and supposing him to be the tree-god, her benefactor, who had come down, offered him milk-porridge in a golden bowl that was worth a hundred thousand pieces of money. He proceeded to the banks of the Neranjara and ate the food. He took the bowl to the river bank and set it on the river saying " The most today I shall be able to became a Buddha, let this bowl go up- stream". It floated up-streamed.

အားလုံးကိုချစ်ခင်လေးစားလျှက်...

1 comment:

  1. - သုဇာတာကို မြတ်စွာဘုရားက 'ပထမံ သရဏံ ဂစ္ဆန္တိ' ဧတဒဂ်အရာမှာ ထားတော်မူတာကို ပြန်မှတ်မိသွားခဲ့တယ် အမရေ။ အဲဒီပို့စ်ကို ရေးတုန်းက အကို ကိုကိုမောင်(ပန်းရနံ့)က "မြတ်စွာဘုရားက သူ့ကို ရည်ရွယ်ပြီးကပ်လှူတာမဟုတ်တဲ့ ဃနာနို့ဆွမ်းကို စားအပ်သလား မသိဘူး" လို့မေးဘူးတယ် အမဖြေပေးလို့ရမလား :P

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။