ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ခုတစ်လောအဖြစ်အပျက်တွေက . . .


လတ်တလော အတွေးကတော့ -
လူ့လောကရဲ့ ဒုက္ခတွေကို အသက်ဘယ်လောက်ရှည်ရှည်နေပြီး ကြာကြာခံစားနေရ အုံးမလည်း လို့တွေးနေမိပါတယ်


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လူ့သက်တမ်း တစ်ဝက်ကျော်သာရောက်လာတယ် ဘာမှလည်း အသုံးမကျသေးပါလား . .

လက်ရှိကျန်းမာရေးအခြေအနေ
”စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ စိတ်ကိုပျော်ရွင်အောင် နေပြီး ကျန်းမာရေးကို ဂရုစိုက်နေသောကြောင့် ခုလောလောဆယ် အလတ်ကြီးရှိသေးသည် :P

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဘလော့ဂ်ပေါ်တင်ရန် စာအုပ်တော်၂များကို ဖတ်ဖြစ်ပါတယ်. . . ဟိုတို့တို့ ဒီတို့တို့

လက်ရှိရောက်နေဖြစ်တာက
အပြင်မှာလည်း ဘယ်မှမရောက်ဖြစ်ပဲ ၊ အင်တာနက်မှာလည်း ဘလော့စုံအောင် မရောက်ပါ. . အလုပ်နဲ့အိမ်၊ အိမ်နဲ့ အလုပ်ပဲရောက်ပါတယ် . . . .


ဘာတွေရေးနေလည်းဆိုတော့
ဘလော့ဂ်ပေါ်မှာပဲ စာရေးဖြစ်ပါတယ်. . . ( ပြီးတော့ အကြွေးစာရင်းများကို ရေးမှတ်ပါတယ် ) (ပေးရန်တွေပါ :P)

ဖတ်မိတဲ့ကဗျာများ
ကဗျာမဖတ်ပါ.

နားထောင်ဖြစ်နေတာက
သီချင်းအသစ်များ၊ နားထောင်ဖြစ်ပ်ါသည်။

ဖြစ်ချင်နေတာက
ဖြစ်ချင်တာတွေများလွန်းလို့ ဘာရေးရမှန်းမသိတော့ဘူး :D

ခဏခဏစားဖြစ်နေတတ်တာက
ရှမ်းထမင်းချဉ်၊ ကော်ဖီ ၊ လက်ဖက်ရည်၊ ထမင်းနဲ့ ဟင်းကတော့ နေ့တိုင်းစားပါတယ်

သနားနေမိတာက
ကိုယ့်ကိုယ်တိုင် အပါအ၀င် အဆင်မပြေဖြစ်နေသူများကို အားလုံး ကူညီချင်စိတ်နှင့် သနားမိပါတယ်.
ဘာကိုလွမ်းနေမိတာလည်းဆိုတော့-
မိသားစု စုံစုံညီညီရှိတဲ့ အချိန်တွေကို လွမ်းပါတယ်.

ခါးသက်နေမိတာက
ဟန်ဆောင်တတ်တဲ့လူတွေ

မုန်းနေမိတာက
အထူးတလည်မရှိပါဘူး "ချစ်စကိုရှည်စေ ၊ မုန်းစကိုတိုစေ" ဆိုတဲ့ အတိုင်း ဘယ်သူ့မှ မမုန်းပါ.

အမြဲတမ်းတနေမိတာ-
ဘယ်တော့မှ မရိုးနိုင်တဲ့ မေမေချက်ကျွေးသော ထမင်း၊ ဟင်းများ နှင့် မုန့်မျိုးစုံ -
ကျောင်းတက်တုန်းက ကျောင်းသူဘ၀နဲ့ သူငယ်ချင်းများ အားလုံးကို သတိရ တမ်းတမိတယ်.

