ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပန်းပုံပြင်



ဟိုးရှေးရှေးတုန်းက "နာဆစ်ဆပ်" ဆိုတဲ့ သူငယ်တစ်ယောက်ဟာ အလွန်ရုပ်ရည်ချောမော လှပပါသတဲ့. . . သူဟာ အမဲလိုက် အလွန်ဝါသနာပါလေတော့ တောထဲမှာ နေ့စဉ်လိုလိုလှည့်လည်ပြီး အမဲလိုက်လေ့ရှိပါသတဲ့ . . . အဲလို တောထဲမှာ အနေများတော့ တောထဲမှာနေတဲ့ နတ်သူငယ်မလေး အက်ခို က "နာဆစ်ဆပ်" ကို ချစ်ကြိုက်မိပါလေ ရောတဲ့ကွယ် . . . နတ်သူငယ်မှဆိုတာကတော့ ဥရောပမှာ နတ်သား၊ နတ်သမီးတွေ အပြင် ကိုယ်လုံး ကိုယ်ထည် တကယ့်သေးသေးလေးမှာ တောင်ပံကလေးများပါတာကို ခေါ်တာပါ. . .
"နာဆစ်ဆပ်" က အမဲလိုက်တာကို ပဲ ၀ါသနာပါတဲ့ အပြင် မာနလည်းကြီးသတဲ့ . . . အဲဒီတော့ အက်ခိုကို ယောင်လို့မှ လှည့်မကြည့်ဘူးပေါ. . . အက်ခို ကလည်း "နာဆစ်ဆပ်" အနားမှာ တရစ်ဝဲ၀ဲ လုပ်နေရင်း လုံးပါးပါးလာတာပေါ့. . . . တစ်ဖြေးဖြေးနဲ့ ပိန်ရုံမက ပါးပါးပြီး အငွေ့ဖြစ်ကာ ပျောက်သွားပါသတဲ့ သူ့မှာ ကျန်တာကတော့ အသံကလေးပဲရှိပါသတဲ့. . . . တောထဲတောင်ထဲမှာ အသံကျယ်ကျယ်နဲ့ အော်လိုက်ရင် သူ့ အသံက ပဲ့တင်ပြိးပြန်လာတတ်တာကို အက်ခိုက ပြန်ပြီး အော်လိုက်တာလို့ ရှေးရှေးကလူတွေက ယုံကြည်ကြပါသတဲ့. . အဲဒါကြောင့် ပဲ့တင်သံကို (Echo) လို့ ခေါ်တာပေါ့. . .
အဲဒီကလေးမ အက်ခို အချစ်နာနဲ့ လုံးရာက ပါးပြီးပျောက်လည်းသွားရော သူ့ကိုပိုင်တဲ့ အချစ်နတ်ဘုရားမ ဗီးနတ်စ်က စိတ်ဆိုးပါလေရောတဲ့. . . အက်ခို က ဗီးနတ်စ်ကို ခစားရသူဆိုတော့ ခုတော့ ခစားဝင်စရာ ကိုယ်မရှိတော့ဘူးလေ. . .
အဲဒီတော့ အချစ်နတ်ဘုရားမ ဗီးနတ်စ် က အကြောင်းအရင်းကို စုံစမ်းတာပေါ့ . . . စုံစမ်းလည်းပြီးရောလက်စ သတ်တော့ "နာဆစ်ဆပ်" မချစ်တတ်လို့ အက်ခို ဒီလိုဖြစ်တာကို သိသွားတာပေါ့လေ. . . အချစ်နတ်ဘုရားမ ဗီးနတ်စ် က ဒီလောက်တောင် မချစ်တတ်တဲ့ သူကို ငါကျိန်စာတိုက်လိုက်မယ်. . . သူဒီကနေ့ မြင်တဲ့သူကို ချစ်သွားစေလို့ ဆိုလိုက်ပါသတဲ့. . .
ဒီအကြောင်းတွေကို "နာဆစ်ဆပ်"က ဘာမှ မသိရှာဘူးလေ . . အမဲလိုက်ရင်း တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးနားလည်းရောက်ရော ရေသောက်ချင်တာနဲ့ စမ်းချောင်းလေးဘေးမှာ ဒူးထောက်လိုက်ပါတယ်. . . နောက်ပြီးတော့ ရေကို လက်ခုပ်လေးနဲ့ ခပ်သောက်ဖို့ ခေါင်းကို ငုံ့ချလိုက်ပါသတဲ့ စမ်းရေ ကကြည်လွန်းတော့ သူ့မျက်နှာကို သူမြင်လိုက်ရတာပေါ့ .
အချစ်နတ်ဘုရားမ ဗီးနတ်စ်ရဲ့ ကျိန်စာကလည်း အဲဒီခဏမှာ ဒိုင်းခနဲထိတော့တာပေါ့. . . . "နာဆစ်ဆပ်" ဟာ သူ့ရုပ်သွင်ကိုသူကြည့်ပြီး ချစ်သွားလိုက်တာ. . . တကတည်း ရေတောင်သောက်မိရဲ့လားမသိတော့ပါဘူး စမ်းရေထဲက သူ့ပုံကိုသာ ငုံ့ပြီးကြည့်တော့တာပါပဲတဲ့ . . . . .
တစ်နေ့လည်းမဟုတ် ၊ နှစ်နေ့လည်းမဟုတ်၊ စမ်းချောင်းဘေးမျာ ငုတ်တုတ်ထိုင်ပြီး သူ့ အရုပ်ကိုသာ သူငုံ့ကြည့်နေတဲ့ အခါ "နာဆစ်ဆပ်" ကိုယ် က အမြစ်တွေထွက်ပြီး သူ့ကိုယ်ကလည်း အပင်ဖြစ်သွားပါလေရော တဲ့ . . . .သူ့မျက်နှာကတော့ ပန်းပွင့်ပေါ့ . . . သူဟာ စမ်းရေထဲကသူ့မျက်နှကို ငုံ့ကြည့်ရင်း ပန်းပင်ဖြစ်သွားရတာဆိုတော့ သူပန်းကလေးတွေကလည်း စမ်းချောင်းကလေးထဲကို ငိုက်ငိုက်ကလေး ဖြစ်နေတာပေါ့
အတ္တကြီးရုံသာမက မိမိကိုယ်ကို အချစ်လွန်၊ မိမိရဲ့ ခန္တာကိုယ်အလှအပကို အသားပေးပြီး ပြင်ဆင်တာလွန်တယ်ဆိုရင် အမျိုးသမီးရော၊ အမျိုးသားရော သဘာဝကျသည်ဟု မဆိုသာပေ. . . . ဒါပေမယ့် အမျိုးသားကတော့ သိသာလွန်းတာပေါ့. . . .
အဲဒီပုံပြင်ကစပြီး မိမိကိုယ်ကို အချစ်လွန်ပြီး တသသလုပ်နေတတ်တဲ့ အမျိုးသားများကို "နာဆစ်ဆပ်" လို့ တင်စားကြတယ်. . .


ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...





11 comments:

  1. မှတ်သားသွားပါတယ်။
    ကိုယ်ကိုကိုယ်တော့ အဲ့လို မထင်ဘူးဗျ။း)

    ခင်မင်လျှက်
    ဖိုးဂျယ်

    ReplyDelete
  2. ဟေ.........
    အဲဒါဆို ကျွန်နော် မပါတော့ဘူး
    ဘာဖြစ်လဲဆိုလို့ရှိရင် အလှမပြင်လို့ပေါ့

    သူငယ်ချင်းတွေကတောင် အပြင်သွားရင်မခေါ်ချင်ဘူး
    အဲဒါဆိုရင် နာဆစ်ဆစ် မဟုတ်တော့ဘူးပေါ့

    ဟေးးးးးးးးးးးး ပျော်တယ်ဟေ့

    ပျော်ရွှင်ပါစေ
    စည်သူ။

    ReplyDelete
  3. ဟမ်
    နာဆစ်ဆပ်လောက်တော့ ဟုတ်သေးဘူးထင်တာပဲဗျ
    မပန်းကဗျာ မေ ၁၆ တို့ရေ
    Thanks for sharing


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  4. ပါးစပ်ရာဇ၀င်ပေမယ့် အက်ခိုးအကြောင်းရေးထားတာ လေးက ချစ်စဖွယ်ပါပဲ...။
    ကိုယ့်ကိုကိုယ်သပ်သပ်ရပ်ရပ်နေချင်ယုံကလွဲပြီး တသသ တော့မလုပ်တာသေချာပါတယ်...။
    စာကောင်းပေမွန်လေးတွေ ဝေမျှတာကျေးဇူးပါ...။

    ReplyDelete
  5. ပြင်လွန်းရင် ဖင်ချွန်းတယ်တဲ့။ ယောကျာင်္းဖြစ်ပြီး ကိုယ့်ကိုယ်ကို တသသ လုပ်တာ အခြောက်မှ လုပ်တာ။ ကျုပ်တို့နဲ့များ ကွာပါ့ တခါတလေ တပါတ်လောက်က ရေတောင် မချိုးဘူး..။ တခါတလေကျတော့ သွားတောင် တိုက်ဖို့မေ့နေတယ်.... ဒါပေမဲ့ ကိုယ်လိုချင်တဲ့ ကောင်မလေးကျတော့ ချောမှ၊ လှမှ၊ သန့်မှ၊ပြန့်မှ၊ အဟီးဟီးဟီး...။

    ReplyDelete
  6. အင်း ခံစားသွားပါတယ် တမျိုးတော့ တမျိုးပဲ သူတို့ခေတ်က နတ်တွေကလဲ ပြောင်းလဲနိုင်လွန်းတယ်း)

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  7. နာဆစ်ဆပ်က အမျိုးသား အမျိုးသမီးမရွေး ခေါ်တယ် မဟုတ်ဘူးလား.. အဲလိုကြားဖူးထားလို့ပါ..

    ReplyDelete
  8. ပုံပြင်လေးက စိတ်ဝင်စားစရာကောင်းတယ်။

    ReplyDelete
  9. အဲဒီပန်းလေးတွေကို ..“မ” အပြင်မှာမြင်ဖူးတယ်..
    စပ္ပါယ်ပန်းနဲ့ ခပ်ဆင်ဆင်တူတယ်.....
    အပွင့်ကတော့ စပ္ပါယ်ပွင့်ထက်ကြီးတယ်...
    အနံ့ကလည်း...စပ္ပါယ်ပန်းအနံ့နဲ့တော်တော်ဆင်ပါတယ်....

    ReplyDelete
  10. စိတ်ဝင်စားစရာကောင်းတဲ့  ပုံပြင်လေးကို ဝေမျှပေးတာ
    ကျေးဇူးကမ္ဘာပါ :)

    ညီမလေး

    ပန်းခင်း

    ReplyDelete
  11. ဒီပုံပြင်မဖတ်ဘူးဘူး .. ခုမှဖတ်ဘူးတား)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။