ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နော်မယ် (Normal)



နော်မယ် (Normal)

ရမ်းကုတစ်ဦးသည် အပြင်းဖျားနေသော လူနာတစ်ဦးအား တာဝန်ယူကုသနေပြီး လူနာရှင်အမျိုးသမီးကိုလည်း မစိုးရိမ်ရန်နှင့် မကြာမီပျောက်ကင်းသွားမည်ဖြစ်ကြောင်း လေလုံးထွားထွားဖြင့် အားပေးလျက်ရှိသည်။

လူနာရှင်။ ။ဆရာ။ ကျွန်မယောကျာ်းအခြေအနေလေး သိပါရစေ။

ရမ်းကု။ ။ဘာမှမပူနဲ့။ Temperature ကနော်မယ်ပဲ။ မကြာခင်ကောင်းသွားလိမ့်မယ်။

ဘယ်အချိန်မေးမေး ထိုသို့သာပြောနေပြီး ရက်အနည်းငယ်အကြာတွင် လူနာသေဆုံး သွားလေဧ။် ။ ရမ်းကုလည်း အလောင်းပြင်ဆင်ရာသို့ မကောင်းတတ်၍ ရောက်လာရာ လူနာရှင် အမျိုးသမီးမှ ကိုကြည့်ပြီး အောက်ပါအတိုင်းပြောလေတော့သည်။

"ဆရာပြောတော့ တန်ပရေချာက နော်မယ်ဆို အခုရေချိုးပေးတော့ "ရှဲ" ကနဲ မြည်ပြီး အငွေ့တွေတောင် ထွက်နေသေးရဲ့။"


အကြောင်းရင်း

ရည်စားအများကြီးထားဖူးသော်လည်း ယခုထိမစွံနိုင်သေးသော လူပျိုကြီးတစ်ဦးသည် လက်ရှိချစ်သူနှင့် အတူဘတ်စ်ကားပေါ်သို့ တတ်လိုက်သည်။ စပယ်ယာမှ ယာဉ်စီးခ လာ တောင်းရာ လူပျိုကြီးသည် သူ့အတွက်သာထုတ်ပေးရင်း ချစ်သူဘက်ကိုလှည့်ကာ-
"အသည်းလေးကိုယ့်အတွက် ကိုယ်ပေးကြေးနော်။"

ရယ်စရာ မဂ္ဂဇင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. လူပျိုကြီးလို လူမျိုးတော့ မိန်းမ မရတာ ဘာဆန်းတုန်း
    တော်ပြီ ဒီလိုလူတော့ ဝေးဝေးက ရှောင်မှး)

    ReplyDelete
  2. ဟားဟား .. လူပျိုကြီးတွေက အဲတိုင်းပါပဲဗျာ ...

    ReplyDelete
  3. အကြောင်းရင်းလေးကို သေချာမှတ်သွားရတယ်။
    ဒီလိုဖြစ်မှာစိုးလို့ ကျနော်ဆို ဘယ်လောက် ဝေးဝေး လမ်းပဲ လျှောက်ခိုင်းတယ်း)

    ReplyDelete
  4. လူပျိုကြီးတွေဘာလို့ဖြစ်ရလဲဆိုတာ
    ခုမှသိတော့တယ်...
    တော်သေးတာပေါ့
    အသည်းလေးကိုယ့်အတွက်ပါပေးလိုက်နော်..လို့
    မပြောတာ... :P

    ReplyDelete
  5. နော်မယ်ပဲ..နော်မယ်ပဲ..နော်မယ်ပဲ.. :D

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။