ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အောင်မြင့်မှုနှင့်ပျော်ရွင်မှု

အောင်မြင်မှုနှင့် ပျော်ရွှင်မှုသည် တစ်ခုနှင့်တစ်ခု မတူညီပါ. . .
အောင်မြင်မှုဟူသည်. . မိမိရယူချင်သော အရာတစ်ခုခုကို ကြိုးပမ်းစွမ်းဆောင်ပြီး ရအောင်ယူနိုင်ခြင်းပင်ဖြစ်သည်. .
ပျော်ရွှင်မှုဟူသည် . . မိမိရရှိထားသော အရာတစ်ခုခုကို ကြိုက်နှစ်သက်ခြင်းပင်ဖြစ်သည်. . . မိမိလိုချင်သောအရာကို မရပါက မအောင်မြင်မှု. . . မိမိရရှိနေသောအရာကို မနှစ်သက်ပါက မပျော်ရွှင်မှု. . .
အောင်မြင်အောင် ကြိုးစားရပါမည်. . . အားထုတ်မှုရှိမှသာ အောင်မြင်နိုင်ပါသည်. . .
ပျော်ရွှင်အောင်လည်း မိမိကိုယ်တိုင်ယောနိသော မနဿီကာယ သဘောထားရှိတတ်ရသည်. . . နေရသော မြို့ကိုမကြိုက်၊ နေရသော ရပ်ကွက်ကိုသဘောမကျ၊ နေရသော အိမ်ကို မနှစ်သက် နေရသော အခန်းကို မလိုချင် . . အလိုမကျမှုတွေဖြစ်ပေါ်နေခြင်းသည် . . မြို့၏ အပြစ်မဟုတ်. . . မိမိကိုယ်ကို ပြုပြင်ခြင်းဖြင့်သာလျှင် ဘ၀သည် သာယာပျော်ရွှင်နိုင်ပါသည်. . .
ဖြစ်ရာဘ၀၊ ကျရာနေရာ၊ ရောက်လာသည့် အခြေအနေမှာ အထိုက် အလျှောက် အဆင်ပြေအောင် ညှိယူနိုင်ပါမှ ပျော်ရွှင်မှုကို ရပါမည်.. . . ရောင့်ရဲကျေနပ်၍ ရပ်တည်နေရန်မဟုတ်သော်လည်း . . ငြိုင်ြငြူစူနေသဖြင့် စိတ်ဆင်းရဲနေရုံမှအပ အကျိုးမရှိလှပေ. . .

အောင်မြင်အောင်လည်း ကြိုးစားရမည်. . .
ပျော်ရွှင်အောင်လည်း နေတတ်ရပါမည်. . .

ချစ်နိုင်(စိတ်ပညာ) (လူငယ်များသို့)

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

9 comments:

  1. ကျနော်ကတော့ ရိုင်းရိုင်းပြောရရင် ချေးကျရာပျော်တတ်တဲ့ကောင်ဗျ။ အောင်မြင်မှရယ် မဟုတ်ဘူး၊ ကျရှုံးလဲ ခပ်ပြုံးပြုံး ပဲ ဟုတ်တယ်လေ ဘဝမှာ အနိုင်၊ အရှုံး ၂ခုပဲရှိတာ ဒီတော့ ဘာလာလာ အေးဆေးပဲ ကြိုသိနေမှတော့ ဘာမှ မခံစားရဘူး

    ReplyDelete
  2. မိမိကိုယ်ကို ပြုပြင်ခြင်းဖြင့်သာလျှင် ဘ၀သည် သာယာပျော်ရွှင်နိုင်ပါသည်.. မှတ်သားစရာ ကောင်းလှပါတယ်။ မျှဝေပေးတာ ကျေးဇူးပါ။ ကြုံဆုံလာသမျှ အပေါ် ပျော်ရွှင်အောင် နေတတ်ဖို့ အရေးကြီး သလို ကြိုးစားအားထုတ်ဖို့ လိုအပ်တာလဲ အမှန်ပါပဲ။ ရောင်ရဲနိုင်ကြပါစေ..။

    ReplyDelete
  3. ကိုတိုးလေးJune 10, 2009 at 3:22 PM

    လာရောက်ပြီးတော့ဖတ်မှတ်သွားပါတယ်ဗျာ။ ဘယ်သူမဆိုပေါ့နော် ကိုယ့်ရည်မုန်းချက်လေးတွေကို အောင်မြင်အောင်တော့အကောင်အထည်ဖော်နေကျတာပါပဲ။ မှတ်သားသွားပါတယ်ဗျာ အဆင်ပြေပျော်ရွှင်နိုင်ပါစေနော်။

    ReplyDelete
  4. အောင်မြင်မှုနဲ့ ပျော်ဂွှင်မှုနှစ်ခုလုံး
    ရအောင်ကြိုးစားမယ်...
    ကျေးဇူးပဲ...share ပေးတဲ့အတွက်....

    ReplyDelete
  5. မမရေ မှတ်သားလေ့လာ သွားပါတယ်။ လက်တွေ့ ကျင့်သုံးတတ်အောင် ကြိုးစားပါ့မယ်။

    ReplyDelete
  6. ဖတ်မှတ်သွားပါတယ်။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  7. ပျော်ရွှင်အောင်လည်း မိမိကိုယ်တိုင်ယောနိသော မနဿီကာယ သဘောထားရှိတတ်ရသည်. . . နေရသော မြို့ကိုမကြိုက်၊ နေရသော ရပ်ကွက်ကိုသဘောမကျ၊ နေရသော အိမ်ကို မနှစ်သက် နေရသော အခန်းကို မလိုချင် . . အလိုမကျမှုတွေဖြစ်ပေါ်နေခြင်းသည် . . မြို့၏ အပြစ်မဟုတ်. . . မိမိကိုယ်ကို ပြုပြင်ခြင်းဖြင့်သာလျှင် ဘ၀သည် သာယာပျော်ရွှင်နိုင်ပါသည်. . .

    ကိုယ်ရောက်နေတဲ့နေရာက အမိမြေနဲ့ဝေးကွာတဲ့နေရာ
    ဘာသာ ၊ ဓလေ့ဇရိုက်မတူ ၊ လူမျိုးမတူ ၊
    အမိမြေမှာ ၁၂ လ ရာသီပွဲတွေ နဲ့ ပျော်နေနိုင်ပေမယ့်
    ဒီမှာက သူတို့ ပွဲတော်တွေလေ
    သဟဇာတ မဖြစ်ဘူး။
    ပြန်လာမှ ပျော်ရွှင်နိုင်မှာပါ
    ဝေငှပေးတာကျေးဇူးပါ

    ReplyDelete
  8. ပျော်ရွှင်အောင်ကြိုးစားနေကြရတယ် ..

    ReplyDelete
  9. ကျွန်တော်ဖတ်ဖူးတဲ့ စာစုလေးတစ်ကြောင်းကတော့
    If you are liking what you get , you are getting what you like .
    တဲ့ .....အမြဲတော့ဟုတ်ချင်မှဟုတ်မှာနော်..
    ဗဟုသုတလေးတစ်ခုအတ္ဂက် ကျေးဇူး နော..
    ပျော်ပါစေ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။