ချီးကျူးနေမိတာက-
ကိုယ်ကလွဲလို့ လူတိုင်းသည် ကိုယ့်ထက်တော်တယ်လို့ ခံယူပါတယ် . . . . .(ကြိုးစားရန်လိုသေးသည် လို့ အမြဲသုံးသပ်မိပါတယ်)

အထင်သေးမိတာကတော့
မိမိကိုယ်တိုင် ( လူ့လောကတွင် နေထိုင်ရန် အတွက် အများကြီး ပြုပြင်ရန်လိုသေးသည်)

ဆန္ဒမရှိတဲ့နေရာ
ဘယ်နေရာမဆို အဆင်ပြေအောင် အားလုံး ဆန္ဒရှိလိုက်ပါတယ်. . .

လောလောဆယ် ဆန္ဒရှိနေတာက-
ခရီးသွားချင်တယ်. . . ဘယ်နေရာဖြစ်ဖြစ်ပါ အလုပ်နဲ့ အိမ်ကလွဲရင် :P

ချစ်နေတာက
လှို့ဝှက်ချက်ပါ ၊ သတ်ချင်သတ် ပြောဘူး :P

စိတ်ပျက်နေမိတာက
ကိုယ့်ကို စိတ်ညစ်အောင်လုပ်တဲ့လူတွေ :P

စွဲလန်းနေမိတာက
ခုတစ်လော ထူးထူးခြားခြားမရှိပါဘူး ၊ (မြ၀တီကလာတဲ့ ကိုရီးယား ဇာတ်လမ်းတစ်ခုကို စွဲစွဲမြဲမြဲကြည့်ဖြစ်ပါတယ်)

လိုအပ်နေတာက
ခရီးသွားဖို့၊မုန့်စားဖို့ ပိုက်ဆံလိုတယ် :P

တောင်းနေမိတဲ့ဆု
ခုတစ်လော ဆု (၂)ခုတောင်းမိတယ် . . .

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဒီပို့စ်ကိုတဂ်တဲ့ ဧရာဝတီသား ပြန်လာရင်တော့ မုန့်ဝယ်ကျွေးပါ . . .

ဝန်ခံချင်တာက
ကိုယ့်ကိုယ် ဘာဖြစ်ခြင်နေမှန်းမသိ၊ အားမလိုအားမရဖြစ်နေမိတယ်. . .

ကဲ ဧရာဝတီသားရေ ရေးတတ်သလောက်နဲ့ စိတ်ထဲရှိတာတွေကို အကုန်ရေးချပြီးပြီနော် ပြန်လာရင်တော့ သိတယ်ဟုတ် ဒီကိုလာရင်လာ မလာရင် အိမ်ကို လိုက်လာပြီး အ၀ မုန့်ကျွေးပေတော့ :P

ခုတစ်လောပို့စ် နဲ့ ပတ်သက်ပြီး ခင်မင်ရတဲ့ စာရေးကောင်းတဲ့ သူငယ်ချင်း ကိုကိုမောင် ရယ် ရန်ကုန်သား နဲ့ ကိုနေစိုးနိုင် ညီမငယ် ပန်းခင်းလေး တို့ကို ဆက်တဂ်ချင်ပါတယ် . . .ခုတော့ ကိုနွယ်ရိုး လည်း ပါသွားပြီ :P

အဆင်ပြေရင် ရေးပေးပါနော် ကျေးဇူးတင်ပါတယ်

အားလုံးကိုချစ်ခင်လေးစားလျှက်...





12 comments:

  1. မပန်းကဗျာရေ ခုမှပဲ ဧရာသားကို မေးဖြစ်လို့  နှစ်ယောက်ရှိမှန်းသတိမထားမိလိုက်ဘူး အိမ်လေးကိုပြန်လာလည်တော့မှ ပိုစ့်က နှစ်ခုဖြစ်နေတာ ကျွန်တော်က လူသစ်ဆိုတော့ မသိဘူးဖြစ်နေတာပါ စိတ်မရှိပါနဲ့ ဗျာ .....
    စီဘုံးထဲမှာ မငယ် နဲ့ မပန်းကဗျာ ကို တစ်ယောက် တည်းအောက်မေ့ပြီးအော်ထား လိုက်တာ ..... စောရီးနော် တက်ဂ်သွားတဲ့  အတွက်ကျေးဇူးတွေနေပါတယ် ..... နောက်တစ် ခေါက်ပေါ့နော် ဒီလင့်လေးမှာ http://creationoflove2009.blogspot.com/2009/08/blog-post_11.html ကျွန်တော် တင်ထားပါတယ် ဟိုငဇော်လေး တက်ဂ်သွားတာလေ .... :D

