ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဝေဖန်ခြင်း

ဝေဖန်ခြင်း

လူမိုက်ဟူကား တစ်ပါးသူကို
ညွှန်းဆိုဝေဖန် ပြုတတ်ပြန်၍
ဆွေမွန်သူ့မှာ ချို့တဲ့လာ၏။


ကိုယ့်ကိုပြန်၍ ဝေဖန်တတ်သော
သဘောရှိပေ လူနပ်တွေအား
အများသိလျက် နားလည်ခက်မို့
သူတို့သီးခြား ချန်၍ထား၏။


ပညာရှိသည် မည်သူ့ကိုမျှ
ပြစ်ဆိုလေသံ ဝေဖန်မရှိ
လူ၏စိတ်တွေ မသွေအမြဲ
ပြောင်းလဲများမို့ သူတို့ကောင်းရန်
ကြံစည်ကြိုးကုတ် အားထုတ်တတ်သော
လူ့မနောကို စောကြောသိ၏။


ဝေဖန်သမှု အစုစုကို
မပြုတော့၍ မိတ်ကောင်းတွေ့လာ
လူပညာရှိ ညဏ်က၀ိတည့်။


ဖိုးရန်နိုင် (ကျောက်ကြီး)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

9 comments:

  1. သေချာ မှတ်သားသွားပါတယ်ခင်ဗျာ... :D

    ReplyDelete
  2. ဟုတ်တယ်နော်..
    ကောင်းလိုက်တာ..
    ပျော်ပါစေခင်ဗျာ

    ReplyDelete
  3. တန်ဖိုးရှိ လိုက်တဲ့စာ ပါ ဗျာ။

    ReplyDelete
  4. တန်ဖိုးရှိတဲ့ စာလေးတွေပါ မှတ်သားထားပါတယ် မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  5. ကဗျာလေးကတော့ ရိုးရိုးလေးနဲ့ ဗဟုသုတတွေကိုရစေပါတယ်ခင်ဗျာ
    ဆက်လက်ရေးသားနိုင်ပါစေ

    ReplyDelete
  6. မှတ်သားသွားပါတယ် ..း)

    ReplyDelete
  7. ကောင်း၏ လူတွေရဲ့ သဘာဝထဲက တချို့ကိုလှစ်ဟ ပြထားတဲ့ ကဗျာလေးပါ။

    ReplyDelete
  8. လူမိုက်နှင့်ပညာရှိ ကွဲပြားချက်ကလေးပေါ့နော်။
    မှတ်သားစရာပါ။

    ReplyDelete
  9. ကဗျာလေးနဲ့ ယှဉ်ပြီး ဆုံးမသွားပြန်ပြီ...။

    မှတ်သားမိပါ သည်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။