ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
ဂေါက်သီးလောကဟာသများ
"စိုးရိမ်သူ"
နာမည်ကြီးဂေါက်ကွင်းတစ်ကွင်းအနီးရှိ ဆေးရုံကြီး၏ အရေးပေါ် ကုသခန်းရှေ့တွင် ဂေါက်သမားကြီး တစ်ယောက် လူးလားခေါက်တုံ့ဖြင့် ဂနာမငြိမ် ဖြစ်နေသည်. . အခန်းထဲတွင်ကား ဆရာဝန်များသည် လည်ချောင်းထဲသို့ ဂေါက်သီးဝင်သွားသည် ဂေါက်သမားတစ်ဦးကို အရေးပေါ်ခွဲစိတ်နေကြ၏
တာဝန်ကျသူနာပြုက ထွက်လာပြီး ဂေါက်သမားကြီးကို နှစ်သိမ့်၏
သူနာပြု - "ပြီးတော့မှာပါရှင်၊ ဘာတော်လည်း၊ ဆွေမျိုးလား. . . "
ဂေါက်သမား- "မတော်ပါဘူးဆရာမ၊ ကျွန်တော့ဘောလုံးကလေး ပြန်ရမလားလို့ စောင့်နေတာပါ. . . "
"အထက်လူကြီးနဲ့ရိုက်ရတာ"
ယောကျာ်းဖြစ်သူ က ဂေါက်ကို သဲကြီးမဲကြီး ကစားလွန်းတော့ မိန်းမကလည်း ငါ့ယောကျာ်း ဒီလောက်စွဲနေတဲ့ အားကစားကို နားလည်အောင်တော့ လေ့လာထားမှပါလေလို့ ဆုံးဖြတ်လိုက်တယ်..
မိန်းမ - "အကျောပေးဂေါက်သမားဆိုတာ ဘာလဲဟင်"
ယောကျာ်း - " ကိုယ့်အထက်လူကြီးနဲ့ ရိုက်ရတဲ့ ဂေါက်သမားမျိုးပေါ့ကွာ . . . တဲ့"
အားလုံးကိုချစ်ခင်လေးစားလျှက်...
12 comments:
  1. ဟာသလေးတွေ ထိတယ်။
    ဂေါက်သမားတွေဟာ များသောအားဖြင့်..
    ဖြစ်လေ့ဖြစ်ထရှိပါတယ်။
    ပျော်ရွှင်ပါစေ။
    ReplyDelete
  2. အပေါ်ကတပုဒ်ပိုထိတယ်...
    လူ့သဘာဝကို ပေါ်စေတယ်...
    ဂေါက်သမားတွေက အဲ့လိုလား...
းဝ)
    ReplyDelete
  3. ကျေးဇူး အစ်မရေ ဟုတ်ပါ့ အဲတာကြောင့် ဂေါက် အမြဲ ရိုက် ချင်နေကြသလား မဆို နိုင်ပါဘူး ..... :) ဒုတိယ တစ်ခုကို ပြောတာနော် ....:PPP
    ပေါ့ပေါ့ပါးပါးရယ်သွားတယ်ဗျို့ 
    အဆင်ပြေပါစေ :)))
    ReplyDelete
  4. ဂေါက်သီးဆိုတော. ဂေါက်နေတဲ.လူတွေအကြောင်းလားလို.
    ဟီးးးးးးးးးးးးးးး မှားတဲ. အခါလည်း မှားပေမပေါ. :D
    ReplyDelete
  5. ဂေါက်သီးဆိုတော့ ဂေါက်ကြီးတွေရိုက်တယ့် အသီးပေါ့ နော်
    ReplyDelete
  6. ဟာလေးတွေက တွေးလေ ရီရလေပါပဲ ကျေးဇူး တင်ပြပေးတဲ့ အတွက်
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  7. ဟဟ..ဂေါက်သီးဆိုလို့လာကြည့်တာ ရီရတယ်
    :P
    ReplyDelete
  8. အတော်ရယ်ရတယ်
    အပြင်မှာရယ်တဲ့အတိုင်း စာနဲ့ရယ်ကြည့်တာ မတူဘူးဖြစ်နေတယ်။
    အားလုံးပျော်ပါဒီ
    ReplyDelete
  9. ဘုန်းနိုင်ရဲ့ မျက်ရည်လောက ထဲက စာချိုးနှစ်ပုဒ်ကို သွားသတိရမိတယ်ဗျ
    ReplyDelete
  10. ဂေါက်သီး ပါးစပ်ထဲဝင်မှာစိုးလို့ သိပ်မရယ်ရဲဘူး။း)
    အဆင်ပြေပျော်ရွှင်ပါစေ ဂေါက်သီးလေးများ.
    ReplyDelete
  11. ဂေါက် ရိုက်နေတဲ့ လူတွေ ပဲ နဲနဲ တော့ ဂေါက်တောက်တောက် နိုင်မှာပေါ့ ... :P :P
    ReplyDelete
  12. ဟာသ ၂ခုလုံးရယ်ရတယ် ပျော်ရွှင်ပါစေနော်
    ခင်လျက်
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။