ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဗေဒင်ဆရာ အတွက်မှားလို့



ဗေဒင်ဆရာတစ်ယောက်ဟာ ဈေးထဲမှာ ဗေဒင်ဟောနေတယ်. . . အလွန်လည်း ဟောရသတဲ့.

တစ်နေ့မှာ လူတစ်ယောက်က ရုတ်တရက် ရောက်လာပြီး "ခင်ဗျားအိမ်မှာ တံခါးချပ်တွေ ပြုတ်ထွက်နေတယ် အိမ်ထဲက ပစ္စည်းတွေကို ယူသွားကြကုန်ပြီလို့ "လာပြောတာပေါ့. . . .

ဒီစကားကိုကြားတဲ့အခါမှာ ဗေဒင်ဆရာ ဟာ ဖြုန်းကနဲ ထပြီး "ကုန်ပါပြီဗျာ" လို့အော်လိုက်ပါတယ်. .

ဒါကို လူတစ်ယောက် က "အခြားသူတွေကို ဘယ်လို ကံကြမ္မာဆိုး ကြုံရမယ်ဆိုပြီး ခင်ဗျား ဟောပြောနေသူပဲ. . . . ဒါပေမယ့် ခင်ဗျားရဲ့ ကံကြမ္မာကိုတော့ ခင်ဗျား ကြိုတင် သိမနေဘူး လား " လို့ ဆိုလိုက်ပါတယ်. .

(ဒီပုံပြင်လေးကတော့ တတ်ယောင်ကား လုပ်ကိုင်နေသူတွေကို ပြောလိုတာပါ. .)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်..

5 comments:

  1. ဟုတ်ပါ့... သူများကံကြမ္မာကို အာပေါင်အာရင်းသန် ဟောနေလိုက်တာ... သူ့ကြမ္မာသူမသိ... ခစ်ခစ်
    ဂွတ်ထ။

    ReplyDelete
  2. တတ်ယောင်ကားတွေပေါ့....

    ဒါဆို တကယ်တတ်တဲ့သူတွေလည်း သူတို့က မှန်လား... သူတို့ရဲ့ ကံကြမ္မာ အနာဂတ်ကို ကြိုတွက်ပြီး ရှောင်လို့ရသလား...

    စဉ်းစားစရာပဲ။

    ခင်မင်စွာဖြင့်
    လင်းဦး(စိတ်ပညာ)

    ReplyDelete
  3. ဗေဒင်ဆရာဆိုတာလည်း ဆံပင်ညှပ်ဆရာလို ခွဲစိတ်ဆရာဝန် လိုများလားမှ မသိတာ။ ကိုယ့်ကိုကိုယ်တော့ ပြန်မပြုပြင်နိင်ဘူး ထင်ပါရဲ့။
    ဒါပေမယ့် မြင်နေရတဲ့ လက္ခဏာကို ကြည့်ရ တာဆိုတော့ သိသင့်ပါတယ်။
    ပညာဝမ်းစာ မပြည့်တဲ့ တတ်ယောင်ကား တွေပဲ ဒီလို ကြုံရတာနဲ့ တူတယ်။

    ReplyDelete
  4. အလွန်လည်း ဟောရတော့ ကိုယ်ကိုကိုယ် ဟောဘို့မေ့နေတာ ဖြစ်မှာပါ၊

    ReplyDelete
  5. ပြုံးမိတယ်..ဟုတ်တယ် ဗေဒင်ဆရာတွေ ပိုက်ဆံအလိမ်ခံရတာ.. ခါးပိုက်နှိုက်ခံရတာ.. သမီးလင်နောက်လိုက်တာတွေ ကြုံကြရတာပဲ။ ရယ်တော့ရယ်ရသား

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။