    ပန်းကဗျာရဲ့ ခုတလောလေး လာဖတ်သွားတယ်နော် ..... ပျော်ရွှင်ပါစေ ..... :D

    ReplyDelete
  2. တီချယ်ရေ ရေးပေးတာ ကျေးဇူးအထူးပါခင်ဗျာ။ ပြန်လာရင့် မုန့်ဝယ်ကျွေးပါ့မယ်။ ခဏ၊ခဏ စားဖြစ်နေတာ တွေကို မနာလိုဖြစ်သွားတယ် :(
    ကျွန်တော်လည်း ကိုရီးယား ဇာတ်လမ်းတွဲတွေ လွမ်းသား။
    တောင်းနေတဲ့ ဆုတွေ ပြည့်ပါစေနော်။
    ခင်မင်လေးစားလျက်

    ReplyDelete
  3. ဟားဟားဟား...
    သုံးဖြစ်သွားပြီး...

    ReplyDelete
  4. လူ့ဘဝသက်တမ်းတစ်လျောက်မှာ
    သက်တမ်းတစ်ဝက်ကျော်သွားပြီတဲ့လား

    ကျွန်တော်တို့ရော.. ဘာပြာရမှာလဲ
    ဆင်ခြင်မိတယ်အမရေ..........

    ပျော်ရွှင်ပါစေ
    စည်သူ။

    ReplyDelete
  5. ခရီးသွားဖို့၊မုန့်စားဖို့ ပိုက်ဆံလိုတယ် :P
    ဒီပို့စ်ကိုတဂ်တဲ့ ဧရာဝတီသား ပြန်လာရင်တော့ မုန့်ဝယ်ကျွေးပါ . . .
    ဒီအချက်တွေကို ထောက်ခံတယ်။ အဟဲ

    ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ။

    ညခင်း

    ReplyDelete
  6. အယ် သတ်ရင်သတ် ပြောဘူးဆိုပဲ......... အန်တီတော့ လွယ်တော့ဘူးဝေ့ ဟီးဟီး

    ReplyDelete
  7. သတ်တော့မသတ်ဖူး ။ မရဘူး..ပြော..ပြော
    လှို့ ဝှက်ချက်ကိုပဲသိချင်တာ...း)

    ReplyDelete
  8. ဖတ်မိတဲ့ကဗျာများ
    ကဗျာမဖတ်ပါ.
    :(
    ဒါဆို အနော်ကိုညာတာပေါ.နော် :(

