ဒီ စတုတ္ထမိတ်ဆွေအမျိုးအစားမှာလည်း မကောင်းတဲ့ အကျင့် (၄) မျိုးရှိပါတယ်..ဘာတွေလည်း ဆိုတော့
(၁) မူးယစ်စေတတ်တဲ့ အရာတွေကို သုံးစွဲစားသောက်ခြင်းမှာ သဘောတူ လိုက်လျော ပေါင်းဖော်တတ်တယ်
(၂) ညအချိန် လေလွင့် လမ်းသလားမှုမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်
၉၃) သဘင်ပွဲလမ်း၊ အပျော်အပါး လိုက်စားမှုမျိုးမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်
(၄) လောင်းကစားမှုတွေမှာ စိတ်တူကိုယ်တူ ၊ လုပ်ဖော် ကိုင်ဖက်အဖြစ် ပေါင်းဖော်တတ်တယ်.
အများအားဖြင်း တော့ အဲဒီအကျင့်ဆိုး ၊ သဘောထားဆိုးတွေရှိတဲ့ မိတ်ဆွေတု (၄) မျိုးနဲ့ပဲ ကျွန်မတို့ ဘ၀ခရီးမှာ ကြုံတွေ့တတ်ပါတယ်. . . ကိုယ် ကြုံတွေ့ ဆက်ဆံ့ ခဲ့သူက မိတ်ကောင်း ဆွေကောင်းဆို တော်ပါ သေးတယ်. . . . . မိတ်ဆွေကောင်း အဖြစ် အဖော်ကောင်း အဖြစ် ဟန်ဆောင် ကောင်းတဲ့ လူတွေ လူ့လောကမှာ အများကြီးပါ. . . . . ဒါကြောင့် လူမှုဆက်ဆံရေးမှာ သတိကောင်း သူများ ဖြစ်ပါစေလို့. . . . .
နန္ဒသိန်းဇံ
အမရေ ဆက်ဆံရေး သတိကောင်းသူ ၃ နဲ့ ၄ ဖတ်သွားတယ်။ အဆုံးနားမှာ မိတ်ဆွေ ၄ ဦးက ၉၄ ဦးဖြစ်နေတယ် အမ။
ReplyDeleteအပေါ်မှာလဲ ပြင်လိုက်နော် ရှာကြည့် :P
ReplyDelete(၁) ကနေ (၄) အထိ ဖတ်ဖြစ်တယ်။
ReplyDeleteဘဝထဲက ရတဲ့သင်ခန်းစာတွေကတော့ စိတ်ထဲမှာ စွဲနေတာပါပဲ။
မိတ်ဆွေတုနဲ့ကြုံတော့မှ မိတ်ဆွေစစ်ရဲ့ တန်ဖိုးကို နားလည်လာမိတယ်..
ReplyDeleteမိတ်ဆွေမဟုတ်တဲ့ မြွေဆိပ်တွေအကြောင်း ဖတ်မှတ်သွားပါတယ် ။ :)
ReplyDelete