ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လှူတတ်မှမြတ်

ကုသိုလ်ကောင်းမှုပြုရာတွင် "လှူဒါန်းခြင်း" သည် အခြေခံဖြစ်သည်. . . သာမန်အားဖြင့် အလှူဒါနပြုခြင်းသည် ရဟန်း သံဃာတော်များအား ပစ္စည်းလေးပါး စသည်တို့ကို လှူဒါန်းပူဇော်ခြင်း၊ အလှူပွဲလာ ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးခြင်း၊ မိမိ၏ ကုသိုလ် အဖို့ကို အမျှအတန်းဝေခြင်း ဟူ၍ နားလည်ထားကြသည်. .

စင်စစ် လှူဒါန်းသည် ဆိုရာ၌ အပိုအလျှံရှိသူ ချမ်းသာကြွယ်ဝသူတို့က မရှိဆင်းရဲသားများ အား စွန့်ကြဲ ပေးကမ်း ခြင်းသည်လည်း အကျုံးဝင်သည်. . . ပိုသူကလိုသူအား ဖြည့်ဆည်းပေးကမ်းခြင်းသည် ဘုရားအဆုံးအမ နှင့်လည်း ညီညွတ်ပေသည်. . .

အလှူနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာ အဆိုအမိန့်၊ အဆုံးအများစွာရှိသည့် အနက် အလှူရှင်၏ စိတ်စေတနာ သန့်ရှင်းကြည်လင်ခြင်းသည်လည်းကောင်း ၊ အလှူခံပုဂ္ဂိုလ်သည် လဇ္ဖ္စီပုဂ္ဂိုလ်ဖြစ်ခြင်းသည် လည်းကောင်း၊ မြတ်သော အလှူထမြောက်ရေး အတွက် ပဓာနလိုအပ်ချက်ဖြစ်ကြောင်း မှတ်သားရပါသည်. .

အကျင့်သိက္ခာယုတ်နိမ့်သော အလဇ္ဖ္စီပုဂ္ဂိုလ်များအား လှူဒါန်းခြင်းသည် စေတနာ သဒ္ဒါတရား ထားတတ်ပါက လုံးလုံးလျားလျား အချည်းနှီးမဖြစ်စေကာမူ မြတ်သောအလှူဟူ၍ မဆိုနိုင်ချေ. . . .

အလားတူပင် "ရေများရာ မိုးရွာသော အလှူ "၊ "သူဋ္ဌေးကြေးပံ့သော အလှူ "နှင့် "ပြည်ပေါ်မှာ ရွှေကြော်ငြာထုတ်လိုသော အလှူ "တို့သည်လည်း မြတ်သော အလှူဟုမဆိုနိုင်ချေ. . .
ထို့ကြောင့် "ရေးနည်းရာ မိုးရွာသော အလှူ "၊ "ပိုသူကလိုသူကို ဖြည့်ဆည်းပေးသော အလှူ" နှင့် "လူမသိရင်နေပါစေ ဘုရားသိရင် တော်ပါပြီ" ဟု သဘောထားသော အလှူ တို့သည်ကား မြတ်သောအ လှူဖြစ်ပေသည်. . .

အထူးသဖြင့် လူအများ ကျန်းမာချမ်းသာရေး၊ လူအများ ပညာပြန့်ပွားရေးတို့ကို ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ ၊နေရာဌာနများအား လှိုက်လှဲကြည်ဖြူစွာ လှူဒါန်းခြင်းသည် မြတ်သော အလှူ ဧကန်ဖြစ်ပါသည်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...

9 comments:

  1. အလှူအကြောင်းလေး လာဖတ်တယ် အစ်မရေ
    လှူဒါန်းခြင်းဖြင့် အကျိုးများကြပါစေ
    သာဓု သာဓု သာဓု
    ခင်တဲ့
    ရန်ကုန်သား
    အေးမြသာယာပါစေ :D

    ReplyDelete
  2. အမ ...... စေတနာသုံးတန် ပြတ်သားစွာနဲ့ တွန့်တိုမှုမရှိပဲ လှူတဲ့အလှူတိုင်း မြတ်သောအလှူ ပဲပေါ့နော်

    ReplyDelete
  3. လှူတတ်ရင် တကယ်မြတ်ပါတယ်။ အလှူပစ္စည်းနည်းတာက ပြဿနာမဟုတ်ပါဘူး။ စေတနာထားတတ်ဖို့က အဓိကမဟုတ်လား။
    သေချာဖတ်ပြီး မှတ်သားသွားပါတယ်။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  4. အလှူအမျိုးအစားတွေ အကြောင်း အခုမှ သေချာခွဲခြားသိပါတယ်။ မသိသေးတဲ့ အသိတရားကို မျှဝေပေးတဲ့ ဓမ္မအလှူကလည်း မြင့်မြတ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. အလှူကို အဓိပ္ပာယ်ဖွင့်ပုံက မွန်မြတ်လှပါရဲ့...

းဝ)

    ReplyDelete
  6. အလှူအကြောင်းလေးရေးထားတာ ဓမ္မဒါန အလှူလေးတစ်ခုပါပဲ
    ဒီဆိုဒ်လေးမှာလည်း အလှူအကြောင်း ဖတ်လို့ရပါတယ်။
    http://soethuhein.iblogger.org/?p=57#comments

    ReplyDelete
  7. တကယ်မှတ်သားထိုက်တယ်ဗျာ ... အလှုကလည်း လှုတတ်မှ
    မြတ်တာဘဲ ဟုတ်တယ်ဗျာ မှန်တယ် ...

    ReplyDelete
  8. အလှူပေမယ့် လှူတတ်မှမြတ်တယ်ဆိုတာလေးကိုသိခွင့်ရခဲ့ပါတယ်ခင်ဗျာ

    ReplyDelete
  9. ထောက်ခံတယ်ဗျား... ရေများရာ မိုးရွာလို့ အလကားပဲ၊ လူမသိရင်နေ ဘုရားသိရင်တော်ပါပြီ ဆိုတဲ့ စကားတော့ ကြိုက်တယ်ဗျာ...။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။