- ဥစ္စာမရှိဘဲ အစားမကြူးရာ။
- ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
- ပညာမရှိဘဲ စကားများစွာ မဆိုရာ။
- Without wealth, be not excessive in eating.
- Without strength, love not fighting.
- Without learning, speak not too much.
- မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
- သူမမေးဘဲ များစွာ မပြောရာ။
- မိမိဂုဏ်ကို ထုတ်ဖော် ၀ါကြွားပလွှားခြင်း မပြုရာ ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)
- Don't visit another's house frequently without being invited.
- Don't talk too much without being asked.
- Don't extol and boast of oneself.
- (Don't blow one's own trumpet.)
- ရေမပြည့်သော အိုးသည် ဘောင်ဘင် ခတ်တတ်၏။
- ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။
- A half-empty vessel makes more sound.
- A person not fully educated tends to show off.
- သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
- မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
- ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။
- The ocean is not contented in receiving water.
- The eye is not contented in seeing the beloved.
- The wise is not contented in good speech.
အားလုံးကိုချစ်ခင်လေးစားလျှက်...
အမရေ နောက်တစ်ခေါက် ထပ်ရောက်လာတယ်း) စာသားလေးတွေ ကော်ပီသွားတယ်နော် ပျော်ရွှင်ပါစေ။
ReplyDeleteညီမရေ..
ReplyDeleteလောကနီတိကိုအကြိမ်ကြိမ်ဖတ်သွားတယ်..။
ပျော်ရွှင်ပါစေ..။
ခင်တဲ့
မသဒ္ဓါ