ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။
  • တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
  • အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။
  • တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။

  • A good harpist may lose skill after separation of five days from harp.
  • A good archer may lose skill after separation of seven days from bow.
  • A good wife may lose in the haviour after separation of one month from her husband.
  • Pupils may lose in qualification after separation of about half a month from teacher.

  • ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။
  • ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
  • မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။
  • ရဟန်းသည် တရား၌သာ မွေ့လျော်၏။

  • Buffalo delights in mud.
  • Duck delights in pond.
  • Woman delights in man.
  • Priest delights in virtue. (Dhamma)

  • ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
  • မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
  • စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
  • ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။

  • One should praise meal after being digested.
  • One should praise wife after she is over age.
  • One should praise solider after winning battle.
  • One should praise paddy after being harvest and stored in ware-house.

အားလုံးကိုချစ်ခင်လေးစားလျှက်...





6 comments:

  1. လောကနီတိစာသားလေးတွေ မှတ်သားသွားပါတယ်ခင်ဗျာ..

    ReplyDelete
  2. ဒေါ်ဒေါ်ရေ စာသားတွေကောင်းလို့ ယူသွားပါတယ်နော်။

    ကျေးဇူးပဲ နောက်လည်း လာဖတ်မယ်။ ဒီ

    ReplyDelete
  3. လောကနီတိကို ဆိုတဲ့အတိုင်း တကယ့်ကို မှတ်သားစရာတွေပါပဲ...။
    လူတိုင်းလိုက်နာ မှတ်ယူ ကျင့်သုံး နိင်ရင် မိုက်ရိုင်းဆိုးသွမ်းတဲ့သူတွေ လျော့နည်းသွားမှာပါပဲ။

    ReplyDelete
  4. တန်ဖိုးရှိပြီး မှတ်သားစရာပါပဲဗျာ....

    ReplyDelete
  5. မှတ်သားသင့်လို့ မှတ်သားသွားပါတယ်။ လောကနီတိဆိုတာ လောကရဲ့  ကျင့်ဝတ်တွေနှင့်သဘာတွေဘဲ မဟုတ်လား။

    ReplyDelete
  6. လောကနီတိဆုံးမစကားတွေကို လေ့လာမှတ်သားသွားပါတယ်... :-)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။