ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အဖေ အဆုံးအမ မေ့မရ

မေ၁၆ ဆားချက်ပါတော့မယ်။ တင်ရတဲ့ ပိုစ့်လေး တွေ စိပ်လာတော့ ဘာတင်ပေးရမှန်းကို မသိဘူး။ အလုပ်ကလည်းတဖက်..ကွန်နက်ရှင်ကမကောင်း နဲ့ရှုပ်နေတာပါဘဲ။ အဖေများနေ့ ဆိုတာ လည်း သိသာသိလိုက်တယ် ဘာမှ မရေးဖြစ်ခဲ့ဘူး။ ဒီနေ့တော့ တင်စရာ စာများရှာရင်း တိုတိုနဲ့ လိုရင်းရောက်မဲ့ ဆရာကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့ စာ (၃) ကိုတွေ့ပါတယ်။ အင်း….အတော်ပဲ…အချိန်တိုတိုလေးနဲ့ မြောက်တဲ့စာ တွေ့ ပြီ ဆိုပြီး အားရပါးရတင်လိုက်ပါတယ်။ မေ၁၆ ကို အဖေက ဆုံးမ နေတာ လို့ စိတ်ထဲမှာ မြင်နော်..။


(၁)

သမီး….

စကား ၊ စကား ပြောပါများ

စကားထဲက ဇာတိပြတဲ့။

စကားတွေ အမျာကြီး ပြောတဲ့အခါ

ပြောတဲ့သူရဲ့ အကျင့်စရိုက်တွေဟာ

စကားထဲမှာ ပါလာ တတ်တယ်။

သူများပြောတဲ့စကားကို

များများ နားထောင်ရင်

သူများ အကြောင်း များများသိမယ်။

ကိုယ်က များများ ပြောရင်လည်း

ကိုယ့်အကြောင်းတွေ

သူများ သိလိမ့်မည်။

ဒီတော့ ….

စကားကို နည်းနည်းပြော

များများ နားထောင်တတ်အောင်

သမီး ကြိုးစား လေ့ကျင့် ထားသင့်တယ်….။

(၂)

သမီး…..

ဘာမှန်းမသိဘဲ

စွဲစွဲလန်းလန်း ဖြစ်နေတတ်တာ ဟာ

အချစ် ပဲ။

အဲဒီ အချစ်ကြောင့် လူတွေဟာ

မလုပ်ရဲတာတွေ လုပ်ရဲလာတယ်။

မလုပ်သင့်တာတွေ လုပ်တယ်။

ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို

မခွဲခြားနိုင်ဘဲ လုပ်ချင်ရာ လုပ်ကြတယ်။

တကယ်တော့…. အချစ်ဟာ

ကလေးဆိုးနဲ့ တူတယ်။

သူ့ကို အလိုလိုက်မိရင်

အသက်အရွယ်မရွေး

ဒုက္ခပေးနိုင်တယ်။

ဒါကြောင့်

အချစ်ရဲ့သဘော သဘာဝကို

နားလည်အောင်ကြိုးစားပါ။

နေရာတကာ သူ့အလိုကို မလိုက်မိစေနဲ့။

အချစ်ဆိုတာ…

အလိုက်မသိတတ်တဲ့ ဧည့်သည်ဆိုးနဲ့လည်း

တူချင်တူနေပြန်ရော….

(၃)

သမီးရယ်…

ကေသရာဇာ ခြင်္သေ့မင်း

အမဲလိုက်လို့ ရလာတဲ့

နွားကြီး တစ်ကောင်ဟာ

အသီးအရွက် ကိုသာ စားတဲံ

ယုန်လေး တစ်ကောင် အတွက်တော့

ရေး စိုက်စရာ ဖြစ်မလာ စေပါဘူး။

(၄)

သမီးရေ

သမီးဘ၀အတွက်

အဖော်မွန် အဖော်ကောင်းကို

ရှာတော့မယ်ဆိုရင်

ဆား နဲ့ တူတဲ့ အဖော်ကောင်းကို ရှာနော်။

ဆားဟာ….သူ့ကို နည်းနည်းသုံးရင်

နည်းနည်း ငံ ပေးတယ်။

များများသုံးရင် များများ ငံ ပေးတယ်။

သူ့သဘောနဲ့ သူ ဘာမှ မလုပ်ဘူး။

သူ့ကို အသုံးပြုတဲံ သူရဲ့ အလိုဆန္ဒကိုသာ

အမြဲလိုက်လျော ပေးတတ်တယ်။

ပြီးတော့…ဘယ်နေရာမဆို

သူ့ကို အားထား ရတယ်လေ။

ဆား နဲ့တူ တဲ့

အဖော်မွန် အဖော်ကောင်း ကို

သမီးလေး ရှာတွေ့နိုင်ပါစေလို့

ဖေဖေ ဆုတောင်း ပေးမယ်နော်။

ဖေဖေ။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

11 comments:

  1. စာသားလေးတွေ ကောင်းမွန်လို့ ကူးယူသွားပါတယ်..
    အစ်မ.. ဘယ်လိုဆားချက်တယ်ပြောပြောပါ... သူတစ်ပါးတွေအတွက် အကျိုးရှိတဲ့စာပေတွေဖြစ်တဲ့အတွက် ဆားချက်တယ်မခေါ်တော့ပါဘူးနော်.. ဆားကို အကျိုးရှိအောင် အသုံးပြုတယ်လို့ပဲ မှတ်ယူပါတယ်...
    အစ်မ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...

