ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကော်ဖီနှင့်ရောဂါ

ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြတယ်. . ကော်ဖီနှင့်ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုးတွေကို ပြောကြသလို အမျိုးမျိုးလည်း သတ်မှတ်ကြပါတယ်. . တချို့ ကကော်ဖီမှာ ကဖိန်းဓာတ်ပါလို့ အာရုံကြောကို ဒုက္ခရောက်စေတယ်လို့ ဆိုကြတယ်. . .မကြာသေးခင်က ထွက်ရှိခဲ့တဲ့ အစီရင်ခံစာများထဲတွင် ကော်ဖီနှင့်ပက်သက်ပြီး ကောင်းကျိုးတွေပါလာပါတယ်. . ကော်ဖီဟာရောဂါကြီးတွေကိုတောင် သက်သာစေနိုင်တယ်လို့ ပြောတယ်. . စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ကျန်းမာစေတယ်လို့ ဖော်ပြခဲ့ပါတယ်. .



နှလုံးကို အားကောင်းစေပါသလား

အရင်ကတော့ ကော်ဖီဟာ နှလုံးကို အားနည်းစေတယ် . . နှလုံးမကောင်းဘူးလို့ ကောက်ချက်ချခဲ့ကြတယ်. . . လွန်ခဲ့တဲ့ အနှစ်၂၀က ဆိုရင် လေ့လာဆန်းစစ်မှုများကို ဥရောပကလုပ်ကြပြီး ကော်ဖီပြင်းပြင်းသောက်ရင် ကိုလက်စထရော အများကြီးဖြစ်ပေါ်စေတယ်လို့ ပြောကြတယ်. . . သုတေသီတွေကလည်း အမျိုးမျိုး ဆန်းစစ်ကြည့်ကြပါတယ်. . အဲဒီအခါမှာ ကော်ဖီကို ပုံမှန်သောက်မယ် အလွန်အကျွံ့မဟုတ်ဘဲ အသင့်အတင့် သောက်မယ်ဆိုရင် မိမိရဲ့ သွေးတိုးစေမှုကို အန္တရာယ် မဖြစ်ဘူး . . သွေးတိုးရောဂါလည်း မဖြစ်ဘူးလို့ ဆိုပါတယ် . . ဒါ့အပြင် သွေးခုန်နှုန်း မမှန်တာတွေကို မှန်အောင် အားပေးတယ်. . ကျန်းမာရေး ကောင်းတဲ့ သူတွေဖြစ်အောင် ကော်ဖီကအကျိုးပြုပါတယ်လို့ ဆိုပါတယ် . . ကော်ဖီကြောင့် နှလုံးရောဂါဖြစ်တယ်ဆိုတာ အခုမှဟုတ်တော့ပါဘူးလို့ ဟားဗတ်တက္ကသိုလ်က မိယာစတင်ဖာက ပြောပါတယ်. . ကော်ဖီသောက်တာနဲ့ နှလုံးရောဂါဖြစ်တာ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလည်း သိရှိလာရပါတယ်. . .

ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို ကာကွယ်ပေးခြင်း

ယခုအခါ ကော်ဖီရဲ့ အာနိသင်နဲ့ပတ်သက်ပြီး အသစ်တွေ့ရှိတာက အသက်ကြီးတဲ့ အခါ ဖြစ်တတ်တဲ့ ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို သက်သာပျောက်ကင်းစေသလို မဖြစ်အောင်လည်း ကာကွယ်တယ်လို့ ဆိုပါတယ်...

ကော်ဖီများများသောက်ရင် ကိုယ်ဝန်ပျက်စီးစေသလား

ကနေဒါက ကော်ဖီနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်သူတွေဟာ သားပျက်ကျတဲ့ ကိုယ်ဝန်ဆောင်သည်တွေကို စစ်ဆေးကြည့်တဲ့အခါ ၃၆% ဟာ တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်တဲ့သူတွေ ဖြစ်တယ်လို့သိရပါတယ်. . သူတို့ဟာ ကော်ဖီမသောက်တဲ့ မိန်းမတွေထက်ပိုပြီး အဖြစ်များတာ တွေ့ရတယ်. . . ဒါပေမယ့် အမေရိကန်ပြည်ထောင်စု က လူသားဖွံ့ဖြိုးမှုနှင့် ကလေးကျန်းမာရေး အမျိုးသားဌာနက ဒေါက်တာ မက်ကလေဘာနော့က ဒီအဆိုဟာ မသေချာပါဘူး. ကော်ဖီမသောက်ဘဲနဲ့လည်း သားပျက်ကျတဲ့ မိန်းမတွေ အများကြီးရှိတယ်. . . ကော်ဖီသောက်လို့သားပျက်တယ်ဆိုတာကတော့ အခုအချိန်ထိ အသေအချာ ပြောလို့မရသေးပါဘူး ကော်ဖီကို တစ်နေ့ ၅ခွက်၊ ၆ခွက် အလွန်အကျွံ့သောက်တဲ့ သူတွေကတော့ သားပျက်တာဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်. . .

