ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ခရမ်းချဉ်သီးများများစားပါ...



ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

  • ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..
  • ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.
  • အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.
  • တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .
  • ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.
  • ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .
ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .

အားလုံးကိုချစ်ခင်လေးစားလျှက်...

14 comments:

  1. နဂိုကလည်း ခရမ်းချဉ်သီးကိုကြိုက်တာ
    ခုလိုအကျိုးထူးတယ်ဆိုတော့ များများစားမှာပေါ့။
    ပိန်တယ်ဆိုလို့ ပိုတောင်ကြိုက်သေးး)
    အစားလျှော့ဖို့ မလိုတော့ဘူးနော်။

    ReplyDelete
  2. ခရမ်းချဉ်သီးကို ထက်ခြမ်းခွဲ သကြားသုတ် ပြီးစားဖူးတယ်။ ခရမ်းချဉ်သီးသုတ်ကိုတော့ အကြိုက်ဆုံးပဲ။

    ReplyDelete
  3. ဒီစာကိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်။ခ၇မ်းချဉ်သီးကိုအ၇မ်းကြိုက်ပါတယ်။သူကမပါမဖြစ်သောအသီးတစ်မျိုးဘဲလို့ခံယူထားပါတယ်

    ReplyDelete
  4. ကျေးဇူးတင်ပါတယ် မေလေးရယ် ..... ကျမတို့က သိပ်ဝတော့ ခရမ်းချဉ်သီးများများစားမှဖြစ်မယ် ...

    ReplyDelete
  5. ဟုတ်ပါတယ် ကျေးဇူးပါဘဲမေလေးရေ
    ဒီဆောင်းပါးလေးကို မောင်လေးကိုဗိုက်ပူအတွက်
    ကူးလိုက်တယ်နော်

    ReplyDelete
  6. ခရမ်းချဉ်သီးကြိုက်တာနဲ့ အတော်ဘဲ။ ကျန်းမာရေးလဲ ညီတယ်ဆိုတော့ စားဖြစ်အောင် စားရဦးမယ်။ အသုပ်၊ အချက်၊ ငါးပိချက်၊ ပန်ထွေ အကုန်ကြိုက်ပါ့။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  7. အမရေ ခရမ်းချဉ်သီးကို လ္ဘက်သုပ် ထဲထည့်သုပ်ပြီး ထမင်းလေးပါပေါင်းလိုက်ရင် မနက်တစ်နပ်စာလည်းပြီး ခန္ဓာကိုယ်လည်း ထိန်းပြီးပေါ့နော်း)

    ReplyDelete
  8. နကိုကတည်းက ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်တာမို့ အခုလို သူ့ရဲ့ အာနိသင်တွေ၊ အကျိုးကျေးဇူးတွေ သိရတော့ နကိုထက်ပိုစားဖို့ စိတ်ကူးမိပါကြောင်း ... ။ :)

    ReplyDelete
  9. ခရမ်းချဉ်သီးကတော့ စားသလား မမေးနဲ့..
    တစ်ချို့ကလည်း ချက်စားတာက ကျန်းမာရေးအတွက် ပိုကောင်းတယ် ပြောကြ.. တစ်ချို့ကလည်း အစိမ်းစားတာက ပိုကောင်းတယ် ပြောကြ.. ဘာပဲဖြစ်ဖြစ် နှစ်မျိုးလုံးစားပေါ့နော်..

    ReplyDelete
  10. အင်း ....... ခရမ်းချဉ်သီး ဈေးတော့ ကောင်ဦးတော့မှာ ပဲ ။ ဒါနဲ့တစ်ခု မေးအုံးမယ် ဘယ်လို စား ရင် ပို ဆေးဖက်ဝင်လဲ ဆိုတာတော့ ပြောပြသင့်တယ် လေ ။

    ReplyDelete
  11. Antioxidants and Cancer Prevention

    Antioxidants include beta-carotene, lycopene, vitamins C, E, and A, and other substances.

    Vitamin A and Carotenoids

    Carrots, squash, broccoli, sweet potatoes, tomatoes, kale, collards, cantaloupe, peaches and apricots (bright-colored fruits and vegetables!)

    Vitamin C

    Citrus fruits like oranges and lime etc, green peppers, broccoli, green leafy vegetables, strawberries and tomatoes

    Vitamin E

    Nuts & seeds, whole grains, green leafy vegetables, vegetable oil and liver oil

    Selenium

    Fish & shellfish, red meat, grains, eggs, chicken and garlic

    ReplyDelete
  12. ခရမ်းချဉ်သီးစားတဲ့အခါမှာလည်း ခရမ်းချဉ်သီးအသားမှာ လူတွေကို အကျိုးပြုတဲ့ Antioxidant များစွာပါဝင်ပြီး အစေ့ကတော့ လူကိုအကျိုးမပေးဘူးလို့ သိရပါတယ်။

    ReplyDelete
  13. စားတယ် အများကြီးပဲ.. တစ်နေ့တစ်နေ့ ခရမ်းချဉ်သီးနဲ့ပဲ နပန်းလုံးနေရတယ်.. ဒီကြေငြာကြောင့် နောက်ထပ် များများ ထပ်ပြီး စားပါဦးမယ်..

    ReplyDelete
  14. ခရမ်းချဉ်သီး ကြိုက်ပါတယ်...ဒါပေမယ့် ... ယရစ်အက်ဆစ်များနေရင် / ကိုယ်လက် စထရောများနေရင် ခရမ်းချဉ်သီး နဲ့ မတည့်ဘူးလို့ ပြောကြတယ်... မှန်ပါသလား

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။