ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဆက်ဆံရေးမှာ သတိကောင်းသူ(၁)



လောကကြီးမှာ မိတ်ဆွေကောင်းရှိဖို့အရေးကြီးတယ်လို့ ပြောတတ်ကြပါတယ် တကယ့်တကယ်ကြတော့ အပြောရတော့ လွယ်ပါတယ်. . . မိတ်ဆွေကောင်းရဖို့တော့မလွယ်ပါဘူး . . . . လက်တွေ့ဘ၀မှာ ကြုံတွေ့နေရတာတွေက မိတ်ဆွေတုတွေပဲ များပါတယ်. . . . . မိတ်ဆွေတုဆို တာကလည်း အမျိုးမျိုးရှိပါတယ် ဒီထဲမှာမှ လေ့လာ စမ်းစစ်ကြည့်လိုက်တော့ အုပ်စုလေးမျိုးကွဲပြားသွားပါတယ်..

ပထမအမျိုးအစား မိတ်ဆွေတု မျိုးကတော့

ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေ

ဒီလိုမိတ်ဆွေမျိုးကတော့ မကောင်းတဲ့အကျင့်(၄) မျိုးလောက်ရှိတတ်ပါတယ် ဘယ်လိုအကျင့်တွေလည်း ဆိုတော့ . .

၁။ငွေကြေားအကူအညီ၊ လုပ်အား အကူအညီ စသည်ဖြင့် . . .သူ့ဘက်က အကူအညီပေးတယ် မရှိပါဘူး . . ကိုယ့်ဆီက ရရင်ယူမယ်. . . ရသမျှ ယူမယ်ဆိုတဲ့ အကျင့်ရှိတယ်.

၂။ ကူညီရင်လည်း နည်းနည်းပဲ . . သူ့အလှည့်ရောက်တဲ့အခါ ကိုယ့်ဆီက ယူတဲ့ အကူအညီကျတော့ အများကြီး ၊ အများကြီး ပိုယူရမှ ကျေနပ်တဲ့ သဘောထားရှိတယ်. . အကျင့်ရှိတယ်. . .

၃။ ကူညီတယ်ဆိုရာမှာလည်း ဒီလိုမကူညီရင် သူအကြီးအကျယ်ဒုက္ခရောက်မှာ ဆိုးလို့ ကြောက်လန့်ပြီးကူညီတာပါ . . စေတနာကောင်းနဲ့ ကူညီတာမျိုးမဟုတ်ပဲ. . .မလွှဲမရှောင်သာလို့ ကူညီတာပါ. .

၎။ ကိုယ့်ကို လာပြီးပေါင်းသင်းတာဟာ ကိုယ့်ကို ချစ်လို့ ခင်လို့ မဟုတ်ပါဘူး . . . သူ့အတွက် အကျိုးရှိမှာ မို့လို့သာ လာပေါင်းတာပါ. . . သူ့အတ္တအကျိုးပဲ ကြည့်ပြီး ပေါင်းသင်းဆက်ဆံတဲ့ လူမျိုးတွေပါ. . .

ဒီလိုလူစားမျိုးတွေဟာ ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေမှာရှိတဲ့ မကောင်းကျင့်တွေပါ. .

နန္ဒာသိန်းဇံ

ကျန်မိတ်ဆွေအမျိုးအစားများကို ဆက်လက်ဖော်ပြပါ့မယ်

အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. မျှဝေပေးလို့ကျေးဇူးပါနော်..
    လူတွေကလည်းအကျိုးရှိမှလာပေါင်းတာ
    များနေတယ်..လောကကြီးကဒီအတိုင်းပါဘဲလေ..
    တခါတလေစိတ်ပျက်စရာကောင်းတယ်..

    ReplyDelete
  2. အမရေ ကူတာကနည်းနည်း ယူတာကများများ ဆိုသူများနဲ့ ကင်းဝေးပါစေနော် ပျော်ရွှင်ပါစေး)

    ReplyDelete
  3. မှတ်သားထားသင့်တဲ့အချက်ပါပဲ
    လူမှုဆက်ဆံရေးအသိုင်းအ၀ိုင်းမှာ အသုံးတည့်စေပါတယ်ဗျာ
    ဆက်လက်စောင့်မျှော်ဖတ်ရှုနေလျှက်ပါ

    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete
  4. ဝါးးးးးးသိပ်ကောင်းတဲ့ သတိပေးစာလေးတွေပါပဲ။
    ကျေးဇူးတင်လိုက်တာ..။

    ReplyDelete
  5. စာလာဖတ်ပါတယ်
    ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..:)

    ReplyDelete
  6. ဒီလိုလူမျိုးက မိတ်ဆွေလို့တောင် ခေါ်ဖို့မကောင်းဘူးနော်။
    ဒါတွေက တကယ်ကို အတုအယောင်တွေပါဘဲ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။