ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရေရဲ့အကျိုး အာနိသင်

ရေဟာ အသက်ရှင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်. . . ပုံမှန် အရွယ်ရောက် သူတစ်ဦးမှာ ခန္ဓာကိုယ်ရဲ့ ၆၀% ၇၀% ဟာ ရေပါပဲ. . . လူဟာ အစာမစားရရင် နှစ်လလောက် အသက်ရှင်နိုင်သေးပေမယ့်. . . ရေမသောက်ရရင်တော့ ရက်အချို့သာ အသက်ရှင်နိုင်ပါတယ်. . .ဒါ့အပြင် လူအတော်များများဟာ တစ်ရက်မှာ ရေ ဘယ်လောက် များများ သောက်သင့်မှန်းကို မသိကြပါဘူး . . .

ရေသောက်ရမယ့် ပမာဏနဲ့ ပက်သက်ပြီး သုတေတနတွေ့ရှိချက်ကတော့ အားကမစား မလှုပ်ရှားလျှင် . . ရေ ၂ ကီလိုဂရမ်(၈-၁၀) ခွက် အားကစားလှုပ်ရှာလျှင် တစ်ရက်ရေ ၃ ကီလိုဂရမ် (၁၃-၁၄)ခွက် စီလိုအပ်ပါတယ်. .

တစ်ရက်မှာ သောက်ရမယ့် ရေ ၈ ခွက်ကို အောက်ပါအတိုင်း သောက်သင့်ပါတယ်.

၁. မနက်စောစော အိပ်ရာအထမှာ ရေတစ်ခွက်သောက်ပါ. . .အစာအိမ်နှင့် အူတွေကို ဆေးကြော သန့်စင်ပေးသလို အိပ်ရေးလည်း အမြန်ပြေနိုင်ပါတယ်.

၂ . ရေသောက်တဲ့ အခါ ပါးစပ်ထဲ အရင်ငုံထားပါ. . .ချက်ချင်းမျိုမချပါနဲ့ . . ကိုယ်တွင်း အင်္ဂါများဟာ ရေအပူချိန် နဲ့ အံဝင်လာစေဖို့ပါ. .

၃. ပြင်းပြင်းထန်ထန် လှုပ်ရှားပြီးတဲ့ အခါရယ်. . နွေနှင့် ဆောင်းတွေမှာရယ် ရေများများ သောက်ပေးသင့်ပါတယ်. . အရေပြားရဲ့ ကြွကန်အားကို ထိန်းပေးနိုင်ပြီး အရေပြား တွန့်တာကိုလည်း နှောင့်နှေးစေပါတယ်. .

၎။ ရေများများသောက်တာဟာ ကောင်းတဲ့အကျင့်ပါ. . ဒါပေမယ့်. . တစ်ကြိမ်တည်းနဲ့ များများ သောက်ပစ်ဖို့ မဟုတ်ပါဘူး. . . . အကြိမ်များများ ခွဲပြီး ဖြည်းဖြည်းသောက်ပါ.

၅. ရေခွက်ကြီးကြီးသုံးပြီးသောက်ပါ. . . . ၄၀၀ စီစီဆံ့တဲ့ ခွက်နဲ့ ထည့်သောက်ပါ. . တစ်ရက်အတွင်း ဒီလို ၈ ခွက်ကုန်အောင် သောက်ရမယ်လို့ ကိုယ့်ဘာကိုယ် မပြတ်သတိပေးပါ. . .

၆. . ထင်သာမြင်သာတဲ့ နေရာမှာ သောက်ရေထားပြီး သတိရတိုင်း ရေသောက်ပါ. . . မိမိအလုပ်စားပွဲ ခုတင်ဘေးတို့တွင် သောက်ရေကို ထားပြီး သတိတရနှင့်သောက်ပါ

၇.ကိုယ်နှင့်မကွာ သောက်ရေ ဆောင်ထားပါ. . .အိတ်ထဲ (သို့) ကားထဲတွင် ရေပုလင်းထားပြီး ရေမငတ်လည်း မကြာမကြာသောက်ပေးပါ. .

၈. အိပ်ရာဝင်မယ့် ၂ နာရီ အလိုက စပြီး ရေမသောက်ပါနဲ့ မျက်စိပတ်လည် ဖောင်းမလာစေဖို့ပါ. . .

အထက်ပါနည်းလမ်းများဖြင့်ရေကို မှန်မှန်သောက်ပေးပါက ကျန်းမာရေးနဲ့ ညီညွတ်စေမှာ ဖြစ်ပါတယ်. .

မင်းစံအိမ်

5 comments:

  1. ကျွန်တော်လောက်ရေသောက်တာကျွန်တော်ပဲရှိတယ်။
    အိပ်ခါနီးတော့ရေသောက်မှအိပ်ပျော်တာဟီး...

    ReplyDelete
  2. ကျေးဇူးပါ...
    အရင်က ရေတော်တော်သောက်တယ်...
    အခု နောက်ပိုင်း နည်းလာတယ်။
    သတိထား သောက်ပါ့မယ်။

    ReplyDelete
  3. အမရေ ရေသောက်တာလည်း အမှတ်တမဲ့ ဖြစ်ပေမဲ့ အခုလို နည်းလမ်းမှန် ရေသောက်နည်းလေး မျှဝေပေးတဲ့အတွက် ကျေးဇူးပါနော်။

    ReplyDelete
  4. ဆောင်းတွင်းတော့ ရေတကယ်ကို အသောက်နည်းတယ်..
    ရာသီဥတုအေးတာရော မေ့နေတာကြောင့်ရောပေါ့။
    ပြီးတော့ ကွန်ပျူတာရှေ့ထိုင်နေရင်းလည်း မေ့နေပြန်တယ်
    ဘေးနားရေခွက်အမြဲထားရမလိုဖြစ်နေတယ်..
    သတိပေးတာ ကျေးဇူးနော်... များများသောက်ဖို့ကြိုးစားမယ်လေ

    ReplyDelete
  5. Thanks for this post. Let me share you post to my sister by email
    thanks again

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။