
ဖိနပ်ချုပ်သမား တစ်ဦးသည် ဖိနပ်ပုံပါသော ပန်းချီကားတစ်ချပ်ကို လေးလေးနက်နက်လေ့လာပြီးနောက် အပယ်လ်လက်စ် ဖိနပ်ဆွဲထားပုံ မှားယွင်းနေသည်ဟု မှတ်ချက်ချလိုက်ပါသည်. .. ဖိနပ်ချုပ်သမားသည် ဖိနပ်အကြောင်းကို ပန်းချီဆရာထက် အကဲဖြတ်တော်မည်ဟု ပန်းချီဆရာက ဆုံးဖြတ်လိုက်ပြီး ထိုညတွင် ထိုအမှားကို ပြုပြင်လိုက်ပါသည်..
နောက်တစ်နေ့တွင် ဖိနပ်ချုပ်သမားသည် ပန်းချီကားကို ကြည့်ခဲ့ပြန်သည်. . . သူ့ထောက်ချက်ကို အရေးတယူထားခဲ့ကြောင်း သူတွေ့မြင်သော အခါ ဘ၀င်လေခတ်သွားပြီး သူသည် ပန်းချီကား၏ အခြား အစိတ်အပိုင်း တစ်ခုအကြောင်း မကောင်းပြောလိုက်ပြန်ပါသည်. . . .
ဤတစ်ကြိမ်တွင် ထိုသူသည် မသိနားမလည်ဘဲ သွေးနားထင်ရောက်လေကြီးနေသည်ကို အပယ်လ်လက်စ် က သိလိုက်ပါသည်. . . . ထို့ကြောင့် သူသည် ခန်းဆီးနောက်ကွယ်မှာ ပြေးထွက်၍ ဟောက်ထည့်လိုက်ပါသည်. .
"ဖိနပ်ချုပ်သမား ကိုယ်တန်ရာပဲ ကိုယ်ပြော "
လူသည် မိမိအနေဖြင့် နှိုက်နှိုက်နှဲနှဲ သိသည့် ကိစ္စရပ်များကိုသာ ဝေဖန်သင့်သည် ဟု ဆိုလိုရင်းဖြစ်ပါသည်. .
Intelligent suggesting should always be welcomed, but the comment of
the ignorant can be safly ignored.
ပညာပြည့်ဝသော အကြံပြုချက်များကို အမြဲတစေ ကြိုဆိုသင့်သည်.
သို့သော အသိမဲ့သူ၏ မှတ်ချက်များကို စိတ်ချစွာ လျစ်လျူရှုသင့်သည်.
the ignorant can be safly ignored.
ပညာပြည့်ဝသော အကြံပြုချက်များကို အမြဲတစေ ကြိုဆိုသင့်သည်.
သို့သော အသိမဲ့သူ၏ မှတ်ချက်များကို စိတ်ချစွာ လျစ်လျူရှုသင့်သည်.
ခွန်အားပေးသော အတွေးများ (မောင်ဝေဟင်) စာအုပ်မှ ကူးယူဖော်ပြပါသည်။
အားလုံးကိုချစ်ခင်လေးစားလျှက်...

ဟုတ်တယ်နော် မမ.. ဒါကြောင့် ပြောကြတာပေါ့။ တန်ရာတန်ရာ ကိုပဲပြောပါ ဆိုတဲ့ စကားလေးက ဒါမျိုးကိုပြောတာ ဖြစ်မယ်နော်။
ReplyDeleteခင်မင်လေးစားလျှက်
ဟုတ်ပါတယ်။
ReplyDeleteဝေဖန်ရေးလုပ်တော့မယ်ဆိုရင် နက်နက်နဲနဲသိအောင် အရင်လုပ်ထားဖို့ လိုပါတယ်။
တိန်...မှန်လိုက်တာာာ...
ReplyDeleteအိုး..ကောင်းလိုက်တဲ့ စာလေး.... ပညာရသွားပါတယ်ဗျာ...
ReplyDeleteသိပ်ကောင်းတဲ့ စာစုလေးပဲခင်ဗျ..
ReplyDeleteပျော်ပါစေ
ဒီ နေ့တော့ မဝေဖန်ပါ ကိုယ်မုန့်ကိုယ်စား ၍ပြန်ပါပြီ
ReplyDeleteဧရာဝတီမိသားစုအောင်မြင်ပါစေ
သိပ်သဘောကျကြောင်း။
ReplyDeleteကောင်းလိုက်တဲ့ ပညာပေး ပို့စ်လေး...
ReplyDeleteတီတီရေ.... မှတ်သားထားပါတယ်..
ခုလို ပို့စ်လေးတွေ များများတင်ပေးပါနော့်..
အာဝါးးးးးးးးးးးးးးးးးးးးးးးးး
ကိုယ်နှင့်သက်ဆိုင် ကိုယ်ပိုင်နိုင်မှ ဝေဖန်မှုက မှန်ကန်နိုင်ပါတယ်။
ReplyDeleteဒီလိုမှ မဟုတ်ရင်တော့ လေကန်ရေး ဖြစ်သွားမယ်။
စည်
ဝေဖန်လိုက်တိုင်း ရှူးခနဲ..ထွက်လာတဲ့ ဒေါသနဲ့ ပညာမာန်တွေကို ..သတိထားဖို့..အသိပေးလိုက်တဲ့ ပို့စ်ပါပဲ။ ကျေးဇူးအထူး တင်ပါတယ်။
ReplyDelete