ကင်ဆာရောဂါဖြစ်နိုင်သလား

၁၉၈၀ ခုနှစ်ကာလတွေတုန်းကတော့ ကော်ဖီသောက်လို့ရှိရင် ပန်းခရိကင်ဆာဖြစ်နိုင်တယ်လို့ ပြောပါတယ်. . . အဲဒါဟာ တမင်ခြောက်လှန့်တာသက်သက်ပဲ ဖြစ်ပါတယ် ဒါကြောင့်လေ့လာဆန်းစစ်မှုတွေ လုပ်ကြည့်တဲ့ အခါ ကော်ဖီကြောင့် ဖြစ်တယ်ဆိုတာ လက်မခံကြပါဘူး နောက်တစ်ချို့လည်း ဆီးအိမ်ကင်ဆာဟာ ကော်ဖီသောက်လို့လည်းပြောပါတယ်. . . ဒီအချက်ဟာလည်း လေ့လာဆန်းစစ်ကြည့်တဲ့အခါ မမှန်ကန်တာကို တွေ့ရပါတယ်. . တစ်နေ့ကို ကော်ဖီ၁၀ခွက်ကျော် သောက်တဲ့ လူတွေမှာတော့ ကျန်းမာရေး ထိခိုက်စေတာကို တွေ့ရပါတယ် .. . . ဒါပေမယ့် အူမကြီး ကင်ဆာ ဖြစ်တဲ့အခါ ကော်ဖီကြောင့်ဆိုတာကိုတော့ ယနေ့တိုင် မတွေ့ရှိရသေးပါ. . .

အားကစားနှင့်ကော်ဖီ

ကဖိန်းဟာ အမှန်တကယ်တော့ စိတ်ကြွမှုအားကောင်းစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်. . . နိုင်ငံတကာ အိုလံပစ် ကော်မတီက သွေးထဲမှာ ကဖိန်းဓာတ် ဘယ်လောက်ရှိရမလဲဆိုတာကို ကန့်သတ်ထားပါတယ် . . . ပြိုင်ပွဲများတွင် စိတ်ကြွဆေး သုံးမသုံး သက်ဆိုင်ရာ စမ်းသပ်စစ်ဆေးတဲ့အခါ ကဖိန်းဓာတ် ဘယ်လောက် ပါသလဲဆိုတာလည်း စစ်ပါတယ်. . ကဖိန်းဟာ နိုးကြားပြီး စိတ်ဓာတ်တက်ကြွစေတယ်. . ကော်ဖီကို လိုအပ်တာထက် ပိုသောက်ကြရင် အိပ်မပျော်ဘဲ လန်းဆန်းတက်ကြွနေပါတယ်. . ဒါကြောင့် အားကစားသများတွေကို မူးယစ်ဆေး မသုံးရဆိုတာကြောင့် ကဖိန်းဓာတ် ပါဝင်မှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်. .

ကော်ဖီကို သောက်သင့်သလား .

အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်ထဲက ကလေးကို မွေးတဲ့အခါ နို့တိုက်ရမှာဖြစ်တယ်. ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကိုယ် ကော်ဖီ ၂ ခွက်သောက်သင့်ပါတယ်. . ၂ ခွက်ထက်တော့ မပိုသင့်ပါဘူး ကော်ဖီအလွန်အကျွံ့သောက်လို့ ကိုယ်ဝန်ပျက်ကျမှာလည်း ကြည့်ရပါမယ်. . ကော်ဖီ၂ခွက်ပဲသောက်မယ်ဆိုရင် မိခင်ဟာ နို့ထွက်ကောင်းတယ်. . . ကိုယ်ဝန်ဆောင်သည်များ စိတ်ချမ်းသာတာ ၊ နှလုံးခုန်တာကိုလည်း ကော်ဖီကထိန်းပေးပါတယ် . . ဒါကြောင့်ကော်ဖီဟာ နေ့စဉ်ကော်ဖီ၃ ခွက်တော့ သောက်သင့်ပါတယ်. .

ကော်ဖီသောက်တာ ဆိုးကျိုးရှိသလို ကောင်းကျိုးလည်း ရှိနိုင်ပါတယ် . . အလွန်အကျွံ့ မသောက်ဘဲ မျှတအောင်ပဲ သောက်ဖို့ လိုပါတယ်..

