ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပါးစပ်အကျင့် ၀မ်း အချင့်



အမှန်တော့ "ပါးစပ်အကျင့် ၊ ၀မ်းအချင့် " ဆိုသလို အစားအသောက် အနေအထိုင် ကျင့်ကြံမှုကို လိုက်ပြီး ၀မ်းကိုပါ ကျင့်ပေးလို့ရတယ်ဆိုတဲ့ စကားပုံရှိပါတယ်. . . . နေ့စဉ်မိမိ စားသောက်တဲ့ အစားအသောက်ထဲမှာ အမျှင် ဓာတ်ကြွယ်ဝတဲံ အစားအစာတွေကို ပါအောင် စားပေးမယ်ဆိုလျှင် ၀မ်းမှန်စေသလို၊ ၀မ်းကို လည်း နံနက်အိပ်ရာထ တာနဲ့ သန့်စင်ခန်းမှာ စွန့်ထုတ်ပေးတဲ့ အကျင့်ကို နေ့စဉ် စွဲမြဲအောင် လေ့ကျင့်ပေးလို့ရပါတယ်. . နံနက် အိပ်ရာထ နောက်ကျလျှင်တောင် အိပ်ရာနိုးတာနှင့် သန့်စင်ခန်း ၀င်သည့် အကျင့်ကို လုပ်ယူရပါမယ်. . .

လူ အများစုကတော့ နံနက် အိပ်ရာမှထ၊ ကိုယ်လက်သန့်စင် ပြီးနောက် ၀မ်းသွားပစ်လေ့ရှိပါတယ်. . . သို့သော် ၀မ်းကို နံနက် ခင်းမှာ မစွန့်နိုင်ဘဲ အချိန် အတော်ကြာအောင် အောင်းထားပြီးမှ စွန့်ပစ်လျှင် ၀မ်းဟာ အူထဲမှာ အချိန်တော်တော်ကြာအောင် နေလိုက်ရတဲ့အခါ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ ပိုးတွေနဲ့ ထိတွေ့မှုကြာလာတော့ Gas ထုတ်လွှတ်မှုလည်း ရှိလာပါတယ်. . . လေတွေများလာတဲ့ အခါမှာ လေလည်ပြီး အပြင်ကို စွန့်ထုတ်ပစ်ရပါတယ် . . အဲဒီအခါမှာ အပြင်ကို မကောင်းတဲ့ အနံ့အသက်များပါ ထွက်လာပါတယ်..

လူတစ်ချို့ က စိတ်ဆန္ဒတွေ စောပြီး "ကျောင်းနောက်ကျနေပြီ၊ ရုံးတက်ခါနီးပြီ ပြန်လာမှ ပဲ သွားတော့မယ် " ဆိုပြီး အောင့်ထားလေ့ရှိတတ်ပါတယ် . . အမှန်မှာ မိမိသွားရမည့် အချိန်ကို အတိအကျသိပြီး ကြိုတင် ပြီး လုပ်ကိုင် လှုပ်ရှားသင့်ပါတယ်. . . မိမိဝမ်းသွားချင်သော အချိန်ကျတော့ လမ်းပေါ်(သို့) ကျောင်းပေါ်(သို့) ရုံးရောက် ချိန်များ ဖြစ်နေလျှင် အောင့် ထားသော အလေ့အကျင့်ကို ရလာကြပါတယ်. . .

ဆီးအောင့်ထားလျှင် ဆီးထဲမှာ ပိုးများ ပေါက်ဖွား၍ ဆီးအိမ်နှင့် ဆီးလမ်းကြောင်းပိုးဝင်ကာ ရောင်ရမ်းပြီး ဆီးပူ၊ ဆီးအောင့်၊ ဆီးပြသာနာ တက်စေပါတယ်. . . ထို့အတူ ၀မ်းအောင့်ထားလျှင် အူတစ်လျှောက် အစာများ ကြာကြာအောင်းထားရတဲ့အခါတွင် ခြေဖျက်ထားသော အစာတွင် ပါသော အဆိပ်အတောက်များက အူလမ်းကြောင်းတစ်လျှောက်ရှိ ကလပ်စည်းများကို အဆိပ်အတော်ဖြစ်ပြီး ၀မ်းပျက် (သို့) ၀မ်းချုပ်စေပါသည်. . . နှစ်ပေါင်း တော်တော်ကြာကြာ ၀မ်းချုပ်သော အကျင့်ဖြစ်လျှင် အူမကြီး ကင်ဆာအဖြစ်ဒုက္ခပေးနိုင်ပါသည်. . .

