ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့


သမီးရေ. ..

ဖေဖေတို့ မြန်မာလူမျိုးတွေဟာ
အားနာတယ် ဆိုတာကို ယဉ်ကျေးမှု
ဓလေ့ ထုံးစံတစ်ခုလို မှတ်ယူနေကြတယ်. .
ပြောရမှာ အားနာနေလို့ မပြောဘဲနေတယ်

မပြောဘဲ နေမရလို့ ပြောကို ပြောရတဲ့အခါကျ
စိတ်ဆိုး ဒေါသထွက် မိတ်ပျက်ကုန်ကြတယ်
အားနာလို့ ဒေါသထွက် မိတ်ပျက်ကုန်ကြတယ်
အားနာလို့ ဒုက္ခရောက်တာ တစ်ခုပြောရဦးမယ်

သူများအိမ်သွားလည်ရင်း ဆီးသွားချင်တယ်
အိမ်ရှင်ကို ဆီးသွားချင်ကြောင်းပြောရမှာ အားနာလို့
မပြောဘဲ အောင့်ထားတယ်. . အတော်ကြာတယ်..

အိမ်ရှင်ကလည်း စကားကောင်းနေလေတော့
သည်းခံနားထောင်ပြီး ဆီးအောင့်ထားရပြန်တယ်.
သည်လိုနဲ့ ဆီးချုပ်ပြီး ဒုက္ခရောက်ပါလေရော

ဒါကြောင့်. .. ဘာကိစ္စပဲ ဖြစ်ဖြစ်
အားမနာသင့်တာ အားမနာပါနဲ့
ပြောသင့်တာ ပြောပါ . . လုပ်သင့်တာ လုပ်ပါ
မေးသင့်တာ မေးပါ. .. . ပွင့်လင်းမှုရှိပါစေ. .

သူ့အတွက်လည်း အကျိုးမရှိ. . ကိုယ့်အတွက်လည်း
ထိခိုက်နစ်နာ စေနိုင်တဲ့ ကိစ္စမျိုးတွေမှာ
အားနာပါးနာ ပြုမှု ပြောဆိုတာမျိုး မလုပ်ဖို့
ဖေဖေ အလေးအနက် မှာကြားချင်ပါတယ်. .

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်...

5 comments:

  1. ဟုတ်တယ်အမရေ မြန်မာလူမျိုး အများစုရဲ့ ပင်ကိုယ်ဗီဇက ရိုင်းပင်းကူညီတတ်ကြတယ် အားနာတတ်ကြတယ် ကူညီချင်စိတ် ရှိတာလေးကတော့ကောင်းပါတယ် ဒါပေမယ့် ကိုယ်ကျိုးကို ထိခိုက်စေပြီး အားနာတတ်တာမျိုးတော့ ရှောင်ကြဉ်သင့်တာပေါ့။

    ReplyDelete
  2. လာရောက်ဖတ်သွားပါတယ် မေလေး

    ReplyDelete
  3. ဟုတ်တယ် တို့လဲ အားနာတတ်တဲ့အထဲမှာပါတယ်..
    ခုတော့ အဲဒီ အကျင့်တွေ ပြင်သင့်သလောက်တော့ ပြင်နေပါပြီ။

    ReplyDelete
  4. အားနာတတ်လွန်းလို့ ခက်နေတာ။ အားမနာတတ်အောင် သင်ပေးတဲ့ သင်တန်း (သို့မဟုတ်) တက္ကသိုလ်ရှိရင် ပိုက်ဆံပေးပြီးတောင် တက်လိုက်ချင်သေးတယ်။ ပီအိပ်ခ်ျဒီ(အားမနာလျာမကျိုး)ဘွဲ့ ရတဲ့အထိပေါ့။ တကယ်ပြောတာ။ အတော်လေးကို အားနာတတ်တာ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  5. အော် ဒီကနေ့အမဆီအလည် ထပ်ရောက်လာတယ် ကိုကိုမောင်(ပန်းရနံ့) ပီအိပ်ခ်ျဒီ(အားမနာလျာမကျိုး) သင်တန်းဖွင့်ပြီ ဆိုရင် လက်တို့လိုက်ပါအုံးနော် တက်ချင်လို့ :))

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။