ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဆက်ဆံရေးမှာ သတိကောင်းသူ(၄)

ဒီ စတုတ္ထမိတ်ဆွေအမျိုးအစားမှာလည်း မကောင်းတဲ့ အကျင့် (၄) မျိုးရှိပါတယ်..ဘာတွေလည်း ဆိုတော့

(၁) မူးယစ်စေတတ်တဲ့ အရာတွေကို သုံးစွဲစားသောက်ခြင်းမှာ သဘောတူ လိုက်လျော ပေါင်းဖော်တတ်တယ်

(၂) ညအချိန် လေလွင့် လမ်းသလားမှုမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်

၉၃) သဘင်ပွဲလမ်း၊ အပျော်အပါး လိုက်စားမှုမျိုးမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်

(၄) လောင်းကစားမှုတွေမှာ စိတ်တူကိုယ်တူ ၊ လုပ်ဖော် ကိုင်ဖက်အဖြစ် ပေါင်းဖော်တတ်တယ်.

အများအားဖြင်း တော့ အဲဒီအကျင့်ဆိုး ၊ သဘောထားဆိုးတွေရှိတဲ့ မိတ်ဆွေတု (၄) မျိုးနဲ့ပဲ ကျွန်မတို့ ဘ၀ခရီးမှာ ကြုံတွေ့တတ်ပါတယ်. . . ကိုယ် ကြုံတွေ့ ဆက်ဆံ့ ခဲ့သူက မိတ်ကောင်း ဆွေကောင်းဆို တော်ပါ သေးတယ်. . . . . မိတ်ဆွေကောင်း အဖြစ် အဖော်ကောင်း အဖြစ် ဟန်ဆောင် ကောင်းတဲ့ လူတွေ လူ့လောကမှာ အများကြီးပါ. . . . . ဒါကြောင့် လူမှုဆက်ဆံရေးမှာ သတိကောင်း သူများ ဖြစ်ပါစေလို့. . . . .


နန္ဒသိန်းဇံ

5 comments:

  1. အမရေ ဆက်ဆံရေး သတိကောင်းသူ ၃ နဲ့ ၄ ဖတ်သွားတယ်။ အဆုံးနားမှာ မိတ်ဆွေ ၄ ဦးက ၉၄ ဦးဖြစ်နေတယ် အမ။

    ReplyDelete
  2. အပေါ်မှာလဲ ပြင်လိုက်နော် ရှာကြည့် :P

    ReplyDelete
  3. (၁) ကနေ (၄) အထိ ဖတ်ဖြစ်တယ်။
    ဘဝထဲက ရတဲ့သင်ခန်းစာတွေကတော့ စိတ်ထဲမှာ စွဲနေတာပါပဲ။

    ReplyDelete
  4. မိတ်ဆွေတုနဲ့ကြုံတော့မှ မိတ်ဆွေစစ်ရဲ့ တန်ဖိုးကို နားလည်လာမိတယ်..

    ReplyDelete
  5. မိတ်ဆွေမဟုတ်တဲ့ မြွေဆိပ်တွေအကြောင်း ဖတ်မှတ်သွားပါတယ် ။ :)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။