ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဘာတစ်ခုမှ အဆုံးအရှုံးမခံလိုက်ရဘူး



လားနှစ်ကောင်ဟာ လေးလံတဲ့ အထုပ်အပိုးတွေနဲ့ ခရီးထွက်လာကြတယ်. . . တစ်ကောင်က ပိုက်ဆံတွေ အပြည့်ပါရှိတဲ့ အိတ်တွေ သယ်ခဲ့ရသတဲ့. . . ကျန်တစ်ကောင်က စပါးတွေပါတဲ့ အိတ်တွေကို သယ်ခဲ့ရတယ်. .

ပိုက်ဆံတွေသယ်လာတဲ့ လားက မော်လို့ကြွားလို့ ခေါင်းတထောင်ထောင်နဲ့ သွားနေတာပေါ့. . . သူ့လည်ပင်းပတ်က ခေါင်းလောင်းကို အသံကျယ်ကျယ်မြည်အောင် လှုပ်ခါနေပေမယ့်. . . သူ့အဖော်ကတော့ တိတ်ဆိတ် ငြိမ်သက်စွာပဲ ခရီးဆက်လာတယ်. .

တစ်နေရာရောက်တော့ ဓားပြတွေဟာ ချုံထဲက ရုတ်တရက်ထွက်လာပြီးနောက် တိုက်ခိုက်ကြလို့ ပထမလားဟာ ဓားထိုးခံလိုက်ရတယ်. . . .ငွေတွေလည်း အလုခံလိုက်ရတယ်. . ဒါပေမယ့် ဓားပြတွေဟာ စပါးတွေကို အပင်ပန်းခံပြီး သယ်ယူသွားဖို့ကိုတော့ မစဉ်းစားကြဘူး. . . .

ပိုက်ဆံတွေသယ်လာတဲ့ လားဟာ သူ့ကံကြမ္မာဆိုးကြောင့် ဟစ်အော်ငိုကြွေးနေတာပေါ့. . . ကျန်တဲ့လားက ငါ့အဖို့ ဓားပြတွေ ဂရုစိုက်မခံရတာ ၀မ်းသာစရာပဲ. . . ငါ့မှာ ဘာတစ်ခုမှ အဆုံးအရှုံးမခံလိုက်ရဘူး . . . ကိုယ်မှာလည်း ဒဏ်ရာမရခဲ့ဘူး လို့ဆိုတယ်. .

(ရိုးသားနိမ့်ကျတဲ့ဘ၀ က လုံခြုံမှုရှိတယ်. . ချမ်းသာသူတွေအဖို့ အန္တရယ် အမြဲရှိနေတာပဲ)

အီစွတ်ပုံပြင်ပေါင်းချုပ်

အားလုံးကိုချစ်ခင်လေးစားလျှက်...




4 comments:

  1. အိုး.. ကောင်းလိုက်တဲ့ ပုံပြင်လေးပါပဲ.. မျှဝေပေးတာကို ကျေးဇူးတင်ပါတယ်....

    ReplyDelete
  2. အင်း... ပိုက်ဆံချမ်းသာချင်တဲ့သူတွေ.. မှတ်သားစရာလေးပေါ့...။
    ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး မှန်မှန်နေတတ်ကြပါစေ...။
    မတရားတဲ့ငွေက မတရားမှုတွေနဲ့ပဲကြုံတွေရတတ်စမြဲပါ..။

    ReplyDelete
  3. ဟုတ်တယ်နော် မမ .... လောကမှာ ကြွားဝါခြင်းဟာ ဘယ်တော့မှ မကောင်းဘူးနော်။
    (ရိုးသားနိမ့်ကျတဲ့ဘ၀ က လုံခြုံမှုရှိတယ်. . ချမ်းသာသူတွေအဖို့ အန္တရယ် အမြဲရှိနေတာပဲ)
    ဒီစာသားလေးကို မှတ်သားသွားပါတယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  4. သင်ခန်းစာယူစရာ တစ်ခုမို့ မှတ်သားသင့်ပါတယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။