    ReplyDelete
  2. မှတ်သားစရာ စာသားလေးတွေ မှတ်သားသွားပါတယ် အမ အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  3. လာလည် ဖတ်ရှုသွားပါတယ် အစ်မ။ မှတ်သားဖို့ ကောင်းတာတွေပါပဲ။ သတိထားဆင်ခြင် လိုက်နာကြရင် အကျိုးရှိနိုင်မှာပါ။ လေးစားလျက်။

    ReplyDelete
  4. ဆားချက်တယ်ဆို လို့ နောက်ဆုံးဆားနဲ့ အဆုံးသတ်တာပေါ့
    အာဟာ..နောက်တာပါ..။

    ဘယ်လောက်ပဲနောကြေအောင်ဖတ်ပြီးပြီး..ထပ်ဖတ် တိုင်း အသိတစ်ရားတစ်ခု ရစေတာပါပဲ...။ ၇ှိပြီးသားအသိကို သတိပေးသလိုဖြစ်တာပေါ့ဗျာ...။

    တန်ဖိုးရှိတဲ့ ပိုစ်ပါ...။

    ReplyDelete
  5. စကားနဲတိုင်းလဲ မကောင်းဘူးဗျ ဘာမှမသိလို့ ငြိမ်ခံနေတယ်လို့ ထင်တတ်ကြပြန်ရော။
    မှတ်သားစရာလေးတွေ မှတ်သားသွားပါတယ်ဗျား။

    ReplyDelete
  6. ကိုတိုးလေးJune 25, 2009 at 10:09 AM

    စကားလုံးလေးတွေက မှတ်သားစရာပဲအမရေ။ လာရောက်မှတ်သားသွားပါတယ်။ အဆင်ပြေပါစေနော် အမ။


    ခင်မင်တဲ့

    ကိုတိုးလေး

    ReplyDelete
  7. လာလည်ပါတယ် တီတီရေ။ သမီးလေး မက်မက်လဲ စာတွေဖတ်သွားပါတယ်... ကူးသွားပါတယ်နော်

    အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  8. ဖေဖေ

    ဖေဖေ
    မြေပြင်တစ်ခုလုံး
    အမှောင်တွေဖုံးသွားရင်တောင်
    ကျွန်တော်ပြုံးနေရဲတယ်
    ချုန်းပွဲချငို
    ကြောက်အားပိုတဲ့ကလေးဘ၀က
    ဖေဖေလမ်းပြ
    ခွန်အားတွေချပေးခဲ့လို့ပေါ့....

    ဖေဖေ
    နေစရာမရှိ
    ဆူးတွေအတိနဲ့လမ်းကိုတောင်
    မျက်စိမှိတ်လျှောက်ရဲတယ်
    ထိခိုက်မိတိုင်း
    အားတင်းခိုင်းပြီးချော့မော့တာ
    ဖေဖေကွယ်ကာ
    ကျွန်တော့ကို သန်မာစေခဲ့လို့ပေါ့...

    ဖေဖေ
    ခြေရာတွေပျောက်ပြီး
    အဝေးကိုရောက်နေရတဲ့အချိန်မှာတောင်
    ကဗျာကောက်ရေးမိတယ်
    ရောက်ရာကဦးချ
    သတိရလွန်းတယ် ဖေဖေ့ကို
    ဆုံးမစကားဆို
    အရင်လို ပြန်နေချင်သေးလို့ ပေါ့....

    ReplyDelete
  9. အရေးအသားကတော့ စာရေးဆရာလားတောင်ထင်မှတ်ရတယ်
    ပြောင်မြောက်ပါပေတယ်
    လေ့လာမှတ်ယူသွားပါတယ်
    ဆက်လက်ရေးသားနိုင်ပါစေ

    ReplyDelete
  10. ကြီးမေ 16 ရှင့်
    ဆားနဲ့တူတဲ့ အဖော်ကို ရှာဖို့ လမ်းပြပေးတဲ့ ဖေဖေနဲ့
    ပြန်လည် ဝေမျှပေးတဲ့ ကြီးမေကို အရမ်းကျေးဇူးတင်ပါတယ်။

    လူဆယ်ယောက်စကားပြောလို့ ဆုံးမ စကား တစ်လုံး မကြားရတာတွေ ရှိတယ်။
    ကျေးဇူးပါ။

    ReplyDelete
  11. အိမ်မက်ကဗျာရေ အထူကျေးဇူးတင်ပါတယ်။
    ကောင်းတယ်ကောင်းတယ်။
    မုန့်ဝယ်ကျွေးမယ် ထီပေါက်ရင်

    မောင်နှမများအားလုံး မန့်ပေးလို့ကျေးဇူးပါရှင့်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။