ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အလုပ်ရွေးချယ်ရာ၌ ထားရှိအပ်သော စံများ



အလုပ်ဟူသော စကားရပ်သည် အသက်မွေးဝမ်းကျောင်း အလုပ်ကိုသာမက ထားရှိအပ်သော ဘ၀ရည်မှန်းချက်များ ၊ဘ၀အတွက် လိုက်နာကျင့်သုံးအပ်သည့် လမ်းစဉ်များ ၊လေ့လာဆည်းပူးအပ်သော ပညာရပ်များ အားလုံးကို လွှမ်းခြုံပေါင်းစု၍ ရည်ညွန်းထားခြင်း ဖြစ်ပါ၏. . . . .

မည်သို့သော အလုပ်မျိုးကို မဆို စီစစ် ရွေးချယ်ပြီး လုပ်မှသာ ပြီးမြောက် အောင်မြင်နိုင်ပါ၏ . . . အလုပ်များကို ရွေးချယ် စိစစ်ရာ၌ အောက်ပါ အချက်အလက်များ ဖြင့် စံပြု လိုက်နာအပ်သော နှုန်းစံများကို နည်းလမ်းကောင်းများ အဖြစ် လိုက်နာကြရမည်ဖြစ်ပါတယ် . . . .

၁. ဘယ်အလုပ်၊ ဘယ်လမ်းစဉ် ၊ ဘယ်ပညာရပ်ကို သင် အနှစ်သက် သဘောအကျဆုံးဖြစ်သည်ကို ဆုံးဖြတ်ပါ. .

၂. ထိုအလုပ်၊ ထိုလမ်းစဉ် ၊ ထိုပညာရပ်များသည် သင်၏ စိတ်ဝင်စားမှု ၊ ၀ါသနာ ၊ စရိုက်၊ မိသားစု ပတ်ဝန်းကျင် အခြေအနေ မည်မျှ လိုက်ဖက် ဆီလျော်မှု ရှိ၊ မရှိ ဝေဖန်ပါ.

၃. ထိုအလုပ်၊ ထိုလမ်းစဉ်၊ ထိုပညာရပ်များကို လုပ်ကိုင်၊ သင်ယူပြီး နောက် သင့်ဘ၀ ဘယ်လိုပုံစံမျိုး ဖြစ်လာမည် ကို မျှော်တွေးကြည့်ပါ.

၎. ထိုအလုပ် ၊ ထိုပုံစံ၊ ထိုဘ၀မျိုးမှာ သင့်ဘ၀အတွက် ကျေနပ်ပျော်ရွှင်မှု ဘယ်လောက်ရနိုင်မလဲ ဆိုတာကို ဆန်းစစ်ကြည့်ပါ. .

၅. ထိုဘ၀မျိုးတွင် သင့်အတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့် ငွေကြေး ဥစ္စာ မည်မျှရနိုင်ကြောင်းကို ခန့်မနှန်းကြည့်ပါ. .

၆. ထိုအခြေအနေတွင် သင်ခံစားရရှိမည့် အခွင့်အရေးနှင့် ဆီလျော်ညီစွာ သင်၏ ကာယ၊ ဥာဏအားဖြင့် မည်မျှ တုံ့ပြန်ဆောင်ရွက်နိုင်မည်ကို တွက်ဆကြည့်ပါ.

၇. ထိုအလုပ် ၊ ထိုလမ်းစဉ် ဖြင့် သင့်တစ်သက်တာ ဘ၀နေ၀င်ချိန်ထိတိုင် ချမ်းသာကြွယ်ဝမှုနှင့် ပျော်ရွှင်ချမ်းမြေ့မှု တို့ကို မည်မျှ ပေးနိုင်ကြောင်း မျှော်မှန်းကြည့်ပါ. .

အောက် ဖော်ပြပါ ရွေးချယ်ရေး စံ (၇) ချက်ဖြင့် နှိုင်းယှဉ် စိစစ် ဝေဖန်တွက်ဆပြီးမှ အလုပ်တစ်ခု ၊လမ်းစဉ်တစ်ခုကို ရွေးချယ်ဆောင်ရွက်လျှင် အမှားတွေ့၍ လမ်းတစ်ဝက်၌ ရပ်နားလိုက်ရသည့် အဖြစ်မျို၊ အားမတ်မာန်လျှော့၍ နောက်ကြောင်း ပြန်လှည်လိုက်ရမည့် အဖြစ်မျိုးမှ ရှောက်ကြဉ်နိုင်ပြီး မိမိဘ၀အတွက် အရေးပါသော ဆုံးဖြတ်ချက် တစ်ရပ်ကို မှန်မှန်ကန်ကန် ချမှတ်နိုင်မည်သာ ဖြစ်ပါတယ်. .


ဦးဝမ်းထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. အမရေ စံ ၇-ချက်ဟာ အဓိကကျပေမဲ့ တခါတရံတော့လည်း ကိုယ်ကအလုပ်ကို စီစစ် ရွေးချယ်ပိုင်ခွင့်မျိုး မရရှိဘဲ ကိုယ့်ကိုအလုပ်က ရွေးသွားတာမျိုးလေးတွေရှိတတ်တာမျိုး မြင်တွေ့ရတယ်။ ဘာဖြစ်ဖြစ် စံ ၇-ချက်နဲ့ ကိုက်ညီတဲ့အလုပ်ကို ရွေးချယ်ပိုင်ခွင့် ရှိခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့နော်။

    ခင်မင်စွာဖြင့်
    ဇွန်မ

    ReplyDelete
  2. အဲ.. ဒါဆို အခုလုပ်နေတဲ့အလုပ်နဲ့ ပတ်ဝန်းကျင် မိသားစု ကိုက်မကိုက် စစ်ဆေးဦးမယ်... အဟဲ...

    ReplyDelete
  3. ဟုတ်တယ်
    ကိုယ့်အလုပ်ကိုလဲ ပြန်ဆန်းစစ်ရဦးမယ်
    ကိုယ့်စိတ်နဲ့ ကိုက်ညီပြီး စံနဲ့လည်း ကိုက်ညီတဲ့အလုပ်မျိုး ဖြစ်ဖို့ အတော်ကြိုးစားရမှာဘဲ။

    ReplyDelete
  4. တစ်ခါတစ်လေကျ မျှော်တွေးကြည့်တိုင်းဖြစ်မလာတာကများတယ်
    အလုပ်ကိုစမ်းစစ်ကြည့်တော့လည်း ဘာမှမရေရာသေးပါဘူးဗျာ

    ညအလင်္ကာ

    ReplyDelete
  5. စံတွေကတော့ အကောင်းတွေချည်းဘဲ ပန်းကဗျာရေ...
    အတော်စဉ်းစားပြီး ညှိယူရမဲ့ အခြေအနေဘဲ။ သိကားသိ၏ မကျင့် ဆိုသလို ဖြစ်နေပြီ။ ပြန်လည်တင်ပြပေးတဲ့အတွက် ကျေးဇူးနော်။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  6. ဟုတ်တယ်...မရေ...ပြန်လည်ဆန်းစစ်နေပြီ..
    ဒီမှာ။..သေချာတာက ..လက်ရှိလုပ်ငန်းခွင်မှာ
    ညီမတော့ ပျော်ရွှင်နေလေရဲ့။ :)
    ...ခင်မင်လျှက်...ခင်မာလာအောင် ...:)

    ReplyDelete
  7. ၀ါသနာသာ အဓိကဆိုသလားလို့...
    ညီမပြောတဲ့ စံတွေနဲ့လည်းကိုက်ညီရင်တော့ အကောင်းဆုံးပေါ့နော်...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။