    ReplyDelete
  9. သေရင်ပြီးပြီ..။
    ကိုယ်အသုံးမကျတာ အခုမှသိရလားဗျ..။
    အလတ်ကြီးရှိသေးသည်ဆိုတော့ မပုပ်သေးဘူးပေါ့နော်.....။
    ဟိုတို့တို့၊ ဒီတို့တို့ဆိုတော့ မောင်ကျန်တတို့ လုပ်နေတာလား... စာအုပ်တအုပ်ကိုဆုံးအောင်ဖတ်မှပေါ့..။
    အလုပ်နဲ့ အိမ်အပြင် ဘယ်ကိုသွားချင်သေးလို့လဲ
    အကြွေးဆက်ဖို့ မမေ့နဲ့နော် လာသတိပေးတာ.။
    ကဗျာမဖတ်ဘူးလား ဘာလို့လဲ နားမလည်လို့ မဟုတ်လား.. အဟီး စူစူပဲ..။
    သီချင်းသစ်တိုင်းလဲ မကောင်းဘူး။
    လူ့အလိုနတ်မလိုက်နိုင်တဲ့ သိပ်မများနဲ့ တခုပဲရွေးပါ။
    ရှမ်းထမင်းချဉ်မစားဘူးသေးဘူးဗျ.. ဘာလဲဟကင် ထမင်း အသိုးတွေစားတာလား ကိုယ့်ဟာကိုယ် ပေခေါက်ပြီး ထမင်းသိုးစားရင် စားတယ်ပေါ့ ဘယ်နဲ့ ရှမ်းထမင်းချဉ်လေး ဘာလေးနဲ့ လျှောက်ပြောနေတယ်။
    ကိုယ့်ကိုယ်ကိုယ် အရင်သနားပါဦးလေ...။
    ဘာလဲ အခုက မိသားစုနဲ့ မဟုတ်ဘူးလား။
    လူတွေကလဲ ခက်တယ်ဗျ ဟန်ဆောင်တတ်သူမှ အထင်ကြီးတော့ သကိုး..။
    ဒါဆိုရင် ချစ်တယ်ပေါ့ ဒီလိုလား... အဲလို ဇွတ်မလုပ်နဲ့လေ စဉ်းစားပါရစေပါဦးလား...အဲလိုဇွတ်လုပ်ရင် ပြန်မချစ်ဘဲနေမှာနော်...ဒါဘဲ သူသိပ်မကဲနဲ့။
    ဘလော့ဂါတွေ မပါဘူးပေါ့လေ ...ရပါတယ်..ရပါတယ်.. မှတ်ထားတယ် သိလား။
    တော်လာပြီ ကိုယ်ဘာလဲဆိုတာ သိတယ်ဆိုတော့..။
    မှန်တယ်ဗျာ.. ပြုပြင်ဦး
    ဆန္ဒရှိတာ ပြဿနာမဟုတ်ဘူးနော် ဆန္ဒတော့ မပြမိစေနဲ့ ပါသွားမယ်..။
    ဒါဆို လာခဲ့ဒီကို.. လာပြီး ပြန်မလွှတ်ဘူးနော် ဟီး..။
    သိနေတယ်...သိနေတယ်... ဒီကလဲ မပြောဘူး အသေသာခံလိုက်မယ်..။
    ဘယ်သူလဲပြော... ဘယ်တောင်ရဲတွ ငါ့သနယ်ချင်းကို ချိတ်ညစ်အောင်လုပ်တာ။
    ဟုတ်လို့လား... နောက်တခုရှိပါသေးတယ်နော်...။
    ပိုက်ဆံလား သွားပြီးတာ့တာ တော်ကြာ လာချေးမှာစိုးလို့....။
    ဘာဆုလဲ သိတယ်နော်...။
    မုန့်ပဲတောင်းစားနေတယ် ကလေးလဲ မဟုတ်တော့ဘူး...။
    အားမရတာ တခုထဲ မဟုတ်သေးဘူးနော် ကျန်သေးတယ်... ဟဲဟဲဟဲ သိတယ်ဘာလဲ ဆိုတာ..။

    ReplyDelete
  10. ခုတလောဆိုတာလေးက ခုတလော တော်တော်ခေတ်စားနေတယ်..ပြီးတော့ ခံစားချက်မျိုးစုံနဲ့
    တစ်ယောက်နဲ့တစ်ယောက်မတူညီတာလေးတွေလေ့လာရတယ်
    ကော်ဖီက တကယ်စွဲတယ်နော..
    ပျော်ပါစေ..

    ReplyDelete
  11. လွမ်းနေတာရယ်...ခါးသက်နေမိတာက ဟန်ဆောင်တတ်တဲ့သူတွေဆိုတာ..ခံစားချက်ချင်းတူတယ်.. :D

    ReplyDelete
  12. ခရီးသွားဖို့ မုန့်စားဖို့ ခရီးထွက်ချင်တယ် ...........

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။