ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အတူတကွ



အတူတကွ


အတူတကွ၊ ရှိနေကြခိုက်
မိဘကျေးဇူး၊ ဆပ်တုံ့ ဦးလော့။

အတူတကွ၊ ရှိနေကြခိုက်
ဆရာ့ကျေးဇူး၊ ဆပ်တုံ့ဦးလော့။

အတူတကွ၊ ရှိနေကြခိုက်
ချစ်စကိုရှည်၊ ရန် မာန်ပြေလျက်
မိတ်ဆွေချင်းချင်း၊ ချစ်ရိုင်းပင်းလော့။

အတူတကွ၊ မရှိကြဘဲ
သူကတစ်ရွာ၊ ကိုယ့်မှာ တစ်မြေ
ခြားနားလေမှ၊ လွင့်ကြွေတိမ်းပါး
ကာလာများသို့ ၊ ပြန်သွားချင်လို
လွမ်းအားပိုသော်

အလိုဆန္ဒ၊ မပြည့်ဝဘဲ
တမ်းတခြင်းသာ၊ အသည်းလွှာဝယ်
ဒဏ်ရာအဖြစ်၊ ထင်ကျန်ရစ်ကာ
အချစ်ပျောက်ဆုံးတတ်လေသည်။


မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...


9 comments:

  1. အတူတကွ ရှိနေစဉ်မှာ တစ်ဦးတန်ဘိုး တစ်ဦးနားလည်ပြီး နေနိုင်ပါမှနော်။ ဒါပေမယ့် ဝေးနေတော့မှ တန်ဘိုးပိုသိလာတယ်။ အဝေးမှာနေလေ မိဘကျေးဇူးတွေကို ပိုပိုပြီး ခံစားနားလည်တတ်လေလေပဲ အမရယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  2. တယ်မှန်တဲ့စာပါပဲဗျာ.. အခုနေဝေးကွာနေတဲ့သူတွေကို လွမ်းဆွတ်မိတိုင်း အရင်က သူ့ကို ငါဘယ်လိုဆက်ဆံသင့်ခဲ့တာဆိုတာကို ပြန်တွေးရင်းနဲ့ နောင်တတွေ ရနေမိတယ်.....

    ReplyDelete
  3. မှတ်သားသင့်တဲ့ စာသားလေးတွေပါ မျှဝေပေးတာ ကျေးဇူးနော်

    ReplyDelete
  4. ခံစားအားကောင်းတဲ့  ခံစားလို့ ကောင်းတဲ့  ထိထိမိမိရှိတဲ့ ကဗျာလေး
    တစ်ပုဒ်ပါဘဲ အမရေ . . . ခုလို မဖတ်ရသေးတဲ့  ကဗျာလေးတွေရှာ
    ရှာတင်ပေးတာ ကျေးဇူးပါဘဲနော် . . . :)

    ReplyDelete
  5. တကယ်ကို မှန်တဲ့ ကဗျာလေးပါပဲ
    တန်ဖိုးရှိတဲ့စာသားတွေပဲ
    ကျွန်တော်တို့လို အိမ်ဝေးသူ တွေ အတွက်တော့
    ခံစားစရာ စာစုလေးပါပဲ..မှတ်သားထားပါတယ်
    ကျေးဇူးပါခင်ဗျာ
    ပျော်ပါစေ

    ReplyDelete
  6. အတူတကွ
    ကောင်းလိုက်တဲ့စာ

    ReplyDelete
  7. အတူတကွ၊ မရှိကြဘဲ
    သူကတစ်ရွာ၊ ကိုယ့်မှာ တစ်မြေ
    ခြားနားလေမှ၊ လွင့်ကြွေတိမ်းပါး
    ကာလာများသို့ ၊ ပြန်သွားချင်လို
    လွမ်းအားပိုသော်

    ထိတယ် ရှတယ် ထိရှတယ် ကျွန်တော့်အတွက်ရေးထားတာလား မမေရေ

    ReplyDelete
  8. အလိုဆန္ဒ၊ မပြည့်ဝဘဲ
    တမ်းတခြင်းသာ၊ အသည်းလွှာဝယ်
    ဒဏ်ရာအဖြစ်၊ ထင်ကျန်ရစ်ကာ
    အချစ်ပျောက်ဆုံးတတ်လေသည်။
    အဲ့ဒါလေးတွေကောင်းတယ်နော် ဘယ်သူ့အတွက်ရေးထားတာလည်းတော့မသိဘူး တော်တော်လေးတော့ဖတ်လို့ကောင်းတယ်အမရေ မျှဝေပေးတာကျေးဇူးပါပဲနော်။

    ReplyDelete
  9. ကဗျာလေးကောင်းတယ်
    နှစ်၂သက်၂ ဖတ်သွားပါတယ်

    ပျော်ရွှင်ပါစေ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။