ထို့ကြောင့် ၀မ်းမှန်အောင် ရေသောက်ပါ၊ ဟင်းသီးဟင်းရွက်များများစားပါ အမျှင်ဓာတ်ကြွယ်ဝသော ပဲတောင့် အမျိုးမျိုး ၊ ဆန်၊ဂျုံ အစရှိသည်တို့ကို နေ့စဉ်ပါအောင် စားပါ . . ဟင်းသီးဟင်းရွက် နှင့် သစ်သီး အစားနည်းသော သူများသည် ၀မ်းကျစ်လေ့ရှိပါသည်. . .

အစာထဲတွင်ပါသော အမျှင် တစ်မျိုးသည် အစာကြမ်းတစ်မျိုးဖြစ်ပါသည်. . . သူ့ကို မခြေဖျက်နိုင် မစုပ်ယူနိုင်သော ကြောင့် အစာကို အစာဟောင်းအိမ်ဆီ အရှိန်မြန်မြန်နှင့် ပို့ပေးနိုင်ပါသည်. . . ထို့ကြောင့် ၀မ်းမှန်ပြီး ၀မ်းမချုပ်နိုင်တော့ပါ. . . အမျှင်ဓာတ်သည် လူကို ဗိုက်ပြည့် စေ၍ မဆာစေပါ. . . ကိုယ်အလေးချိန် လျှော့ချလိုသူများသည်လည်း အမျှင်ဓာတ်များများ စားသင့်ပါသည်.

အစားအစာများမှ ရသော အမျှင်ဓာတ်များကို စားသုံးခြင်းဖြင့် အူမကြီး ရောင်ရမ်းရောဂါ၊ ၀မ်းချုပ်ခြင်း ၊ အူအတက်ရောင် ရောဂါ၊ အ၀လွန်ရောဂါနှင့် ဆီးချိုသွေးချိုရောဂါများမှ ကာကွယ်နိုင်ပါသည်. . .

သို့ပါ၍ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို ရာသီအလိုက် ဈေးချိုချိုဖြင့် ၀ယ်ယူစားသုံးခြင်းဖြင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါသည်. . .

ဒေါက်တာ ရည်ညွန့်မေ

အားလုံးကိုချစ်ခင်လေးစားလျှက်...





7 comments:

  1. အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကို များများ စာရင်းပြုစုပေးပါလား ပန်းကဗျာရေ...
    တစ်နေ့တစ်မျိုးလောက် စားလို့ရတာပေါ့။

    ကျန်းမာရေးပညာပေးလေး ကောင်းပါတယ်။

    ReplyDelete
  2. ကျန်းမာရေး လမ်းညွှန်ချက်...း)

    ReplyDelete
  3. ဝယ်တော့စားပါတယ်...
    ဈေးတော့မချိုဘူး...

းဝ)

    ReplyDelete
  4. အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ ဖော်ပြပေးပါလားအစ်မရေ.. ဒါမှ သေချာစားလို့ ရမှာ.. ကျေးဇူးပါပဲအစ်မ..။
    တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးနဲ့ပေါ့.။

    ReplyDelete
  5. ဟုတ်တယ်...ကျွန်တော်လဲအပေါ်ကညီကိုတွေပြောသလိုပြောမလို့... ကျန်းမာပါစေဗျာ... များများရေးပါ.ဒါမျိုးလေးတွေ

    ReplyDelete
  6. အမှန်ပဲဗျာ။ အလကားနေ .. အောင့်အောင့်ထားရလို့.. အထိုင်သမားအလုပ်တွေ လုပ်နေရတဲ့ ကျနော်တို့လို လူတွေအတွက် ဒီပြသာနာကလဲ မသေးဘူးဗျာ။ အခုလို သတိပေးထားတာ ကျေးဇူးပါ။ နောင်ဆို.. ရှင်းသင့်တာကို ရှင်းမှဗျို့။

    ReplyDelete
  7. ၀မ်းအမှန်လွန်ပြီး ပိန်လွန်းနေတဲ့သူကျ အမျှင်ဓာတ်လျှော့စားရမှာလားဟင် အဟုတ်မေးတာ.. နေ့အိပ်မက် ၀မ်းချုပ်တယ်ဆိုတာ တစ်ခါမှမရှိဘူး.. ခက်တာက တစ်ခါမှလည်း ပေါင်ကိုးဆယ်မကျော်ဖူးဘူး.. :(

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။