ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အသက်အရွယ်နှင့်မိတ်ကပ်

မိန်းမဆိုတာဟာ သူ့အရွယ်နှင့်သူ လှချင်တာချည်းပါပဲ. . . အပျိုကောင်းကောင်း မဖြစ်ခင် ဆယ်ကျော်သက်အရွယ် တန်ုးက သူ့ကိုယ်သူ အပျိုမကြီးတစ်ယောက်လို ဖြစ်လာအောင် မိတ်ကပ်ကို လိမ်းတယ်. . . မိတ်ကပ် အမြဲလိမ်းသူ တွေဟာ ရှိရင်းစွဲအသက်ထက် နည်းနည်းလေး ပိုကြီးသွားတတ်ပါတယ်. . .

ဒါ့ကြောင့် အသက်ကြီးတဲ့သူတွေ အနေနဲ့က မိတ်ကပ်တွေ ခဏခဏ မလိမ်းသင့်ပါဘူး. . . အတိတ်ကာလ နှစ်အနည်းငယ်က ကိုယ်နဲ့ လိုက်ဖက်သော မိတ်ကပ်အရောင်များဟာ အသက်ကြီးလာရင် ကိုယ်နဲ့ မကိုက်ညီတော့ပါဘူး . . . . အသက်ကြီးလာတာနဲ့ အမျှ အရေပြားရဲ့ အရောင်ပြောင်းလဲမှုတွေ ဖြစ်လာလို့ ပိုပြီး ပြေပြစ်သော မိတ်ကပ်အရောင်များကို ရွေးချယ်အသုံးပြုသင့်ပါတယ်. . . .

လှချက်ရက် စက်စက်ယိုချင်သေးတဲ့ အန်တီကြီးများအတွက် အကြံပေးချင်တာကတော့ . ဒီနှစ်အတွက် နိုင်ငံတကာမှာ ဘယ်လို မိတ်ကပ်အရောင်တွေ ခေတ်စားနေသလဲဆိုတာကို မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကို ဖတ်ကြည့်ပါ. . . . ဘယ်လိုအလှကုန်ပစ္စည်းအသစ်တွေ ပေါ်ထွက်နေသလဲ. . . ကိုယ့်ရဲ့ လူနေမှုစရိုက်နှင့် ကိုယ်ညီတဲ့ ပစ္စည်းတွေပါဝင်သလား ဆိုတာမျိုးကို လေ့လာသင့်ပါတယ်. . . မိမိနဲ့ သင့်တော်တဲ့မိတ်ကပ်ကို အလှကုန်ပစ္စည်းရောင်းတဲ့ အလှအပပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်. . .

မိမိကိုယ်ကို မိတ်ကပ်ဖောင်ဒေးရှင်း ဘယ်လိုသုံးလည်းဆိုတာကို. . .စဉ်းစားကြည့်ရင် ဖောင်ဒေးရှင်း အထူကြီးလိမ်းရုံနဲ့ မျက်နှာပေါ်က အရေးအကြောင်းများ ဖုံးကွယ်သွားမှာ မဟုတ်ပါဘူး . . . . လုံးဝပြောင်းပြန်ပါ. . . . ဖောင်ဒေးရှင်းများများလိမ်းလေ. . . . သေးငယ်သော အရေးအကြောငးကလေးများကို သိသာလွယ်စေပါတယ် . . . မျက်နှာပါးရေတွန့်တာကို အာရုံစိုက်မိစေပါတယ်. . .ဒါ့ကြောင့် အသက်ကြီးလေ. . . ဖောင်ဒေးရှင်း သုံးစွဲမှုကို လျှော့သုံးဖို့လိုပါတယ်. .

ကိုယ်နဲ့ သင့်တော်မယ့် မိတ်ကပ်များကို ရွေးချယ် အသုံးပြုနိုင်ပါစေ. . .

လှသည်ထက်လှနိုင်ပါစေ. . .

Health Digest


အားလုံးကိုချစ်ခင်လေးစားလျှက်...

8 comments:

  1. အမကတော့ မိတ်ကပ်သိပ်မလိမ်းတတ်ဖူး ညီမရေ..း))

    ReplyDelete
  2. ကျွန်တော်ကတော့ဖြင့် သနပ်ခါးလေးနဲ့ လှနေတဲ့ အမျိုးသမီးတွေကို ကြည့်ရတာ ပိုကျက်သရေရှိတယ်လို့ ထင်မိတယ်ဗျာ ... ။

    ခင်မင်စွာဖြင့်

    ReplyDelete
  3. လှချင်ရက်စက်စက်ယိုတဲ့ အန်တီကြီးတွေအတွက်ဆိုတော့
    ကိုယ့်ကိုပြောတယ်လို့ မှတ်လိုက်ပြီး သေချာ ဖတ်သွားလိုက်ပါတယ်.. ဟုတ်.. ဖောင်ဒေးရှင်းကိုလျှော့သုံးတော့မယ်..း))

    ReplyDelete
  4. အန်တီကြီးတွေ သနပ်ခါးလိမ်းတာ အကောင်းဆုံးပါပဲလေ။

    ReplyDelete
  5. သနပ်ခါးလေး လိမ်းပြီး လာဖတ်သွားတယ်နော် :)

    ReplyDelete
  6. မေမေကတော့ သနပ်ခါးပဲ စွဲစွဲမြဲမြဲ သုံးတယ်။

    ReplyDelete
  7. ပညာပေးဗဟုသုတဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အမရေ မဖြစ်မနေလိမ်းရတဲ့ နေရာလေးတွေကလွဲရင် သနပ်ခါးလိမ်းတာ နေလို့ပိုအဆင်ပြေတယ်...

    ReplyDelete
  8. အင်း အိမ်က မဟေသီကိုလည်း ပြောရဦးမယ်
    သနပ်ခါးများများလိမ်းပါလို့

    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။