ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • သူယုတ်မာကို အချစ်မလွန်ရာ။
  • သူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စားခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။
  • Do not love the unvirtuous too much.
  • Even though praised highly, the wicked may act impolitely and boisterously.

  • မြွေသည် အမျက်လွန်၏။
  • မြွေထက် သူယုတ်မာသည် ပို၍ အမျက်လွန်၏။
  • မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့် ဆေးမရှိချေ။
  • The snake is extreme in anger.
  • The wicked is more furious than the snake.
  • Though the snake can be subdued by charm and drugs , there is no remedy for subduing of the wicked.

  • မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟု ဆိုအပ်၏။
  • မိမိမိုက်လျက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။
  • One who knows himself of his foolishness, may be said to be the wise.
  • One who thinks of himself as the wise even though he is foolish may be said to be the foolish.

  • သူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေးသေးသမျှ အကုသိုလ်ကို ပျားရည်ဟု တွေးထင်တတ်၏။
  • သူပြုသောမကောင်းမှုကြောင့် ဆိုးကျိုးများ ကျရောက်ချိန်တွင်မူကား ဆင်းရဲဒုက္ခ ရောက်ရတော့၏။
  • The foolish thinks his evil deeds as honey so long as there occurs no due results for his evil deeds.
  • When bad results occured due to his evil deeds, then he gets into trouble.

  • လူမိုက်သည် ခွန်အားရှိလျှင် သူတစ်ပါး ဥစ္စာကို အနိုင်အထက် လုယူတတ်၏။
  • ပညာနည်းသော ထိုသူမိုက်သည် သေလွန်ပြီးသော် ငရဲသို့ ရောက်ရ၏။
  • The fool, if he is stronger, may plunder others possessions by force.
  • After death that fool of less knowledge lands in hell.


အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. လောကနီတိကို ထပ်ပြီးလေ့လာခဲ့ပါတယ်ဗျာ..

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. သူယုတ်မာတော့ ဝေးဝေးက ရှောင်ပြီးသား
    မသိလို့သာ မရှောင်မိတာမျိုး ဖြစ်မှာ
    သေချာမှတ်သွားတယ်..

    ReplyDelete
  3. မြွေကို မြွေမှန်း ချက်ချင်း သိနိုင်ပေမဲ့ သူယုတ်မာကိုတော့ သူယုတ်မာမှန်း ချက်ချင်း မသိသာဘူးနော်။

    ဒါပေမဲ့ သူယုတ်မာမှန်ရင် ဝေးဝေးက ရှောင်ရှားတာ အကောင်းဆုံးပါဘဲ။

    ReplyDelete
  4. အင်းစိတ်ဆိုတာမမြင်ရတော့ခက်သားနော်
    သာယာချမ်းမြေ့ပါစေနော်
ိမိုး

    ReplyDelete
  5. ကောင်းလိုက်တာနော်

    ReplyDelete
  6. လောကနီတိလေးများကိုဖတ်သွားမှတ်သွား
    လေ့လာသွားပါတယ်ခင်ဗျာ.....

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။