ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နှင်းဆီဥယျာဉ်မှူး


နှင်းဆီဥယျာဉ်မှူး

နှင်းဆီခင်းသည်
ဤ၀န်းကျင်၌ ၊ထုံလှိုက်ပျံ့သင်း
မွှေးကြိုင်ခြင်းဖြင့် ၊ သတင်းကောင်းတွေ
လေညင်းသယ်ဆောင် ဝေငှ၍။

ဥယာဉ်မှုးသည်
နှင်းဆီပင်ထက်၊ ရေဖျန်းပက်၍
ဖြည့်စွက် မြေသြဇာ၊ သန်စွမ်းလာအောင်
မြေတောင်မြှောက်ကာ၊ ပျိုးထောင်လာခဲ့
များစွာ နှစ်ရှည်၊ ကြာမြင့်ပြီလည်း
သူသည် နှင်းဆီ ဥယာဉ်မှုး။

ယနေ့သည်လည်း ၊ မာန်ဇွဲကြီးစွာ
စိုက်ကာပျိုးဆဲ၊ ယုယ မြဲပင်
နီရဲရဲပွင့်၊ လှ ဂုဏ်တင့်နေ
ပွင့်ဖတ်နူးညံ့၊ သင်းပျံ့ဝတ်ဆံ
လိမ်းကျံဝတ်ရည်၊ ချိုမြကြည်နေ
သူသည် ၀မ်းသာမဆုံးနိုင်။

မနက်ဖြန်လည်း
အားမာန်အပြည့်၊ စိုက်ပျိုးဘိလိမ့်
ပွင့်သည့်နှင်းဆီ၊ ရဲရဲနီလိမ့်
စီရရီပွင့်၊ ငွားငွားစွင့်၍
တင့်တယ်ဘိခြင်း၊ ဤပန်းခင်းဝယ်
ဝင်းဝနေခြည်၊ ရှိဦးမည်တည့်
သူသည် စိုက်မြဲ ပျိုးမြဲ ယုယမြဲ။

နှင်းဆီခင်းသည်
ဤ၀င်းကျင်၌ ၊ သည်းခိုက်ဆွတ်ပျံ့
ရနံ့ထုံသင်း၊ မွှေးကြိုင်ခြင်းဖြင့်
သတင်းကောင်းတွေ ၊ ကြားသိနေသည်
လေညင်းဖြန့်ဝေ ပေးကမ်း၍။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...

2 comments:

  1. ကောင်းလိုက်တဲ့ ကဗျာလေး
    နှင်းဆီဥယျာဉ်မှူးရဲ့စိတ်ဓါတ်လေး သဘောကျတယ်...
    သူ့လိုဖြစ်ချင်တယ်

    ReplyDelete
  2. နှင်းဆီဥယျာဉ်မှူးတဲ့လား။ ကျန်တဲ့ ပန်းတွေအတွက် ဥယျာဉ်မှူး မလုပ်ဝံ့ဘူးထင်တယ်။း)))

    ကဗျာလေး နူးညံ့နေတာဘဲ။

    ခင်မင်လျက်
    ကိုကုမောင်(ပန်းရနံ့)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။