သုတေသီတစ်ဦး (ကြုံတွေ့နေကျ ကျန်းမာရေး ပြသာနာများအတွက်)

အားလုံးကိုချစ်ခင်လေးစားလျှက်...





10 comments:

  1. ကော်ဖီအကြောင်း တစေ့တစောင်း လာရောက်ဖတ်မှတ်သွား ပါတယ် ကျနော်နဲ့ အရင်းနှီးဆုံးကတော့ သူပါပဲ သူမရှိရင် တစ်ခုခု လိုနေသလို .... အာရုံပဲ မရသလိုလို ..ဟဟ .... သူရှိရင် အပျင်း ပြေသလို ခံတွင်းလည်း ရှင်းပါတယ် ... တစ်နေ့ ကို သုံးခွက်တော့ အနည်းဆုံးသောက်ဖြစ်နေတယ် .....
    ကျေးဇူးဗျ ဗဟုသုတလေးအတွက်
    ခင်တဲ့
    ရန်ကုန်သား

    ReplyDelete
  2. ရေးထားတာကော
    အကြောင်းအရာကော
    အကျိုးတရားကော
    ကောင်းလိုက်တာ
    အရင် နှစ်ခွက် ခု သုံးခွက် သောက်ရတော့မယ်။

    ကျေးဇူးတင်တယ်
    ကော်ဖီတန်ခိုးနဲ့ ကျန်းမာရေးတွေ တိုးစေမည်။

    တောက်၂

    ReplyDelete
  3. ကော်ဖီတအားသောက်ရင် နှလုံးရောဂါ ဖြစ်တတ်တယ်ပြောကြလို့..
    လျှော့နေရတာ..ခုတော့ ပုံမှန်စိတ်ကြိုက် ပြန်သောက်ရတော့မယ်..
    ကျေးဇူးတင်ပါတယ်ခင်ဗျာ..
    ပျော်ပါစေ

    ReplyDelete
  4. ကျနော်က တစ်ရက် အနည်းဆုံး နှစ်ခွက်သောက်နေကျ။
    စိတ်ချသွားပြီ။ ထပ်တိုးသောက်လိုက်ဦးမယ်။

    ReplyDelete
  5. ကော်ဖီသောက်တတ်တဲ့ သူငယ်ချင်းများအတွက် ကူးယူသွားပါတယ်.. ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးနဲ့ ချင့်ချိန်လုပ်နိုင်ရင် အကောင်းဆုံးပါပဲ... အခုလိုကျန်းမာရေးအသိပေးလေး ဖော်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်အစ်မ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...။

    ReplyDelete
  6. မမရေ ...... ကျေးဇူးတင်ပါတယ်။ ရောင်က ကောဖီ တနေ့ကို ၃ ခွက်လောက်တော့ သောက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေက မကောင်းဘူးလို့ ပြောပေမယ့် ကြိုက်တယ်လေ။ အခုလောက်ဆိုရင်တော့ ဘာမှ မဖြစ်မှန်းသိသွားပြီ။ ကျေးဇူးပါ မမ။

    ReplyDelete
  7. ဗဟုသုတရတယ်အမရေ ကောင်းကျိုး ဆိုးကျိုးကတော.
    ဒီလိုပါဘဲ ဒွန်တွဲနေမှာပါဘဲ ... တစ်ခုဘဲရှိတယ် ကော်ဖီသောက်တိုင်း
    လွမ်းတယ်တော. မဖြစ်ဖို.အရေးကြီးတယ် ရတနာဦးသီချင်းလေ :P

    ReplyDelete
  8. မမတို့ကို ကျေးဇူးတင်ပါ့။ ဟိဟိ
    သမီးကို ကော်ဖီလျော့သောက်ပြောနေကြတာလေ။ ဟိဟိ
    ခုတော့ ဒီပိုစ့်ပေးဖတ်လို့ရပြီ။
    လျော့သောက်စရာမလိုတော့ဘူးပေါ့။ ကျေးဇူးနော်။

    ReplyDelete
  9. ကျွန်တော်ကတော့ တစ်နေ့ကို ကော်ဖီ (၁၀)ခွက်ကျော် သောက်တယ်.. ဒါအခု ဆရာဝန်က ပြောလို့ လျှော့ထားတာ... အရင်တုန်းက အဲ့ထက်များတယ်....

    ReplyDelete
  10. ဒီပို့စ်ရေးပေးတာ ကျေးဇူးပါ.... ကော်ဖီကြိုက်တဲ့သူတွေရဲရဲသောက်ရဲအောင်လို့လေ.. နေ့အိပ်မက်က သူများတွေ ဘာပြောပြော ကော်ဖီစွဲလာတာကြာပေါ့....

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။